skip to main |
skip to sidebar
သမုဒ္ဒရာ ၀မ်းတစ်ထွာဆိုတဲ့ စကားအတိုင်း လူတွေဟာ နေ့စဉ်ဝမ်းတစ်ထွာ ပြည့်ဖို့အတွက် ဖြတ်သန်းရုန်းကန် နေကြတဲ့သူတွေဖြစ်ကြတယ်။ အဲဒီလို ဖြတ်သန်း ရုန်းကန်နေကြတဲ့ သူတွေထဲမှာ လူအားလုံး ပါဝင်ကြပေမယ့် ဖြတ်သန်းရုန်းကန်ရတဲ့ အနေအထားကတော့ တစ်ဦးနဲ့တစ်ဦး ပုံစံအနေအထားချင်း မတူညီနိုင်ကြပါဘူး။
နေ့စဉ် ၀မ်းတစ်ထွာအတွက် လူငယ်တွေလည်း ရုန်းကန်နေကြသလို လူကြီးတွေလည်း တစ်မျိုးတစ်ဖုံနဲ့ ကြိုးစားရုန်းကန်နေကြရတယ်။ အဲဒီထဲမှာမှ သက်ကြီးရွယ်အိုတွေလည်း အသက်အရွယ်ကြီးရင့်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ရဲ့နေ့စဉ် ၀မ်းတစ်ထွာပြည့်ဖို့အတွက် နည်းမျိုးစုံနဲ့ တက်စွမ်းနိုင်သလောက် ကြိုးစားရုန်းကန် နေရပုံတွေကို သက်ကြီးရွယ်အိုတွေနဲ့ စကားပြောကြည့် မိတဲ့အခါ . . .
ဦးခင် (အသက် ၈၂ နှစ်)
အဘတို့က အခုအချိန်ထိ နေ့စဉ် စားဝတ်နေရေးအတွက် လင်မယားနှစ်ယောက်စလုံး မုန့်ရောင်းစား နေကြရတုန်းပါပဲ။ အဘတို့ လင်မယား နှစ်ယောက်စလုံး ကျန်းမာရေး ကောင်းနေတာကိုပဲ ၀မ်းသာလှပြီ။ အဘအမျိုးသမီးက ဈေးထဲမှာကိတ်မုန့်ရောင်းတယ်။ အဘကတော့ စက်ဘီးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် မုန့်လိုက်ရောင်းတယ်။
မုန့်တစ်ခုကို အရင်းချည်းပဲကျပ် ၄၀ ယူရ တယ်။ အဘတို့က မုန့်တစ်ခုရောင်းမှ ကျပ် ၁၀ ပဲ မြတ်တာ။ အခုရက် ပိုင်းမှာတော့ အဘတို့ မုန့်ရောင်းမထွက်နိုင်ဘူး။ သင်္ကြန်တွင်းမှာ ပိတ်ရက်တွေများတော့ ဈေးမရောင်းရဘူးလေ။ ရှိတဲ့ပိုက်ဆံ အရင်းလေးနဲ့ ပဲ ထိုင်စားနေရတာ။ အခုဈေးပြန် ရောင်းဖို့ အရင်းအနှီးကမရှိဘူး ဖြစ်နေတယ်။ ပိုက်ဆံချေးပြီးတော့ပဲ ဈေးပြန်ရောင်းရမှာပဲ။ အဘတို့ ဒီ အလုပ်မလုပ်ဘဲနဲ့လည်း ထိုင်စားလို့ရတဲ့ အခြေအနေမျိုး မဟုတ်ဘူးလေ။
အခုအဘတို့နေတဲ့ အိမ်ကလည်း သူများက ခဏနေခိုင်းလို့ နေနေရတာ။ အခုအဘတို့ အင်္ဂါနေ့ရောက်တိုင်း Global Vision ကစောင့်ရှောက်ပေး တဲ့နေရာကို လာတယ်။ အဲဒီကိုသွားရတာ စိတ်ချမ်းသာတယ်။ သက်ကြီးရွယ်အို အချင်းချင်းတွေ့ပြီး စကားတွေ ပြောကြတယ်လေ။ သူ တို့ကအဘတို့ကို ထမင်းတစ်နပ်ကျွေးတယ်။ အဘတို့ အဲဒီနေ့ဆိုရင်တော့ မနက်စာအတွက် အဆင်ပြေပေမယ့် ညနေရောက်ရင်တော့ ညနေစာစားဖို့အတွက် စိတ်ပူရပြန်ရော။ ဘယ် တတ်နိုင်မလဲ၊ အခြေအနေက ဒီလိုပဲ ဖြစ်လာတာကို။ တစ်ခါတလေ စားဖို့ အတွက်ဘာမှမရှိရင် အဘအမျိုးသမီးက စိတ်အားငယ်တယ်။
အဲဒီလိုအချိန်မျိုးမှာ အဘက သူ့ကိုပြန်ပြီး အားပေးနေရပေမယ့် အဘကိုယ်တိုင်လည်း ဗိုက်ထဲကဆာလှပြီ။ နောက်ပြီးတော့ အဘတို့အသက်အရွယ်ကြီး လာတော့ ကော်ဖီလေး၊ မုန့်ပဲသရေ စာလေးစားချင်တဲ့စိတ်ကရှိတာပေါ့။ ထမင်းတစ်နပ်စားဖို့တောင် အဘတို့ ရုန်းကန်နေရတာ။ စားချင်တဲ့စိတ်ကိုပဲ မျိုသိပ်ထားရတာပေါ့။ အခုအချိန်မှာ ဘုရားတရားကိုပဲ ယုံကြည် အားကိုးတယ်။ အဲဒီအတွက်ကြောင့်တော့ ငတ်ပြီးတော့ မသေနိုင်ဘူး ထင်တယ်လေ။
ဦးလှရွှေ (အသက် ၇၃ နှစ်)
အဘက တစ်ယောက်တည်းနေရတယ်။ မွေးထားတဲ့သား၊ သမီး တွေက သူအိမ်နဲ့သူနေကြတယ်။ အဘရဲ့စားဝတ်နေရေး အတွက် အဘ ခြံထဲမှာ ၀က်မွေးထားတယ်။ မွေးထားတဲ့ဝက်မကြီးကနေ ၀က်ပေါက် လေးတွေမွေးရင် ၀က်မ၀ယ်နိုင်တဲ့သူ တွေကို အလကားပေးပါတယ်။ အဲဒီလို ပေးတဲ့နေရာမှာ အဘက မိဘမဲ့ ကလေးကျောင်းတို့၊ မုဆိုးမတို့၊ အဘလို စားဝတ်နေရေး အဆင်မပြေတဲ့သူတွေကိုပဲ ပေးတယ်။ အဲဒီလို ပေးလိုက်တဲ့အခါမှာလည်း အဘပေးလိုက်တဲ့ ၀က်တွေက ကလေးပြန်မွေးရင် အဘကို နှစ်ကောင်ပြန်ပေးရမယ်။
သူတို့ပြန်ပေးတဲ့နှစ်ကောင်ကို ပြန်ပြီး မတတ်နိုင်တဲ့သူတွေကို အခမဲ့ပြန်ပေး တယ်။ အဘ၀က်မွေးတာကို ရပ်ကွက်ထဲက ကလေးတွေက ၀ိုင်းပြီး ကူညီ ပေးကြတယ်။ အဘရဲ့အိမ်မှာ မီးအတွက် ပိုက်ဆံမရှိတာကြောင့် လျှပ်စစ်မီးမသွယ်နိုင်ဘူး။ အခုတစ်ခေါက် ၀က်ပေါက်တွေ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ လေးသောင်းတန် ဆိုလာမီးနဲ့ ထွန်းနေရတယ်။ အဘလည်း အင်္ဂါနေ့တိုင်းတော့ အဘတို့ဆုံနေကျ သက်ကြီးရွယ်အို စောင့်ရှောက်ပေးတဲ့နေရာကတော့ အပတ်တိုင်းမပြတ်အောင် ကြိုးစားပြီးသွားတယ်။
အဲဒီမှာသက်ကြီးသူတွေ အချင်းချင်းစကားတွေ ပြောကြ၊ ဂိမ်းကစားနည်းလေးတွေ ကို စေတနာ့ဝန်ထမ်းလေးတွေ အကူအညီနဲ့ကစားကြ၊ စာဖတ်တာတို့၊ ရုပ်ရှင်ကြည့်ကြတာတို့ လုပ် ကြတယ်။ အဲဒီလိုလေးနေရတဲ့ တစ်နေ့တာအတွက်တော့ စိတ်အပန်းဖြေမှုလေးရပြီး စိတ်ချမ်းသာပါတယ်။
ဒေါ်ခင်စိန် (အသက် ၇၅ နှစ်)
အဖွားမျက်စိက နှစ်ဖက်စလုံး မမြင်ပါဘူး။ ဂျပန်ခေတ်တုန်း က မိဘတွေက ပုခက်ထဲ ထည့်ထားတော့ ငိုရင်းငိုရင်းနဲ့ တိမ်ကွယ်သွားလို့ မျက်စိမမြင်တော့ပါဘူး။ အဖွား က အိမ်ထောင်မရှိပါဘူး။ အဲဒီအတွက် သားသမီးမရှိတော့ တူမနဲ့အတူတူနေပါတယ်။ အဲဒီတူမကပဲ အဖွားကို ပြုစုစောင့်ရှောက် ထားပါတယ်။ အဖွားက မျက်စိမကောင်းပေမယ့် အိမ်အလုပ်တွေ အားလုံးကို လုပ်ပေးပါတယ်။
ကိုယ့်ကိစ္စတွေ ကိုလည်း ကိုယ့်ဟာကိုယ် လုပ်ရတယ်။ အဖွားက စားဖို့သောက်ဖို့ အတွက် စီးပွားမရှာရပေမယ့် အိမ်အလုပ်တွေ အကုန်လုံးကို လုပ်ပေးပါတယ်။ အဖွားလည်း အင်္ဂါနေ့ တိုင်း သက်ကြီးရွယ်အိုတွေ ဆုံကြတဲ့နေရာလေးကို အမြဲတမ်းလာပါ တယ်။ အဲဒီကိုသွားရင် အဖွားက မျက်စိမမြင်တဲ့အတွက် မြေးလေး က အကြိုအပို့ လုပ်ပေးပါတယ်။
Source: Weekly Eleven
မတရားတာကို လက်မခံဘဲ မမှန်တာကို မကြောက်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ....
မွေးမိခင်နဲ့ ကျွေး မိဘတို့ရဲ့ ပဲ့တင်သံ
Posted by
ယုန်ကလေး
on Thursday, 19 May 2011
Labels:
အင်တာဗျူး

ရေးပြီးသားစာများ
-
▼
2011
(164)
-
▼
May
(15)
- ချင်းမိုင်မြို့ တနင်္ဂနွေ ညဈေး
- နယ်လှည့်ကျောပိုးအိတ် အဖွဲ့သားများ အဖမ်းခံရ
- ထိုင်းအာဏာပိုင်းများက ဒုက္ခသည်ဦးရေကို စီစစ်မည်
- အကျဉ်းကျ သံဃာတွေအရေး ဆောင်ရွက်သူ ပြည်သူ့ဂုဏ်ရည်ဆုရ
- ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ...
