စစ်ပြေးဒုက္ခသည်တွေရဲ့ ကျန်းမာရေးကုသမှုလိုအပ်

ယုန်ကလေး၊ ၂၀၊၀၆၊၂၀၁၁








ကချင်ပြည်နယ်မှာ မြန်မာ အစိုးရတပ်နဲ့ KIA တို့အကြား တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ ကျန်းမာရေး အခက်အခဲ ကြုံနေကြရပါတယ်။

ဒုက္ခသည်တွေရဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေဟာ လိုအပ်နေဆဲဖြစ်ပြီး အခုလက်ရှိ KIO လိုင်ဇာဌာနချုပ် ဒုက္ခသည်စခန်း ၆ ခုက ဒုက္ခသည်တွေရဲ့ အစားအစာ၊ အသုံးအဆောင်တွေကို KIO ကထောက်ပံပေးနေတာ ဖြစ်ပါတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ထောင်သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မြစ်ကြီးနား ၀ိုင်းမော်ဘက်မှာရှိတဲ့ မြို့တွေနဲ့ တရုတ် မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

မြန်မာအစိုးရတပ်နဲ့ KIA တို့ ငြိမ်းချမ်းရေးယူပြီး ၁၇ နှစ် အကြာ၊ ဇွန်လ (၁၉) ရက်နေ့ကစပြီး နှစ်ဘက် တိုက်ခိုက်မှုတွေ ပြန်လည် ပေါ်ပေါက်လာခဲ့တာပါ...။

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates