လသာသောညများတွင် ခံစားချက်များ
ကျမသည် လသာသောညလေးများကို အလွန်ကြိုက်နှစ်သက်သူ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျမသည် လမင်းလေး၏ အေးမြသောအလင်းရောင်ကိုကြည့်ပြီး မိသားစုကို သတိရသည့် ခံစားချက်က အခြားမဟုတ်ပေ။ ယခု လသာသောညများတွင် ကျမ၏မိသားစုသည် ဘာလုပ်နေသနည်း။ ထိုနောက် သူငယ်ချင်းများကလည်း ယခင်ကလိုပင် ကစားနေတုန်းပဲလား..စသည့် အတိတ်ကအကြောင်းအရာများကို အမျိုးမျိုးပြန်လည် တွေးမိ သည်။ ကျမသည် ငယ်ငယ်တုန်းက အပါးနှင့်အမိုးကို သတိရ ရမည်ကိုမသိ။ ခွဲခွာခြင်းဆိုသည်ကိုလည်း နားမ လည်ခဲ့ပေ။ သို့သော် ယခုတွင် ကျမသည် ထိုအရာအားလုံးကို ကိုယ်တိုင်ကြုံ တွေ့ရ၍ ခံစားတတ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ယခု ကျမသည် မိဘနှင့်ခွဲခွာပြီး တခြားတနေရာတွင် ပညာလာသင်ယူရသောကြောင့် ခွဲခွာခြင်း၊ သတိရခြင်း စသည့်များကို ခံစားတတ် နားလည်လာသည်။
ကျမသည် ငယ်ငယ်လေးကတည်းက အပါး၊အမိုးတို့နှင့် အတူတူအိပ်သည့် အကျင့် မရှိခဲ့ချေ။ ကျမသည် ၅နှစ် ၆နှစ်အရွယ်တွင် မိဘနှင့်ခွဲပြီးသီးခြားအိပ်သည်။ ထိုအချိန်တွင် သီးသန့်အိပ်သော်လည်း တစ်အိမ်တည်း အိပ်ရသောကြောင့် မည်သည့်ခံစားချက်မျှ မခံစားတတ်ချေ။ ကျမ၏ အိမ်ဘေးနားတွင် ကျမ၏ ကြီးမေအိမ် ရှိသည်။ ကြီးမေအိမ်တွင် လူနည်းသောကြောင့် ကျမသည် ကြီးမေနှင့်အတူ သွားနေသည်။ ကျမသည် မောင်နှမ နှင့်အတူအိပ်သည့် အကျင့်မရှိဘဲလား မသိချေ။ ကျမ ကြီးမေနှင့်သွားနေလည်း မည်သည့် ခံစားချက် မျှမခံစား ရချေ။ တခါတရံတွင် အမိုးအိမ်တွင် ပြန်လာအိပ်တတ်သည်။ ထိုနောက် လသာသောညရောက်လျှင် မောင်နှမ များကိုစုပြီး ကစားတတ်သည်။ တခါတရံ သူငယ်ချင်းများစုပြီး ထုတ်ဆီးထိုး ကစားကြသည်။ ထိုညများတွင် ကျမသည် အလွန်ပျှော်ရွင်မိသည်။ အဘယ့်ကြောင့်ဆိုသော် လမင်းလေး၏ အေးမြသော အလင်းရောင်ပေး မှုကြောင့် ကျမတို့ လရောင်၏ အလင်းရောင်အောက်တွင် ကစားရသဖြင့် ပျှော်ရွင်မိသည်။ တခါတရံခြံထဲတွင် သူငယ်ချင်းများနှင့် စကားထိုင်ပြောတတ်သည်။ ပုံပြင်တမ်း ပြောကြ သည်။ ထိုအချိန်အား လုံးတို့သည် ကျမ၏ ပျှော်ရွင်စရာကောင်းသော အချိန်လေးများ ဖြစ်ပါ သည်။
ယခု ကျမသည် မိဘနှင့်ဝေးသောနေရာ တနေရာတွင် ခွဲခွာပြီး ပညာသင်ယူ လျှက်ရှိပါ သည်။ ကျမသည် မိဘ နှင့် ခွဲခွာပြီးဝေးနေသောနေရာတွင် လာနေရသောအခါ ကောင်းစွာနားလည်နိုင်တော့သည်။ အပါးနှင့်အမိုးကို တွေ့ချင်ပါသော်ညားလည်း မတွေ့နိုင်ပေ။ အတူတူပင် အိပ်ချင်ပါသော်ညားလည်း မအိပ်စက်နိုင်တော့ပေ။ ထိုအရာအားလုံးသည် ကံကြမ္မာ၏ လှည့်စားမှုကြောင့်ပဲလားဟု ကျမကိုကျမ မတွေးနိုင်တော့ပေ။ တခါတရံတွင် ကျမကို ကျမအပြစ်တင်မိတတ်သည်။ မိဘနှင့်ပျှော်ရွင်ရမည့် အခွင့်အရေးကို ပြန်လိုချင်တမ်းတမိသည်။ သို့သော် အချိန်သည် လူကိုမစောင့် ဆိုသည့်အတိုင်း ကျမသည် ထိုအခွင့်အရေးကို မသုံးချခဲ့သောကြောင့် ကျော်လွန်သွားခဲ့ပါသည်။ ထိုကြောင့် လသာသောညများတွင် ကျမသည် လမင်းလေး၏ ၀င်းဝါသော မျက်နှာကို ကြည့်ပြီး လမင်းလေးကို အကူအညီတောင်းချင်မိသည်။ အကယ်၍ လမင်းလေးသည် စကားလည်း ပြောတတ် မည်။ သွားလာလှုပ်ရှားမှု ရနိုင်မည်လျှင် အဘယ်မျှကောင်းမည်နည်း။ ထိုအချိန်မျိုးတွင် လမင်းလေးကို အကူအညီတောင်းပြီး သတိရခြင်းများစွာကို လျော့ချချင်မိပါသည်။ သို့သော် လမင်းလေးသည် ကျမကို မကူညီ နိုင်သောကြောင့် အလွန်ဝမ်းနည်းမိပါသည်။
ကျမသည် လသာသောညရောက်လျှင် လမင်းလေးနှင့်အဖော်ပြုချင်သည်။ တခါတရံတွင် ကျမသည် လမင်းလေးကိုမော့ကြည့်ပြီး စိတ်ကူးယဉ် အတွေးကမ္ဘာထဲတွင် နှစ်မျှောသွားတတ်သည်။ စိတ်ကူးထဲတွင် ဟို..မိုးကောင်ကင်မှာ တည်ရှိနေသော လမင်းလေးသည် ကျမနှင့်အတူနေထိုင်ပြီး စကားပြောနေမိသည်။ ထိုစကားဝိုင်းသည် အလွန်ပျှော်ရွင် နှစ်သက်ကြည်နူးစရာ ကောင်းလှပါသည်။ ကျမက အပါးအမိုးနဲ့ အတူရှိစဉ် က လသာသော ညများတွင် မည်သို့မည်ပုံပျှော်ရွင်ခဲ့ရပုံ သူငယ်ချင်းများနှင့် မည်သို့မည်ပုံပျှော်ရွင်ခဲ့ စသည့် စကားများကို ပြောဆိုမိသည်။ ထိုနောက် ကျမသည် မိဘနှင့်ဝေးပြီး ခွဲခွာရသည့် အကြောင်းအရာ မိဘတို့ကို သတိရခြင်းအကြောင်း ပြောဆိုမိသည်။ ထိုအခါ လမင်းကြီးကလည်း မိမိမှာရှိနေသော အလင်းရောင်ကို လူသားတို့အား ပေးရသည့်အတွက် များစွာပီတိ ဖြစ်ရကြောင်း မိမိမှာ ကူညီနိုင်မည့် စွမ်းအားရှိလျှင် ကူညီမည် ဖြစ်ကြောင်း စသည့်စိတ်ကူးယဉ် အိပ်မက်များတို့တွင် နှစ်မျှောသွားတတ်သည်။ သို့သော် လက်တွေ့ အရကြည့် လျှင် ထိုအရာ အားလုံးသည် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် လမင်းလေးသည် စကားမ ပြော တတ်ချေ။ လှုပ်ရှားမှုလည်း မရချေ။ သို့သော်လည်း ကျမသည် လသာသော ညရောက်လျှင် လမင်းလေး နှင့် အဖော်ပြုရသလို ခံစားမိသည်။ လူများတိတ်ဆိတ် ငြိမ်သက်သည့် လသာသော ညများတွင် ကျမသည် မိဘတိုကို လွမ်းရသော်လည်း လမင်းလေးနှင့်အဖော်ပြုပြီး ခံစားချက်များကို ထုတ်ဖော်တင်ပြရသဖြင့် အနည်းငယ်လျော့သွား သည်။ ထိုနည်းတူပင် ကျမလိုပင် လသာသောညရောက်လျှင် မိဘများကို သတိရ သော သူများလည်းရှိကြမည့်ဟုလည်း ကျမထင်မိသည်။ တချို့လည်း လသာသည့်အရသာကို ခံစားချက်တူ ချင်မှ တူမည်။ ထိုသူအားလုံးကို ကျမ အလွန် နားလည် ကိုယ်ချင်းစာမိသည်။
မိဘများသည် သားသမီးများအပေါ် ထားရှိသောမေတ္တာသည် အလွန်ငြိမ်းချမ်း လှပါသည်။ ထိုနည်းတူပင် လမင်းကြီးသည် လူသားအားလုံးအတွက် အလင်းရောင်ပေးနေသည်လည်း အလွန်ချမ်းမြေ့လှပါသည်။ တချို့သောသူများသည် လသာသောညများတွင် တစုံတခုကို လုပ်မည်( သို့မဟုတ်) တစုံတရာကို သတိရ မည့်ဟု ကျမထင်မိသည်။ အဘယ့်ကြောင့်ဆိုသော် လသာသောညလေးသည် အလွန်မှတိတ်ဆိတ်ငြိမ်သက်ပြီး ခံစားချက်ကောင်းသော ညကလေးပင် ဖြစ်သည်။ ကျမက ထိုလသာသောညတွင် လမင်းလေး၏ အလင်း ရောင်ကိုကြည့်ပြီး စိတ်ကြည်နူးမိသည်။ ထိုကြောင့် လမင်းလေးနှင့်အတူ ထိုင်ပြီး စကားပြောမိသလို အဖော်ပြုနေသည်။ ထိုအချိန်တွင် လောကကြီးကို မေ့လောက်အောင် ပျှော်ရွင်မိသည်ဟု ခံစားရသည်။
ယုန်ကလေး
2 comments:
တစ်ခါတစ်လေ ဘ၀မှာ ပူလောင်ရရင် ကျွန်မလည်း လမင်းကြီးလိုမျိုး ကျင့်ကြံဖြစ်အောင်ကြိုးစားရတယ်။ လမင်းကြီးက အေးချမ်းတယ်လေ . .။ အေးမြတဲ့အလင်းရောင်ကို သူပေးပြီး သူကိုယ်တိုင်ကတော့ ခပ်ဝေးဝေးမှာ ပြုံးပျော်နေသလိုမျိုး ခံစားရတယ်။ လရဲ့အရိပ်အောက်မှာ စိတ်ကူးတွေက ကြည်နူးလှပဖူးတယ်။ လအရိပ်ကိုမြင်ရတိုင်း လွမ်းဆွတ်မှုကိုလည်း ခံစားရတယ်။ ယုန်ကလေးရေးတဲ့ ခံစားမှုလေးက အေးချမ်းလှပပါတယ် :)
ကျနော်ကတော့ ငယ်သူငယ်ချင်းတွေကို လွမ်းတယ်... အတူတူကြီးလာခဲ့ကြတာ... လသာတဲ့ ညဖက်တွေမှာဆို လမ်းထဲမှာ မျောက်ရှုံးအောင် ဆော့ခဲ့ကြတာတွေ မှတ်မိနေသေးတယ်...
Post a Comment