သတင်း

အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားကြဖို့ ဒေါ်အောင်ဆန်းစု ကြည်က သတိပေး


30 January 2008

ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာ တခုမှာ ဒီနေ့လည်ပိုင်းက တွေ့ဆုံ ဆွေးနွေးမှုတွေအတွင်း မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးတွေ တိုးတက်မှု မရှိတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖက်က အားရကျေနပ်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို ပြည်သူလူထုအနေနဲ့လည်း အဆိုးဆုံး အခြေအနေတွေအတွက် ပြင်ဆင်ထားဖို့ သတိပေးစကား ပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင် တွေ အကြား တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ကိုအောင်လွင်ဦး က ဆက်သွယ် မေးမြန်းထားပါတယ်။

အန်ကယ်တို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်တဲ့ကိစ္စ ဘာတွေများ ဆွေးနွေးခဲ့ဖြစ် လဲလို့၊

အဓိကပြောရရင် ဒီ Processနဲ့ ပတ်သက်ပြီးတော့ dialogue processနဲ့ ပတ်သက်ပြီးတော့ ရှေ့ပိုင်းမှာ ဆွေးနွေးခဲ့တဲ့ အချက်တွေက ဒေါ်အောင်ဆန်းစုကြည်က အရင် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့ CEC အဖွဲ့ရဲ့သဘောထား ဆွေးနွေးချက် တွေကို တောင်းပါတယ် အဲဒီမှာ ဆွေးနွေးကြပါတယ်၊ ၊ နောက်တချက်က နောင် ဆွေးနွေးမယ့် အချက်တွေကိုလည်း ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်နဲ့ တင်ပြပြီးတော့ အဲဒီဟာကို ဆွေးနွေးကြပါတယ်၊ သဘောတူညီချက်ယူပါတယ်၊

အဲဒါက ဘာအကြောင်းအရာလို့ အန်ကယ်တို့ ပြောလို့ရမလား၊

ပထမဆုံးပြောနိုင်တဲ့အချက်ကတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြေငြာချက် ၁- ၂၀၀၈ ခုနှစ်မှာပါတဲ့ ကိစ္စတွေ လေးချက်၊ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဖေါ်ပြပေးရမယ်ဆိုတဲ့ လေးချက်နဲ့ ပတ်သက်ပြီးတော့ မတုန့်ပြန်သေးဘူးဆိုတာမဟုတ်ဘူး၊ သူ တုန့်ပြန်ပြီးပြီဆိုတာ ရှင်းပြတယ်၊ ဒါနဲ့ပတ်သက်လိုကလည်း သတင်းစာရှင်းလင်းပွဲမှာ မတုန့်ပြန်သေးဘူးလို့ ပြောတာကို သူ ကန့်ကွက် ပြောဆိုထားတယ်ဆိုတာကို ပြောပြပါ တယ်၊

ဒီနေ့ ဆွေးနွေးဖြစ်တော့ အန်ကယ်တို့ ဘယ်သူတွေ ပါကြပါလဲခင်ဗျ။

ကျနော်တို့ လက်ရှိ အပြင်မှာရှိတဲ့ CEC ()ယောက်နဲ့ ကျနော်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ အဲလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်() ယောက်ပေါ့၊ အန်ကယ် ဦးတင်ဦး တယောက် မရောက်ပါဘူး၊ ဒါနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်ဦးတင်ဦးကိုပါ ပါဝင်ဖို့ ပြောဆိုထား တယ်၊ ဘာကြောင့်မရောက်လဲဆိုတာကိုတော့ သူ့အနေနဲ့ မသိဘူးလို့ ပြောပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးအကြိမ် မစ္စတာ ဂမ်ဘာရီနဲ့ တွေ့ခဲတဲ့ အချိန်တုန်းက သူပြောဖူးခဲ့တာ ရှိပါတယ်၊ ဒီလို အကြိုဆွေးနွေးပွဲတွေကနေပြီးတော့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေ သူ အမြန်ဆုံးရောက်အောင် လုပ်ဖို့ဆိုပြီး ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းတယ်ဆိုတော့ အခု ဒီနေ့ဆွေးနွေးဖြစ်တော့ ဒေါ်အောင်ဆန်း စုကြည်က အဲလိုအခြေအနေတွေဖြစ်ဖို့ နီးစပ်လာပြီလို့ ယူဆသလား၊ အန်ကယ်တို့ အနေနဲ့၊

အဲဒီလို နီးစပ်လာမျိုးဆိုတဲ့အမြင်မျိုး၊ အခြေနေရှိတယ်ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည် မပြောပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ပြောတာကတော့ ဒီလို dialogue process အသစ်မရောက်ခင် အကြိုကတော့ beginning of the beginning မှာ အချိန်တွေကြာတယ်၊ ဒါကြောင့် တကယ့် policy maker တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမြန်ဆုံး လိုအပ်တဲ့ အကြောင်း တင်ပြထားတယ် ဆိုတာကို ပြောပါတယ်၊