- လူသောမြို့ရွာသား ၉၀၀၀ နီးပါး စားနပ်ရိက္ခာပြတ်လပ်
- ငြိမ်းချမ်းရေးအတွက် ဖလုံ-စဝေါ်ပါတီ ကြိုးပမ်း
- ဂတ်(စ်) ပိုက်လိုင်းအတွက် ယာယီငုတ်တိုင်မှား စိုက်ထူနေ
- မွေးမိခင်နဲ့ ကျွေး မိဘတို့ရဲ့ ပဲ့တင်သံ
- NLD နဲ့ ပြင်ပ ချိတ်ဆက်တဲ့ ဓါတ်ပုံပြပွဲ
- ချင်းမိုင်မြို့က အလှစာမျက်နှာ
- တစ်ခုတည်းသော ရှမ်းပြည်တပ်မတော် “ညီညွတ်ရေး ပြယုဂ်”
- NLD နဲ့ ပြင်ပ ချိတ်ဆက်တဲ့ ဓါတ်ပုံပြပွဲ တစ်ရက်တိုး
- ဗွီဒီယိုသတင်းထောက်များ လွတ်မြောက်ရေး ဆောင်ရွက်ပေးနေ
- တတိယအကြိမ်မြောက် ပဒို့မန်းရှာ လူငယ်ခေါင်းဆောင်ဆု
-
▼
May
(15)
အချိန်ကြည့်ရန်
စိတ်ကြိုက်ဖတ်စရာများ
- ကရင်သတင်း (1)
- ၀တ္တုတို (6)
- GW news (12)
- my slfe (3)
- Video (28)
- ကဗျာ (44)
- ကရင်သတင်း (47)
- ကာတွန်း (4)
- ခရီးသွားမှတ်တမ်း (3)
- စတိတ်မတ် (3)
- စပ်မိစပ်ရာ (28)
- ဓာတ်ပုံ (28)
- ဘာသာပြန်ဝတ္ထုတို (1)
- မူခင်းသတင်း (1)
- ပြည်တွင်းသတင်း (37)
- ရသခံစားမှုများ (2)
- သတင်း (62)
- သီချင်း (4)
- သုတ (20)
- ဟာသ (8)
- အင်တာဗျူး (3)
- အီဒီယံအသုံးအနှုန်းများ (7)
- ဆောင်းပါး (11)
- မြေသြဇာသတင်း (3)
- နိုင်ငံတကာသတင်း (13)
ဖတ်စရာလင့်များ
အားပေးနေတယ်
ကရင်စာမျက်နှာ
သူငယ်ချင်းများ
Watch Movies
သတင်းဌာနများ
ပညာရေးလင့်များ
သီချင်းနားဆင်ရန်
နေ့ရက်တွေကို ကြည့်ရန်
Yonekalay. Powered by Blogger.
သူငယ်ချင်းများ
- Hongsar
- Sangpi
- Newlife
- ks
- သက်တန့်ချို
- မမ LET IT BE
- မသဒ္ဒါလှိုင်း
- ဇောင်း
- ကြယ်စင်လေး
- ရှင်ရဲထွတ်
- ပြည်စုံ
- ကဗျာရပ်ဝန်း
- ကိုရန်အောင်
- မသက်ဇင်
- ကေဇီလင်း
- မေအိခင်
- ငယ်ဆူးအိမ်
- အညာသား
- အချစ်မဲ့ဂီတာ
- ကိုဝင်းဇော်
- ခင်ဦးမေ
- အိမ်
- SAW
- ကိုရင်နော်ခင်လေးငယ်
- တည်ငြိမ်ကို
- ပန်းခရေ
- မယ်လိုဒီမောင်
- ကေသွယ်
- နိုင်းနိုင်းစနေ
- ၀ါဝါခိုင်မင်း
- ကလိုစေးထူး
- မိုးချိုသင်း
- နှင်းခါးမိုး
- မသဒ္ဒါ
- ဖိုးတရုတ်
- လင်းလတ်ကြယ်စင်
- နစ်နေမန်း
- မာန်လှိုင်းငယ်
- မေငြိမ်း
- မိုးသီးဇွန်
- ဒေါင်းမာန်ဟုန်
- ဒေါက်တာ လွဏ်းဆွေ
- ဆောင်းယွန်းလ
- ကောင်းကင်ကို
- အမ ခင်မင်းဇော်
- ကိုထိုက်
- ဆုံဆည်းရာ
- ဂျစ်တူး
- ပန်ဒိုရာ
0 comments:
Post a Comment