မစ္စတာ ဂန်ဘာရီနှင့် ဂျပန်အစိုးရတို့ ပူးတွဲထုတ်ပြန်ကြေညာချက်အပေါ် အန်အယ်လ်ဒီ ဦးဥာဏ်ဝင်းနှင့် ဘီဘီစီ အင်တာဗျူး

၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်။


ဘီဘီစီ။ ။ တကယ်တော့ ဒီမြန်မာနိုင်ငံ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီကနေပြီးတော့ ဂျပန်အစိုးရနဲ့ ပူးတွဲတဲ့ ကြေညာချက် ထုတ်ပြန်တာဟာ ကုလသမဂ္ဂအနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံတဲ့သဘော သက်ရောက်နေတယ်လို့ အန်အယ်လ်ဒီက ယူဆထားပုံရပါတယ်။ ဒါကို အန်အယ်လ်ဒီက ကန့်ကွက်တဲ့သဘောမျိုးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီက တော့ ဒီလိုစကားလုံးမျိုးကို မသုံးပဲ စိုးရိမ်မိတယ်လို့ပဲ ဆိုပါတယ်။ အန်အယ်လ်ဒီပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ကြေညာချက်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။ မစ္စတာ ဂန်ဘာရီနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့၏ ပူးတွဲကြေညာချက် တွင် နိုင်ငံတကာက ချီးကျူးလောက်သည့် ပုံသဏ္ဍာန်ဖြစ်အောင် ၂၀၁၀ အထွေထွေရွေး ကောက်ပွဲ ကျင်းပရန် မြန်မာအာဏာပိုင်တို့ကို တိုက်တွန်းခြင်းအပေါ် သဘောတူညီကြ သည်ဟု ကြားသိရပါသည်။ ဤသည်မှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ တိုးတက်ရေးအ တွက် ဆန္ဒရှင် ပြည်သူများကိုသာ အမျိုးသားဒီမိုကရေစီအဖွဲ့၏ အလေးအနက် တင်ပြချက် များနှင့်လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံအသီးသီး၏ ဆုံးဖြတ်ချက်များဖြစ် သော ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလာဒ်ကို လေးစားလိုက်နာရင်းဆိုတဲ့ အချက်နဲ့လည်းကောင်း ညီညွတ်ခြင်း မရှိပါသဖြင့် အထူးစိုးရိမ်မိပါသည်လို့ ကျနော်တို့ အဲဒီလို ဖော်ပြပါတယ်။

ဘီဘီစီ။ ။ ဆိုတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်နဲ့ မစ္စတာ ဂန်ဘာရီတို့ကနေပြီး တော့ တရားမျှမျှတတရှိဖို့၊ အများလေးစားဖို့အတွက် ပြောတာကို လက်မခံဘူးဆိုတဲ့ သဘောပေါ့။

ဦးဥာဏ်ဝင်း။ ။ လက်မခံဘူးဆိုတဲ့ စကားလုံးတော့ ကျနော်တို့ ဒီလိုသဘောမပါဘူး။ ကျနော်တို့ပြောချင်တာက မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် အဖွဲ့ချုပ်ရဲ့ သဘော ထား တင်ပြချက်တွေနဲ့ မညီဘူး။ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံက ၉၀ ပြည့်ုနှစ် ရွေးကောက်ပွဲကို လေးစားလိုက်နာရေး ဆုံးဖြတ်ချက်နဲ့ မညီဘူးလို့ ကျနော်တို့ အဲဒီလို ဖော်ပြပါတယ်။

ဘီဘီစီ။ ။ ဂျပန်ကလည်း သူ့နိုင်ငံ သီးခြားအချုပ်အခြာနိုင်ငံတခုအနေနဲ့ သူ့ရဲ့ သဘောထားအမြင် ပြောတာပဲ မဟုတ်လားခင်ဗျ။

ဦးဥာဏ်ဝင်း။ ။ ကျနော်တို့ အဲဒီလိုပြောလို့ရှိရင် ဒီကြေညာချက်မထွက်ပါဘူး။ ကျနော်တို့ ကုလသမဂ္ဂရဲ့ Envoy နဲ့ ပူးတွဲထုတ်တဲ့အတွက် ကျနော်တို့ ထွက်တာပါ။

ဘီဘီစီ။ ။ ဦးဥာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

1 comments:

မသက်ဇင် said...

ဖတ်သွားပါတယ်---ယုန်ကလေး---

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates