တော်လှန်ရေးမောင်နှမများနှင့်သူငယ်ချင်းများခင်ဗျား




ပြီးခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သောစက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းကမတရားစွပ်စွဲ ဖမ်းဆီးခံခဲ့ရသော သံဃာတော်များ ၊ကျောင်း သားလူငယ်များ၊ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသောယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသောသူများအားလုံးကို ချွင်း ချက်မရှိ အမြန်ဆုံးလွှတ်ပေးရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တရားမျှတရေး မျိုးဆက်သစ်လူငယ်များ လှုပ်ရှားမှုအဖွဲ့၊ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့်အခြားသော တက်ကြွလှုပ်ရှားသည့် အင်အားစုများနှင့်အချို့သော ပြည်သူလူထုတို့မှ ငွေစက္ကူများပေါ်တွင်


၁- ရွှေဝါရောင်တော်လှန်ရေးသံဃာများလွှတ်ပေး၊
၂- ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေး

ဟုရေးသား ဆန္ဒထုတ်ဖော်ခြင်း လှုပ်ရှားမှုကို လုပ်ဆောင်လျက်ရှိနေပါသည် ပြည်သူအပေါင်းမှလည်းပူး ပေါင်းပါဝင် ဆန္ဒထုတ်ဖော်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ဓါတ်ပုံသစ်များလည်းဆက်လက်ဖြန့်ဝေ ပေးပို့သွား ပါမည်။



0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates