
ယုန်ကလေး၊ ၁၆၊၀၆၊၂၀၁၁
မြန်မာအမျိုးသား အလုပ်သမား၊ လယ်သမား သမဂ္ဂပေါ်ပေါက်ရေး ကြိုးပမ်းသူများ (MNTU)က လွတ်လပ်တဲ့ အလုပ်သမား၊ လယ်သမားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိတ်ထံ အိတ်ဖွင့်ပေစားပေးပို့ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို အခုလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတာပါ၊
အရပ်သားအစိုးရသစ်လက်ထပ်မှာ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန် အနေနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းလည်း MNTUက ဆိုပါတယ်။
အလုပ်သမား အခွင့်အရေး ဖိနှိပ်မှုတွေ၊ စီးပွားရေး လွတ်လပ်ခွင့်တွေ မရှိတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (ITUC) ရဲ့ နှစ်စဉ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာနိုင်ငံက စက်ရုံတချို့မှာ အလုပ်သမားတွေ လုပ်ခလစာတိုးရရေးနဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ဖို့ တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ခွင့် ရဖို့၊ မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အခွင့်အရေးနဲ့ အလုပ်လုပ်ကိုင်ခွင့် ရဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့ဒီကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးကို အခုလ (၁၃) ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။
0 comments:
Post a Comment