တစ်ချိန်က အတိတ်လေး
မနက်ဝေလီဝေလင်းအချိန်တွင် ငှက်ကလေးများ၏ သာယာဖွယ်ကောင်းသော တေးကျုးသံကိုကြားရသောအခါ ကျမအိပ်ယာထဲမှာပင် မျက်လုံးကလေးကို ဖွင့်ပြီးနားစွန်နေမိသည်။ ကျမ၏စိတ်ထဲတွင် ငှက်ကလေများသည် မနက်တိုင်း ကျမကိုလာနှိုးနေသည်ဟု ထင်မိသည်။ ကျမအတွက် နိုးစက်မရှိလည်းရှိပါစေတော့။ အခုလိုသာ ယာဖွယ်ကောင်းတဲ့ သဘာဝတေးငှက်အသံကို ကြားနေရရင်တော်ပါပြီး။ မိုးတောင်လင်းနေပြီးဘဲဆိုသည့် အတွေးနဲ့ကျမလည်းထလိုက်မိသည်။ ချစ်စရာကောင်းတဲ့ ငှက်ကလေးတွေကိုလည်း အရမ်းကျေးဇူးတင်မိတယ်။ ငှက်ကလေးတို့ရေ…မင်းတိုဟာ ငါ့ကို ပျော်ရွင်အောင်ထားနိုင်မယ်လို့ ယုံကြည်ပါတယ်..လို့ ကျမညှင်းဆိုမိသည်။ တကယ်တော့ ဒီညကျမကောင်းကောင်း မအိပ်ပျော်ခဲ့ချေ။ ဘာကြောင့်လဲဆိုတော့ ဒီခြံ၊ ဒီအိမ်၊ ဒီအိပ်ယာတွေ ဟာ ကျမအတွက် စိမ်းနေလို့လား ကျမလည်း ကောင်းကောင်းမသိတော့ပါ။

`ဒေါက်ဒေါက်´

´သမီး..ဆောင်းလေး မထသေးဘူးလား ထတော့လေ မိုးလင်းနေပြီး…´



ကျမသိလိုက်သည်။ မေမေက မနက်တိုင်း ကျမကို လာနှိုးတတ်သည်။ သည့်နေ့ကျမှ ဘာဖြစ်လို နောက်ကျတာ လဲ..လို့ကျမတွေးလိုက်မိသည်။ ကျမ စိတ်ထင်ပဲလား။ ဒါမှမဟုတ် မေမေက အိပ်ရေးပျက်မှာ စိုးလိုလား။ တ ကယ်တော့ မေမေက တဦးတည်းသောကျမကို ချစ်စနိုးလေးနဲ့ ဆောင်းလေးလို့ ခေါ်တတ်တယ်။ ကျမ၏ နာမည် အပြည့်အစုံမှာ ဆောင်းသဇင်ပါ။

`ထပြီးမေမေ ..ခုပဲလာခဲ့မယ်´

`အေးအေး…မျက်နှာ မြန်မြန်သစ်ပြီး ကော်ဖီလာသောက်နော်´

`ဟုတ်ကဲ့ပါမေမေ..´

လို့ ကျမ ပြန်ဖြေလိုက်မိသည်။ အဲ့ဒါနဲ့ ကျမလည်း ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်၊ သွားတိုက်သည်။ ထိုနောက် မေမေနှင့်အတူ ကော်ဖီ သောက်အောင်ဆိုပြီး အောက်ထပ်ကို ဆင်းလာခဲ့မိသည်။ မေမေက ကျမအတွက်အ ဆင်သင့်ပြင်ထားပေးတာကို တွေ့လိုက်မိ သည်။

`သမီး..လာဒီမှာထိုင် ´

ကျမလည်း အလိုက်သိစွာနဲ့ ၀င်ထိုင်လိုက်သည်။

`သမီး..ညက အိပ်လို့ကောင်းလား ဘယ်လိုနေလဲ စိတ်ကြည်လင်ရဲ့လား..´

ချက်ခြင်းကျမ ဘယ်လိုဖြေရမလဲမသိ ဖြစ်နေမိတယ်။ တကယ်လို့ကောင်းပါတယ် မေမေရယ် ဖြေလိုက်ရင် မေမေကို လိမ်လိုက်မိသလို ဖြစ်နေမလား။ ဘာဖြစ်လို့လဲဆိုတော့ မေမေက ကျမရဲ့မျက်ဝန်းကိုကြည့်ပြီး ကျမ မျက်ဝန်းချောင်ကျနေတယ်လို့ ပြောရင် ကျမဘယ်လို ဖြေလိုက်ရမလဲ။ ဒါပေမယ့် မေမေကိုတော့ စိတ်ချမ်းသာ အောင်ထားဖို့က အဓိကမဟုတ်လား။ အဲ့ဒီတော့ ကျမလည်း …

`အိပ်လိုကောင်းပါတယ် မေမေရယ် ဘာဖြစ်လို့လဲဟင် ´

`အော်ဘာမှမဟုတ်ပါဘူး သမီးလေးအတွက် အားလုံးကတစိမ်းတွေ ဖြစ်နေမလားလို့ပါ။ ´

`ဘာမှဖြစ်ပါဘူးမေမေ´

မေမေပြောတော့မှ ကျမ ဒီအိမ်လေးကို လိုက်ကြည့်ချင်စိတ်ပေါ်လာတော့သည်။ ညက ကျမတို့မိသားစု ဒီအိမ် ပြောင်းလာတာ မောပန်း လာတာနဲ့ ဘာမှမကြည့်ဖြစ်ခဲ့ဘူး။ မောမောနဲ့ ကျမလည်း အိပ်ပျော်သွားမိတယ် ထင်ပါတယ်။ ကျမအိမ်လေးကို ကြည့်ရတာ နေချင်စရာ ကောင်းပါတယ်။ ကျမ၏ စိတ်ထဲမှာ မေမေက တော်သားပဲလို့ တွေးလိုက်မိတယ်။

`သမီး ခြံထဲမှာ ဆင်းချင်ရင်လည်း ဆင်းလေ လိုက်ကြည့်ပေါ့ ဟုတ်လား ´

`ဟုတ်ကဲ့မေမေ ´

`အေးအေး ´

`သမီးဆောင်းလေး´

`ရှင်မေမေ ဘာပြောမလို့လဲ ´

`မေမေ သမီးကို ပြောစရာ တခုရှိတယ် ´

`ပြောပါမေမေ´

`အခုချိန်မှာ သမီးဦးနှောက်ထဲမှာ ဘာမှမထည့်ထားနဲ့နော်။ ဘာမှလည်းမတွေးတော့နဲ့ကြားလား ဖြစ်ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီလေ မဟုတ်လား။ အတိတ်မှာပဲ ချန်ထားခဲ့တော့ ဟုတ်ပြီးလား´

`ဟုတ်ကဲ့ပါမေမေ ´

လို့ကျမရဲ့ပါးစပ်ကမပွင့်တပွင့် ပြောလိုက်မိသည်။ မေမေရယ်..ကိုကို့ကို ကျမဘယ်လိုနဲ့ မေ့ပစ်လို့ရမလဲဟင် လို့ ဖြေချင်မိသော်လည်း အခြေအနေက မဖြစ်နိုင်တော့ဘူးမဟုတ်လား၊ ခုချိန်မှာ ကျမ ဘာမှမစဉ်းစားချင်တော့ပါ ဘူးလေ။ ခြံထဲဆင်းပြီး လျှောက်ကြည့်မှ ကောင်း ဦးမယ်ဆိုသည့် အတွေးက ၀င်လာသည်။ ကျမလည်း ခြံထဲဆင်း လာခဲ့မိသည်။ အဲ့ဒီအချိန်မှာ ကျမ၏ နှာခေါင်းထဲတွင် သင်းပျံ့ မွေးကြိုင်လှသော ပန်းရနံ့တမျိုးကို ရလိုက်မိသည် ။ ဒီအနံ့ကို ကျမသိတာပေါ့။ တချိန်က ဒီပန်းဟာ ကျမအတွက် မေ့မရတဲ့ အဖြစ်အပျက်ရှိခဲ့ဘူးလို့ မဟုတ် ပါလား။ ဒါနဲ့ကျမလည်း ခရေပန်းလေးတွေ ဝေေ၀ဆာဆာနဲ့ ပွင့်နေတဲ့ခရေပင်အောက်ကို သွားမိသည့် နှင့်တပြိုင်နက် ကြွေကျလျက်ရှိသော ခရေပွင့်လေးတွေကိုလိုက် ကောက်နေမိသည်။ ထိုအချိန်တွင် တစ်ချိန်ကအတိတ် ရိပ်လေး များသည် ကျမကို ခြောက်လန့် သလိုခံစားမိသည်။ တကယ်တော့ ထိုအတိတ်လေးများသည် ကျမအတွက်မမေ့ နိုင်စရာပါလားနော်……

ယုန်ကလေး

ဆက်ရန်....


4 comments:

Unknown said...

ခရေပင်ကြီးအောက်မှာတဲ့....

လွမ်းမောဖွယ်ရာလေးတွေကို စပ်ဆိုပေးထားတဲ့ ယုန်ကလေးရဲ့ အတိတ်လေးထဲက ဆောင်းလေးရဲ့ အဖြစ်ကို ဖော်ကျူးထားတာ တော်တယ်ဗျာ... ရေးသားထားတာလေးတွေ ကြိုက်ပါတယ်...

ယုန်ကလေးလည်း လွမ်းမောမှုတွေနဲ့ကင်းဝေးပါစေဗျာ..

စိုးထက် - Soe Htet ! said...

ကောင်းတယ် ဟုန်လေးရေ ဆက်ရေး :D

~J-Quen ~ said...

ဇတ်လမ်းလေး ကောင်းတယ်။ ဆက်ရေးပါနော်

ရှမ်းကလေး said...

ကောင်းပါတယ်ဗျာ...

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates