စစ်အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုများကို ဖော်ထုတ်သည့် မြန်မာတဦး လူ့အခွင့်အရေးဆုရရှိ
ပီတာအောင်/ ၁၆ စက်တင်ဘာ ၂၀၀၈။ ။


နယူးယော့ခ်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (အိတ်ခ်ျအာဒဗလျူ)က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကို ၂၀၀၈ခုနှစ်အတွက် လူ့အခွင့်အရေး ကာကွယ်သူဆု ချီးမြှင့် လိုက်ကြောင်း ကြေညာသည်။


အဆိုပါဆုကို မြန်မာနိုင်ငံမှ ဦးဘိုကြည်နှင့်အတူ ကွန်ဂို၊ ဆော်ဒီအာရေဗီးယား၊ သီရိလင်္ကာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ လူ့အခွင့် အရေးလှုပ်ရှားသူ (၄) ဦးနှင့်အတူ ပူးတွဲချီးမြှင့်လိုက်ခြင်း ဖြစ်သည်။


အိတ်ခ်ျအာဒဗလျူ အမှုဆောင်ညွှန်ကြားရေးမှူး ကဲနက်ရုသ်က “အန္တရာယ်အခက်အခဲတွေ နေ့စဉ် နေ့တိုင်းတွေ့ကြုံနေရ ပေမယ့်လည်း ဒီပုဂ္ဂိုလ် (၅)ဦးတို့ဟာ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆက်လက်ဖော်ထုတ်နေကြတယ်။ ပြီးတော့သူတို့နိုင်ငံ တွေက လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေအတွက် တရားမျှတမှုကို ရှာဖွေနေကြတယ်” ဟု ကြေညာချက်၌ပြော သည်။


ယခုကဲ့သို့ ဆုပေးခြင်းဖြင့် ၎င်းတို့ (၅)ယောက်ကို ထိထိရောက်ရောက်နှင့် တတ်နိုင်သမျှလုံခြုံဘေးကင်းစွာ ဆက်လက်ဆောင်ရွက် နိုင်ရန်တွက် ကူညီရာရောက်သည်ဟုလည်း အိတ်ခ်ျအာဒဗလျူ အဖွဲ့က ပြောသည်။


လူ့အခွင့်အရေးဆု ချီးမြှင့်ခံရမှုနှင့် ပတ်သက်၍ ဦးဘိုကြည်က “ဒီဆုက မြန်မာနိုင်ငံထဲမှာ နအဖစစ် အစိုးရက လူ့အခွင့် အရေး ချိုးဖောက် မှုတွေ အင်မတန်များတယ်၊ ကမ္ဘာကြီးမှာ တော်တော်ဆိုးဝါးတဲ့ အဆင့်မှာ သတ်မှတ်ခံနေရတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ။ နောက်ပြီးတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံထဲမှာ စွမ်းစွမ်းတမန် တိုက်ပွဲဝင်နေတဲ့ သူတွေကို ဂုဏ်ပြုလိုက် တာပဲ” ဟု ပြောကြားသည်။


နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ဦးဘိုကြည်သည် ထောင်မှလွတ်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာကာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီကို ဦးစီးတည် ထောင်ခဲ့သူ တဦးဖြစ်သည်။

1 comments:

ပန်းခရမ်းပြာ said...

ယုန်ကလေးရေ စီဘောက်မတွေ့လို့ ဒီမှာပဲ နှုတ်ဆက်တယ်နော်။ အဆင်ပြေ ပျော်ရွှင်ပါစေ။

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates