ကြယ်စင်စု
သီတင်းကျွတ်လမှာ
ကောင်းကင်ယံက
ကြယ်စင်နှင့်လမင်းလေးကို
ငါ…ငေးကြည့်မိရင်း…..
ငြိမ်းချမ်းမှုဘယ်မှာလဲ …တွေးနေမိတယ်။
လှပစွာ ….
ရှင်သန်နေတဲ့ တောအုပ်
ကျောက်ဆစ် ကျောက်ခဲဖြင့်
ဖွဲ့စည်းထားတဲ့ လှိုင်ဂူ
အစဉ်မပြတ် …
စီးဆင်းနေတဲ့ ရေတံခွန်
အဲ့ဒါတွေကို
ငါ…မြင်ချင်မိတယ်။
ချိုသာဖွယ်ကောင်းတဲ…ဂီတသံစဉ်တွေ
မင်္ဂလာရှိတဲ့ ……စကားတွေ
ပျားရည်ပမာ..ချိုသာတဲ့ အပြောတွေ
အဲ့ဒါတွေကို
ငါ…ကြားချင်မိတယ်။
ငါ..မျက်လုံးထဲမှာ…
သေနတ်ဒဏ်ရာတွေနဲ့
ဒုက္ခိတဖြစ်သူများစွာ…
စစ်ဘေးဒဏ်ကြောင့်
ဆာလောင်ငတ်မွတ်သူတွေ
မိမဲ့ဘမဲ့.. လူများကိုသာ
ငါ… မြင်နေရတယ်။
ထိုနည်းတူပင်..
စားဝတ်နေရေးကြောင့်.. ညည်းသံတွေ
မူးယစ်ပြီး …ဆဲဆိုသံတွေ
နားထဲမှာ ..သံရည်ပူလောင်းထည့်သလိုမျိုး
အဲ့ဒီအသံကိုသာ
ငါ..ကြားနေရတယ်။
ငါ့မျက်လုံးရှေ့မှာ…
မြင်နေရတဲ့… ကြယ်စင်စုလေးတွေ
ဒီကမ္ဘာလောကသားတွေကို
ငါ…စုစည်းညီညွှတ်စေချင်တယ်။
1 comments:
I feel the same too
Post a Comment