
၂၀၁၁ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့  အထိမ်းအမှတ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ အမျိုးသားသွေးဌာရဲ့ အစည်းအဝေး ခန်းမမှာ အခုလ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို ပြည်တွင်က သွေးသွင်းကုသမှုလုပ်ငန်း၊ သွေးလှူရှင် စုဆောင်းမှုလုပ်ငန်း၊ သွေးလှူဘဏ် လုပ်ငန်းတွေနဲ့ သွေးကူညီပေးရေးအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြ ပါတယ်။
အဲ့ဒီနောက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ဦးနေ၀င်းနဲ့ တာဝန်ရှိသူတွေက သွေးနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတ အကြောင်းအရာတွေကို ပညာပေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
A,B,O,AB ဆိုတဲ့ သွေးအုပ်စုတွေကို တွေ့ရှိ ခဲ့တဲ့ သြစတေးလျ နိုင်ငံသား Karl Landsteiner (ကရယ် လန်းစတိန်းနား) ကို ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရဲ့ မွေးနေ့ကို သွေးလှူ ရှင်နေ့ အဖြစ် ၁၈၆၈ ခုနှစ်က စပြီး သတ်မှတ်ခဲ့တာပါ၊
WHO ရဲ့ ၅၈ ကြိမ် မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပထမဆုံး သွေးလှူရှင် နေ့ကိုတော့ ၂၀၀၄ ခုနှစ်က တောင်အာဖရိက နိုင်ငံမှာ စတင်ကျင်းပခဲ့ပါတာ ဖြစ်ပါတယ်။
0 comments:
Post a Comment