
ယုန်ကလေး။ ၁၇၊၀၆၊၂၀၁၁
ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲတခုကို အခုလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို ဒေါ်အေးမြင့်သန်း၊ မုံရွာ အောင်ရှင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်သမားအဖွဲ့က ဦးကျော်မြင့်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသန်းလွင်အပါအ၀င် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။
အဲ့ဒီနောက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့ မိသားစုတွေက အကျဉ်းသားတွေနဲ့ပါတ်သက်ပြီး အမှတတရ စကား ပြောကြားခဲ့ပါတယ်။
တဆက်ထဲမှာပဲ ကဗျာရွတ်ဆိုတာ၊ ဖယောင်းတိုင် ၈၈ တိုင် ထွန်းညှိတာနဲ့ ၊ မိုးပျံပူပေါင်း ၈၈ လုံး၊ ငှက် ၈၈ ကောင်ကိုလည်း လွှတ်တင် ဆုတောင်းခဲ့ကြပါတယ်၊
အလားတူ အဲဒါနေ့မှာပဲ မထ္ထီလာမြို့နယ်၊ ၇ခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်က နေရာအတော်များများမှာလည်း အခုလို နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲတွေကို လုပ်ခဲ့ကြတယ်လို့ သိရပါတယ်၊
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀၀ ကျော် ရှိနေသေးတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B စာရင်းအရ သိရပါတယ်။
0 comments:
Post a Comment