
ခက်ခဲသော၊ စိန်ခေါ်မှုြ်းထန်သော အခြေအနေများကို ကျော်ဖြတ်ပြီးနောက် ဘာရတ်အိုဘားမားသည် အမေရိကန်နိုင်ငံ၏ (၄၄)ဦး မြောက် သမ္မတအဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုကာ အိမ်ဖြူတော်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အမေရိကန်နိုင်ငံ၏ သြဇာအာ ဏာ အကြီးမားဆုံးသမ္မတနှင့် စစ်ဦးစီးချုပ် ဖြစ်လာခဲ့သည့် အိုဘားမား၏ ဇန်န၀ါရီလ (၂၀)ရက်နေ့က သမ္မတရာထူးကို လက်ခံရယူပွဲ သို့ နိုင်ငံတ၀ှမ်းမှ ပြည်သူ(၂)သန်းကျော် လာရောက်ဂုဏ်ပြု အားပေးခဲ့ကြသည်။ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် ကျင်းပခဲ့သော သမ္မတသစ်၏ မိန့်ခွန်းပြောပွဲတွင် အိုဘားမားက အမေရိကန်ပြည်သူများအနေနှင့် တိုင်းပြည်၏ ကြုံတွေ့နေရသော စစ်ပွဲနှင့် ငွေကြေးဆိုင်ရာ အရှုပ်အထွေးများကို စည်းလုံးမှုဖြင့် တွန်းလှန်ကြရန် တိုက်တွန်းသွားခဲ့သည်။
အမေရိကန်နိုင်ငံ၏ ပထမဆုံးသော လူမည်းသမ္မတအဖြစ် မှတ်တမ်းဝင် သမိုင်းမော်ကွန်း ရေးထိုးနိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီမှ အိုဘားမားသည် ရီပတ်ဘလစ်ကန်သမ္မတ ဂျော့ဘုရှ်ထံမှ အာဏာကို လွှဲပြောင်းလက်ခံပြီးနောက် အနာဂါတ်အမေရိကန်ကို အကောင်းဘက်သို့ ဦးတည်နိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကတိပြုခဲ့သည်။ အိုဘားမားနှင့် မိသားစုကို အမေရိကန်နိုင်ငံ အရပ်ရပ်မှ ကိုယ်စားလှယ်များက လာရောက်ဂါရ၀ပြုခဲ့ကြသလို အိုဘားမားနှင့် မိသားစုကလည်း ပြည်သူများကို လေးလေးစားစား နှုတ်ဆက်ခဲ့သည်။ အိုဘားမားက ၎င်း၏မိန့်ခွန်းအတွင်း “အပြောင်းအလဲတွေ ဖြစ်လာဖို့ အချိန်တန်ပြီ”ဟု ကြွေးကြော်လိုက်ချိန်တွင် ပြည်သူများက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။

အိုဘားမား၏ အိမ်ဖြူတော်တက်ပွဲ အခမ်းအနားသို့ ကမ္ဘာအရပ်ရပ်မှ သတင်းထောက်များ လာရောက်သတင်းယူခဲ့သလို အမေရိကန်၏ လူမည်းသမ္မတ အာဏာလက်ခံပွဲကို ကမ္ဘာတ၀ှမ်းတွင် ရုပ်မြင်သံကြားမှ စောင့်ကြည့်နေသူဦးရေမှာ သန်းပေါင်းများစွာမျှ ရှိခဲ့ကြောင်း သိရှိရသည်။ အိုဘားမား ၎င်းသည် ကမ္ဘာ့အင်အား အကြီးမားဆုံးနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုဖော်ဆောင်သွားရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။ အိုဘားမားနှင့် မိသားစုအတွက် Capitolအဆောက်အအုံနှင့် အိမ်ဖြူတော်တို့တွင် လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားခဲ့သော်လည်း တစုံတရာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားမှုမျိုး မပေါ်ပေါက်ခဲ့ဘဲ ပြည်သူများသည် ၎င်းတို့ယုံကြည်အားကိုးသည့် သမ္မတသစ်အား ပျော်ရွှင်အေးချမ်းစွာ ကြိုဆိုခဲ့ကြကြောင်း FBIမှ သတင်းထုတ်ပြန် ကြေညာသွားခဲ့သည်။

.jpg)
.jpg)



(ညစာစားပွဲတွင် သီဆိုဖျော်ဖြေနေသည့် ဘီယွန်းစ်နိုးလ်)

0 comments:
Post a Comment