Saturday, 19 February 2011 16:57 Editor
တရုတ် ကျေးလက်ဒေသမှာ ကြီးပြင်းလာရတဲ့ ဘ၀တွေ ဟာ ကြမ်းတမ်းလွန်းလှပါတယ်။ လက် ၂ ဖက်စလုံး မရှိတော့တဲ့ ကလေးငယ် တစ်ဦးရဲ့ နေရာကနေ ၀င်ရောက် ခံစားကြည့်စမ်းပါ။
လွီယန်ဘိုဟာ အခြားသော ၅ နှစ်အရွယ် ကလေးတွေလိုပါပဲ။ သူငယ်တန်းအတန်းမှာ စာရေး၊ စာဖတ်သင်နေတာပါ။ အခြားကလေးတွေနဲ့မတူတာကတော့ သူဟာ ခြေထောက်နဲ့ စာရေးနိုင်ဖို့ကို ကြိုးစားနေရတယ်။
“ကျမတို့က သူရဲ့ ခြေချောင်းလေးတွေနဲ့ ခဲတံကို ကိုင်တွယ်တက်အောင်လို့ ဦးဆုံး လေ့ကျင့်ပေးပါတယ်။ အစပိုင်းမှာတော့ လုပ်လို့ မရဘူးပေါ့။” သူရဲ့ ဆရာမက ပြောပြတာပါ။ “ဒါပေမဲ့ လွီက သိပ်ကို ဇွဲသန်တယ်လေ။ တချက်ပြီး တချက်၊ တလုံးပြီးတလုံး ဖြည်းဖြည်း လေ့ကျင့်တဲ့သူပါ။ ကျမက အခြားကလေးတွေကို စာသင်ပြပြီးတဲ့အခါ သူ့ကို လေ့ကျင့်ပေးပါတယ်။”
အသက် ၃ နှစ် အရွယ်မှာ လျှပ်စစ် ဗို့အားပြင်းထန်လှတဲ့ ၀ါယာကြိုးနဲ့ မတော်တဆ ထိခိုက်မိပြီး လက် ၂ ဖက်စလုံး ဆုံးရှုံးခဲ့ရတယ်။
အခုတော့ သူဟာ ခြေထောက်နဲ့ သွားတိုက်တတ်တယ်။ မျက်နှာသစ်တတ်တယ်။ စက်ဘီးစီးတတ်နေပြီ။ ခြေထောက်နဲ့ပဲ ဖုန်းဆက်တတ်နေပါပြီ။
ဝမ်းနည်းစရာတကယ်ကောင်းတာပါ။ လွီဟာ သူ့ဟာသူကိုယ်တိုင် လုပ်မှရတာပါ။ မိဘတွေက ကွာရှင်းထားသူတွေ။ ဆေးဝါးစရိတ်တွေအတွက် အမေဖြစ်သူက အိမ်နဲ့ အဝေးမှာ အလုပ်ဆင်းရတယ်။
အခုတော့ လွီလေးဟာ အဖွားနဲ့နေရတယ်။ တူကိုင်တဲ့နေရာမှာ ကျွမ်းကျင်နေပြီ။ ခြေချောင်းလေးတွေနဲ့ တူကိုင်တတ်ဖို့ လေ့ကျင့်ရတာ ၂ ပတ်ကြာတယ်လို့ အဖွားက ပြန်ပြောပြပါတယ်။
သူငယ်ချင်းတွေအကြားမှာ လွီဟာသိပ်ကို ရေပန်းစားနေသူပါ။ ပြီးခဲ့တဲ့နှစ် ကျောင်းကပွဲမှာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံတဲ့ ပြဇာတ်ကွက်မှာ သူဟာ စူပါစတားဖြစ်ခဲ့တယ်လေ။
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
Source: CCTV
0 comments:
Post a Comment