တမ်းတခြင်း
လရောင်တွေပုန်း လျိုးပျောက်ကွယ်နေတဲ့
ညလေးတွေမှာပေါ့ အမေအိုဟာ
ရင်ကွဲတေးတပုဒ်ကို အကြိမ်ကြိမ်ညှင်းဆိုရင်း
ပြက္ခဒိန်တွင် တခုပြီးတခု ကြွေကျတဲ့ အထိပေါ့။
` ဘယ်မှာလဲ သမီးလေးရယ်
အမေ့ဆီ ပြန်လာပါတော့လားကွယ်´
ဒီလိုနဲ့....
အမျှော်တော် တသီတစ်တန်းကြီးကို ဖြန့်ကျဲရင်း
မိုးဖွဲလေးတွေ သက်ဆင်းလိုက်
နေရောင်ခြည်လေးတွေ ဖြာဆင်းလိုက်နဲ့ပေါ့။
ဒါပေမဲ့....
အမေအိုဟာ အိမ်တံခါးပေါက်မှာ
သမီးလေးရဲ့ အိမ်အပြန်လမ်းကို
ထိုင်စောင့်ရင်း.....
အိမ်ရှေ့တံခါး မပိတ်ခဲ့တာလည်းကြာပါပြီး၊
ယုန်ကလေး
4 comments:
ဟီး... ကျွန်တော်တော့ အဲဒီဒဏ် မခံနီုင်လို့
အမေ့ကို ကျွန်တော့်နား ခေါ်ထားလိုက်တယ်
ဟီး.....ဟီး
အမေ့ကိုလွမ်းလိုက်တာ
စီဘောက်မရလို့ ဒီမှာလာအော်သွားတယ်။ လာလည်ပါတယ်နော်..........လို့ :)
သနားပါတယ်နော်.. သူ့ခမျာ စောင့်နေရတာ.. သူ့သမီးက ဘယ်သွားလို့လဲပာင်... ကောင်မလေးတောင် မေ့ကိုသတိရလာပြီ.. လွမ်းတော့လွမ်းဝူး..
Post a Comment