နောက်တခုကပေါ့နော် မစ္စတာ ဂမ်ဘာရီ၊ အီးယူ ဥရောပသမဂ္ဂကိုယ်စားလှယ် ကလည်းပေါ့နော် ဒီမြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး အာရှနိုင်ငံတွေမှာ အခုဆိုရောက် နေတယ်၊ နောက်ပြီး မြန်မာ့အရေးမှာ ဒီထက်ပိုပြီး လုပ်ဖို့ဆိုပြီး အိမ်နီးချင်းနိုင်ငံ တွေပေါ့နော် လိုက်ပြီး တိုက်တွန်း တောင်းဆိုနေတယ်၊ အဲလိုအခြေအနေမျိုးမှာပေါ့နော် အန်ကယ်တို့နဲ့ တွေ့ဆုံခွင့်ရတာ၊ နောက် မြန်မာ စစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခွင့်ရတာတွေကပေါ့နော် ဖိအားပေးနေတဲ့ အရှိန်အဟုန် နည်းနည်းလျှော့သွားအောင်ဆိုပြီးတော့ လုပ်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေတယ်၊ အန်ကယ်တို့အမြင်ကော ဘယ်လိုရှိသလဲခင်ဗျ၊

ကျနော့်အမြင်တော့ အဲဒီလို သုံးသပ်တာမျိုး မလုပ်ချင်ပါဘူး၊ ကျနော်တို့ ပြောနိုင်တာကတော့ CEC အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဖို့ ကိစ္စဆိုတာမျိုးက အမြဲတမ်းကို လိုအပ်တယ်၊ မရှိမဖြစ်ကို လိုအပ်တယ်၊ အဖွဲ့အစည်းတခုအနေနဲ့ လိုအပ် ချက်ပဲ၊ ဒါဟာ အထူးဆောင်ရွက်ပေးတယ်လို့ အခြေနေမျိုးဆိုတဲ့ အခြေအနေ မျိုးလို့ ကျနော် မပြောချင်ဘူး၊ ဒါက အမြဲတမ်း ဖြစ်နေရမယ့်ကိစ္စမျိုး၊ အဲဒီတော့ မစ္စတာ ဂမ်ဘာရီ ကိစ္စနဲ့ပတ်သက်ရင်လည်း ဒါဟာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ဖို့ ဖြစ်နေတာ၊ ဒါတွေကလည်း ဖြစ်ရမယ့်ကိစ္စတွေပဲလို့ အန်ကယ်တို့ ဒီလိုပဲ ပြောချင်တယ်၊ အချိန် အခုနကလို တိုက်ဆိုင်ပြီး လုပ်သလား၊ မလုပ်သလားဆိုတာ ကာယကံရှင်တွေပဲ အတွက်ပဲထားလိုက်ပါ၊

နောက်တခုက ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကောဘယ်လိုရှိတယ်လို့အန်ကယ်တို့မြင်လဲခင်ဗျ၊

ကျနော်တို့ အမြင်တော့ ကျန်းမာရေး အခြေအနေကောင်းပါတယ်၊ စိတ်ဓါတ်လည်း ကောင်းပါတယ်၊ ခန္ဒာကိုယ်လည်းကောင်းပါတယ်၊

အပြင်မှာ ကောလဟာလတွေ ထွက်နေတာပေါ့နော်၊ ဒီဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူး ဆိုတာမျိုးတွေ၊ ဟိုတလောက အဆိပ်ခပ်ခံရတယ်ဆိုတဲ့ကောလဟာလတွေထွက်နေတဲ့ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ အန်ကယ်တို့ကို ပြောတာဆိုတာ ရှိပါလားခင်ဗျ။

သူပြောလိုက်ပါတယ်။ အဲဒီသတင်းတွေကို သူရေဒီယိုကကြားရတယ်၊ တကယ်သာ အဲဒီလို ဖြစ်လို့ရှိရင် အန်ကယ်တို့နဲ့ကျမဒီလို ဘယ်တွေ့နိုင်ပါ့မလဲတဲ့၊ ဒါပဲပြောလိုက်ပါတယ်၊

ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ အန်ကယ်ဥိးဥာဏ်ဝင်းခင်ဗျာ။ အခုလိုရှင်းပြတာ။

ဒါကတော့ ဒီနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ထိပ်တန်း ခေါင်းဆောင်တွေ အကြား တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ NLD ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပြခဲ့တာပါ။ အခုလိုတွေ့ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်တာကြောင့် နိုင်ငံတကာက ဖိအားတွေ ဖြစ်လာခဲ့ပြီးတဲ့ နောက်တော့ မြန်မာအစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ NLD တို့နဲ့ တွေ့ဆုံနိုင်ဖို့ ဆက်ဆံရေးဝန်ကြီး တဦးကို ခန့်ထားခဲ့တာပါ။ ဒါပေမယ့်လည်း နှစ်ဘက်ကြားဆက်ဆံရေးတွေဟာ ကြိုကြား၊ ကြိုကြားပဲရှိနေတာမို့ အားမလိုအားမရဖြစ်နေကြပါတယ်။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates