သတင်း

ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးစောလယ်မူး ဗုံးပေါက်ကွဲသေဆုံး
NEJ/
၃၀ဇန်န၀ါရီ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ကာ နအဖစစ်အစိုးရနှင့် ပူးပေါင်း သွားသည့် ကေအန်ယူတပ်မဟာ () တပ် မဟာမှူးဟောင်း စောဌေးမောင်ဦးစီးသည့် ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်း ရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးစောလယ်မူးသည် ယမန်နေ့ညက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး သွားကြောင်း သိရသည်။

ဗိုလ်မှူးစောလယ်မူးသည် ဗိုလ်ဌေးမောင် ယခင်အခြေစိုက်နေထိုင်သွားသည့် တပ်မဟာ () ဒေသအတွင်းရှိ စခန်းတွင် အိပ်ပျော်နေစဉ် အိပ်ရာကုတင်အောက်မှ
ဗုံးတလုံးပေါက်ကွဲပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ကေအန်ယူတပ်မဟာ () မှ ဗိုလ်မှူး တဦးကပြောသည်။ ဗိုလ်မှူးစောလယ်မူး၏ အလောင်းကို ယနေ့နံနက်တွင် အဆိုပါနေရာမှ ငြိမ်းချမ်းရေးကောင်စီ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွသို့ သယ်ယူသွား ကြောင်း မြ၀တီဒေသခံတဦးက ပြောသည်။
ဗိုလ်မှူးစောလယ်မူးသည် ယခင်တပ်မဟာ () မှူးဟောင်း ဗိုလ်ဌေးမောင် နအဖထံ သွားရောက် ပူးပေါင်းနိုင်ရေးအတွက် အဓိကဦးဆောင်ခဲ့သူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ၎င်းသည် ဗိုလ်ဌေးမောင်နှင့် သမက်တော်စပ်သူလည်း ဖြစ်သည်။


၎င်းသည် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယနိုင်ငံ၌ ကျောင်းသွားတက်စဉ် ဗိုလ်ဌေးမောင်၏ သမီးနှင့် တွေ့ဆုံခဲ့ပြီး ၁၉၉၁ ခု ၀န်းကျင်ခန့်တွင် ယခင်တပ်မဟာ () ဌာနချုပ်တွင် လက်ထပ်ခဲ့ပြီး ကေအန်ယူသို့ စတင်ရောက်ရှိလာသူ ဖြစ်သည်။ ယခင်တပ်မဟာ () မှူးဟောင်း စောဌေးမောင်နှင့်အဖွဲ့သည် ယမန်နှစ် ဖေဖော်ဝါရီလဆန်းတွင် ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates