စနစ်ရဲ့ ဆိုးကျိုး
ကိုယ့်ဘ၀နဲ့ ကိုယ်တောင် မဝေခွဲနိုင်တော့
ဘာတွေကို သွားပြီး ပိုင်းခြားနိုင်မှာမို့လို့လဲ
ပြောင်းလဲမှု စနစ်ဆိုတာ
ငါ့စိတ်ထင်
ဘာမှမလုပ်ရှားပဲနဲ့
တကယ်မဖြစ်လာတဲ့ အိပ်မက်။
ခုချိန်မှာက
ငြိမ်းချမ်းတဲ့ဘ၀ဆိုတာ သုသန်တစ်စ
ခမ်းနားတဲ့ စင်မြင့်ဆိုတာက နေပူကျဲကျဲထဲမှာ
ကြီးမားတဲ့ အတွေးအခေါ်တွေက လမ်းဘေးက အမှိုက်ပုံထဲမှာ
မြင့်မြတ်တဲ့ ကျင့်စဉ်တွေက နံရံလေးဘက်ကိုမလွန်ဘူး
စစ်မှန်တဲ့ အယူအဆတွေက သွေးအိုင်ထဲလဲလျောင်း။
ကာလသုံးပါး တိုက်ပွဲသံတွေနဲ့
ဗြောင်းဆံအောင် `က` နေရတဲ့
ငါတို့တွေဟာ သံပိုက်လုံးထဲ
ပြွတ်ထည့်ထားတဲ့ ဖါးသူငယ်တွေလိုပဲ
ဘ၀ကပေးတဲ့ ဇောတွေကြောင့် မောပြီးရင် ထပ်မောလို့
ဒီဘက်ပုန်း ဟိုဘက်ပြေးရင်းနဲ့ အသက်ရှုကြပ်ရတဲ့အထဲ။
ခွေးမည်းတွေက နောက်ကဟပ်
ထွက်ပေါက်က ဘယ်နေမှန်းမသိတော့
အသားတွေက အစစီပတ်ကျ
သွေးတွေ တစိမ့်စိမ့်ယိုဆီး
နောက်ဆုံးတော့ ဇီဝတနဲ့ရုပ်
တစ်လမ်းစီ ခရီးဆက်ကြရ။
အဝေးက သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာ
ဒီကဗျာကို ကိုနေဘုန်းလတ်အတွက် ရည်စူးပြီးတင်လိုက်တာပါ။
ယုန်ကလေး
3 comments:
ကောင်းတယ်ညီမ...ကဗျာလေးက
ကြီးမားတဲ့ အတွေးအခေါ်တွေက လမ်းဘေးက အမှိုက်ပုံထဲမှာ
မြင့်မြတ်တဲ့ ကျင့်စဉ်တွေက နံရံလေးဘက်ကိုမလွန်ဘူး
စစ်မှန်တဲ့ အယူအဆတွေက သွေးအိုင်ထဲလဲလျောင်း။
ကာလသုံးပါး တိုက်ပွဲသံတွေနဲ့
ဗြောင်းဆံအောင် `က` နေရတဲ့
ငါတို့တွေဟာ သံပိုက်လုံးထဲ
ပြွတ်ထည့်ထားတဲ့ ဖါးသူငယ်တွေလိုပဲ
ဘ၀ကပေးတဲ့ ဇောတွေကြောင့် မောပြီးရင် ထပ်မောလို့
ကဗျာလေး ကောင်းလိုက်တာ။
ကဗျာလေးကိုဖတ်ပြီးခံစားရပါတယ်.ရင်နဲ့အမျှပေါ့
Post a Comment