




ဒီနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်အနီးရှိ မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမားတွေ စီးလာတဲ့ ကား (၃) စီးကို ဆယ်ဘီးကားတစီးက အရှိန်မထိန်းနိုင်ဘဲ ၀ယ်ရောက်မိပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“အလုပ်ရုံက ကားလာကြိုတာကို စောင့်နေကြတာ။ ကားပေါ်တက်ပြီး ကားက ထွက်မလို့လုပ်တုန်းမှာ နောက်က ဆယ်ဘီးကားက ၀င်တိုက်ပစ်လိုက်တယ်။ အဲ့ဒီတော့ ကားလည်း ကျွမ်းပြန်ပြီး ခုနှစ်ယောက်ကတော့ ပွဲချင်းပြီးသွားတယ်။ ဆေးရုံယောက်တော့ နှစ်ယောက်ထပ်ဆုံးတယ်။ အဲ့ဒီမှာ တလကွန်း (ပုစွန်ဈေး)က အလုပ်သမားတွေရော၊ တခြားရပ်ကွက်က အလုပ်သမားတွေရော ပါတယ်” လို့ လူ့အခွင့်အရေးဖွံ့ဖြိုးမှု ဖောင်ဒေးရှင်းက ပြောပါတယ်။
တလကွန်း (ပုစွန်ဈေး)ရှေ့က ခုံးတံတားအောက်နားမှာရှိတဲ့ အဝေးပြေးလမ်းပေါ်မှာ တိုက်တာလို့ ဆိုပါတယ်။
စမွတ်ဆာခွန်ဆားဆေးရုံကို (၁၄) ယောက်၊ စီဝတ်ချိုင် (၅)ကို အယောက် (၅၀)၊ မဟာချိုင်ဆေးရုံကို (၁၃) ယောက် ပို့ထားပြီး ဒဏ်ရာပြင်းထန်သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
သေဆုံး ဒဏ်ရာရသူတွေအတွက် နစ်နာကြေးရရှိအောင် မြန်မာ အဖွဲ့အစည်းတွေက လိုက်လံဆောင်ရွက် နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ ပြောင်းမြန်မာ အလုပ်သမား ၂ သန်းခွဲ ကနေ ၄ သန်းဝန်းကျင် ရှိတယ်လို့ အလုပ်သမား အဖွဲ့ အစည်းများက ခန့်မှန်းကြပါတယ်။
ယုန်ကလေး
0 comments:
Post a Comment