ခေါင်းဆောင်


အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလမှာ ဖတ်လိုက်ရတဲ့ Men's Health Magazine ထကဲ Life & Style
ကဏ္ဍမှာ ခေါင်းဆောင်ဖြစ်ဖို့ လူတိုင်းရှိသင့်တဲ့ အခြေခံ(၁၀)ချက် ကို လူတိုင်းနားလည်လွယ်၊မြင်လွယ်အောင်
ပေါ့(ပ်) မဂ္ဂဇင်းဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါးလေးရေးထားတာတွေ တဲ့အတွက် ဘာသာပြန်မိပြီး တဆက်ထဲ မြန် မာပြည် လက်ရှိအခြေအနေတွေနဲ့သွား ယှဉ်ကြည့်လိုက်တဲ့အခါ အောင်မြင်တဲ့ခေါင်းဆောင်ဖြစ်ဖို့ ဒီအခြေခံ (၁၀) ချက် အရင်ပြည့်စုံရမယ်ဆိုပဲ........

၁။ သူတပါးကို လေးစားတတ်ခြင်း
ဂျွန် အက်(ဖ)ကနေဒီ ဟာ ဂျာမဏီ နိုင်ငံအလည်ရောက်တဲ့အချိန်တုန်းက ဘာလင်မြို့ သူမြို့ သား တစ်သိန်း
နှစ်သောင်း ရှိ တဲ့ ပရိသတ်ကြီး ရှေ့မှာ မိမိဘာသာ နှိမ့်ချပြီး သူ့  မိန့်  ခွန်းလာနားထောင်တဲ့ လူအများစုကြီးကို
လေးစားတာပြတဲ့ အနေနဲ့ ၊ ကိုယ့်နာမည် ကို J.F ကနေဒီ အစား သာမာန် ဒိုးနတ်လေးတစ်ခုပါပဲ (a doughnut )လို့ ပြန်ခေါ်ပြသွားပါတယ်။ ဒါ့အပြင် ဒေသ ခံတွေရဲ့ စကားကို တစ်လုံးချင်းကြိုးစား ပြောသွားပါ သေးတယ်။
(ဒါမျိုး တွေ ဗိုလ်ချုပ်အောင်ဆန်း အထုပတ္တိထဲမှာ တွေ့ နိုင်ပါတယ်။နောက်ပိုင်းတော့ ပြောတတ်ဘူး)

၂။ စိတ်ထိန်း၊ သည်းခံတတ်ခြင်း
ဂျွန်အက်(ဖ)ကနေဒီပါပဲ။ ကျူးဘား နိုင်ငံ တာဝေးပစ်ဒုံးကျည် အရေးအခင်း ကာလ မှာ ကျူးဘားမြို့ တော် ဟာ ဗားနား ကိုမီးတင်ရှို့ ဖို့ အချက်ပေးတာ မျိုးမလုပ်ခဲ့ ဘဲ၊ ကျူးဘားဖြစ် လက်နဲ့ လိပ်တဲ့ ဟာဗာနား တံဆိပ် ဆေးပြင်း လိပ် ကြီး တစ်လိပ်ကို မီးညှိသောက်ပြခဲ့ပြီး ဆိုဗီယက်တွေရဲ့ မာန်တွေနဲ့ ဒေါသကိုပြေလျော့ ကျစေ ခဲ့ပါတယ် "lighting up a Havana, not lighting up Havana" လို့ ဆိုစမှတ်ဖြစ်ခဲ့ ပါတယ်။အဲဒီလို တကယ် လို့ များ နောက်တစ်ကြိမ် သင့် အလုပ် စားပွဲဘေးမှာ တယ်လီဖုန်း အနီလေး (Red Phone) တစ်လုံးအနား သင်ရောက် နေခဲ့မယ်ဆိုရင် ဒီအကြောင်းလေးတေွး လိုက်ပါတ့။ဲ

(Red phone ဆိုတာကတော့ အရေးအခင်းအကြီးကြီး တွေမှာအစိုးရထိပ်သီးခေါင်းဆောင်ပိုင်းတွေအချင်းချင်း လျို့  ၀ှက် ပြောဖို့ တိုက်ရိုက် ဆက်သွယ်ပေးထားတဲ့တယ်လီဖုန်းလိုင်းကိုခေါ်တာပါ။ )
(မြန်မာပြည်က ၁၉၇၄၊ ၈၈၈၈ နဲ့ စက်တင်ဘာ ရွေဝါရောင်ကာလ တွေမှာတော့ ဒီအနီရောင်ဖုန်းလိုင်းတွေပြောခွင့်ရှိသူများ ပြောနေရင်းကထိန်းချုပ်သတိချပ်သုံးသပ်ဖို့ နေနေသာသာ၊ ဒေါသမီးတွေ ဟုန်းဟုန်း တောက် လို့ လိုင်း တွေပြတ်ကျမတတ် ဖြစ်ခဲ့ပုံရပါတယ်။ မြန်မာ့ ဖုန်းနီကလေးတွေရဲ အဲဒီအာဃာတ စက်ကွင်းကြောင့် နောက်ဆက်တွဲ ကျောင်းသားသမ၈္ဂ အဆောက်အဦး ဒိုင်းနမိုက် စာမိခဲ့သလို ၊လမ်းတွေပေါ်မှာ အပြစ်မဲ့ ကျောင်း သား၊ ရဟန်းရှင်လူ၊ ပြည်သူအသက်ပေါင်း၊ ဘ၀ပေါင်း များစွာဆုံးရှုံးခ့ရဲ ပါတယ်။)

၃။ ပွင့်လင်းသော စိတ်ဓာတ်ရှိ ခြင်း(သို့ ) အမြင်ကျယ်ခြင်း
ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့  အကြံဥာဏ်ကောင်း လိုအပ်ပါသလား၊ သင့်ကို အမြဲတမ်း သဘောမတူု ဆန့်ကျင်နေတဲ့ လူဆီကိုသွားပါ တဲ့။ လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ အမေရိကန်သမ္မတ အီဗရာဟင်လင်ကွန်း ဟာ သူ့  အစိုးရကက်ဘိနက်အဖွဲ့ ဝင်တွေကို အတိုက်အခံတွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဘေ့(စ)ဘော(လ်) ချန်ပီယံ Jete အကြောင်းသိချင်ရင် သူ့ ပြိုင်ဘက် Red Sox ပရိသတ်ကိုသွား မေးကြည့်လို့ ရသလို ပေါ့။ဒီလိုပဲ အာစန်နယ် အားနည်းချက်တွေကို မန်ယူပရိသတ်နဲ့ ချယ်(လ)ဆီးပန်ကာတွေဆီ သွားမေးကြည့်၊သိနိုင်သလိုမျိုးပါ။

(မြန်မာပြည်မှာလဲ သွားမေးကြည့်နိုင်ပါတယ်။ အတိုက်အခံတွေက လင်ကွန်း ကက်ဘိနက်ထဲမှာလိုတော့ မဟုတ်ပါ။ သူတို့ အများစုရှိတ့ေဲ နရာရောက်ဖို့ တော့ ခရီးစရိတ်ကမသေးပါ။ တွေ့ ခွင့်ရချင်မှလဲရပါမယ်။
အနည်းဆုံး ဂမ်ဘာရီအဆင့် လောက်တော့ လိုမယ်ထင်တာပဲ။)

၎။ စိတ်အား ထက်သန်ခြင်း
အကောင်းဆုံး စိတ်ကူးစိတ်သန်းတွေဟာ တရားမျှတတဲ့ ဆုံးဖြတ်မှု၊ ဝေဖန် သုံးသပ်မှု တော်တော်များများကို ဆွဲခေါ် လာတတ်ပါတယ်။ ခင်ဗျားရဲ ဖြစ်ချင်တဲ့ဆန္ဒနဲ့ အပြုံးလေးကိုသာ ထိန်းသိမ်းထားပါ။ တခြားသူတွေခင်ဗျား လုပ်ချင်တာကိုပူးပေါင်းဆောင်ရွက်လာပါလိမ့်မယ်။
(ဒါတော့စံမှီပါတယ်။ ထိုင်ခုံမြဲရေး စိတ်အားထက်သန်လို့  စိတ်ကူးလေးတွေကောင်းခဲ့ လိုက်တာ ဒီပဲယင်း နဲ့ တံတားနီဟာ သမိုင်းမှာမရှုမလှပါပဲ။ အခွင့်အရေးတန်ခိုးနဲ့ ဝါးရင်းဒုတ်ယိမ်း ကပြီး ၀င်ရောက်ပူးပေါင်းကြသူ လူမိုက်များလဲ ဒုနဲ့ ဒေးပါ)

၅။ တာဝန်ခံခြင်း
အမှားကြီးလေ၊ တောင်းပန်ရလေ တ့။ဲ အမေရိကန်သမ္မတ ကလင်တန် ဟာ မိုနီကာ လူးဝစ်စကီး ဆိုတဲ့ မိန်း မသား တစ်ဦး ကို ရှစ်ခါတိတိ ၀န်ချ တောင်းပန်စကား ဆိုခဲ့ပါတယ်။ လူတွေမသိသေးတဲ့အရာတွေက ပဲ သင့်ကို အံ့အားသင့်စေမှာဖြစ်ပါတယ်။
(ကျောင်းသား နဲ့ ရဟန်းတွေအပေါ်ကျူးလွန်မိတဲ့ အပြစ်လေးတွေအတွက် တောင်းပန်စကား ပြောဖိုဝန်လေးလို့ ၊ အဖြစ်မှန်တစ်ခု ကို အမှန်အတိုင်းဖော်ပြဖို့ တောင်းဆို တာကို ငြင်းပယ်ခဲ့လို့ ၊အမှိုက်ကစပြသာဒ်မီးလောင် ဆိုသလို ၈၈၈၈ နဲ့  စက်တင်ဘာအရေး အခင်းတွေဖြစ်ခဲ့တဲ့အပေါ် တာဝန်ခံမည့်သူရှိခဲ့ပါပီလား။)

၆။ နှိမ့်ချတတ်ခြင်း
George W Bush ဟာ လူမည်း (အာဖရိကန်) ကချေသည်တွေ နဲ တွဲကခဲ့တာ ချစ်ကြည်ရေးအတွက် ရည်ရွယ် ခဲ့ပေမယ့် အဆုံးမှာ သူဟာ YouTube က ဟာသ တစ်ခု ပြကွက်တစ်ခုလို ရယ်မောဖွယ် အဆုံးသတ်ပြခ့ဲတယ်။ ကိုယ့် ရဲ့ အားနည်းချက်ကို သိခြင်းဟာ ကိုယ့်ရဲ့ အားသာချက်အစွမ်းအစတွေကိုမြှင့် တင်ပေးဖို့ လိုသ လောက်ကို အရေးကြီးပါတယ်တဲ့။
(နှိမ့်ချသလားဆိုတော့၊ မနေ့ ကပဲ ခေတ်ပြိုင် မှာ သတင်းဖတ်လိုက်ရတယ်။ သတင်းက ဘယ်လောက် သေချာသလဲ တော့မသိဘူး။ ကြားရတာတော့ မကောင်း။ ဘီလိယက်ထိုးဂေါ့ဖ်ရိုက်နေတဲ့ ၀န်ကြီးကိုဘီယာ ငှဲ့ပေးရတဲ့ တာဝန်ပေးခံရလို့ ဝန်ထမ်းတွေ စိတ်ဓါတ်ကျ နေတဲ့အကြောင်း၊ သစ်ပင်ရှင်အောင် မစိုက်ရင် ထမင်းအိုးလဲကွဲမှာဖြစ်ကြောင်း။ http://www.newskhitpyaing.co.cc/?p=914)

၇။ စာနာ၊ နားလည်တတ်ခြင်း
တခြားသူများကျင်လည် ရှင်သန်နေရတဲ့ သူ တို့ ကမ္ဘာ၊ ဘ၀ နဲ ယှ့ဉ်ပြီး စာနာဆုံးဖြတ်ပါ။ ပါပူးဝါးနယူးဂီနီ က
ယောကျာ်းတွေ အရှက်လုံ ၊အင်္ဂါလုံရုံ လောက်ဖုံးထားတဲ့ လန်ကွတ်တီ နံပိုင်းလေးဝတ်ထားတာကို သွားပြီးအသုံး မကျတဲ့ အလကားလူတေလွို့  သွားပြောမယ်ဆိုရင် သူတို့ ကလဲ ဆီတစ်ဂါလံ ၁၅ မိုင်လောက် သွားဖိုပဲသုံးနိုင်တဲ့ SUV ကားကြီး စီးနေတဲ့ ခင်ဗျား ကိုဘယ်လိုဆုံးဖြတ်မလဲတွေးကြည့်ပါ တဲ့။

(နိုင်ငံတကာထောက်ပံ့မှု အပြည့် ခံစားခွင့်မရခဲ့ဘဲ၊ ဖား ငါးရှာစားကြလို့ အကြံပေးခံရတဲ့ နာဂစ်ဒါဏ်ခံရတ့ြဲပည်သူတွေက၊ ပြည်သူ့ အခွန်ငွေတွေနဲ့ စင်္ကာပူဆေးသွားကုမယ့် လူများကိုဘယ်လိုမြင်ပါလဲလို့ တွေးကြည့် ခိုင်း သလိုမျိုး ထင်တာပဲ)

၈။ တာဝန်သိခြင်း
စစ်မြေပြင်မှာ ခင်ဗျားဟာ စစ်ဦးချုပ်ကြီ်းဖြစ် နေ တာ၊ တပ်ခွဲ တပ်စုမှုးကလေးဖြစ်နေတာ ဆိုတဲ့ အချက်တွေက အရေးမကြီးပါဘူး။ ကိုယ်ဦးစီးရတဲ့ ကိုယ့်တပ်ဘာတွေလုပ်နေတာ မသိရင်ခင်ဗျားဟာစစ်မြေပြင် ရဲ့ အလွန်အလှမ်းဝေးတဲ့ဆီ မှာ ဖယ်ရှားခံအဖြစ် ရောက်နေသလိုမျိုးပဲဖြစ်လိမ့်မယ်။
(ဒါတော့ နံပါတ် ၂ နဲ့ ၅ က အဖြစ် တွေနဲ့ ဆက်စပ်နေတယ်ထင်တာပဲ ။သိကျွမ်းသူများဖြည့်စွက် သွားနိုင်ပါ တယ်။)

၉။ အစပျိုးပြီးလမ်းဆောင်ပြတတ်ခြင်း
အတိတ်က ကိုယ်ဘာတွေလုပ်ခြဲ့ပီးပြီ ဆိုတာတွေကိုထိုင် ပြောနေမယ့်အစား ကိုယ်ဘာလုပ်ချင်တယ်၊ ဘာလုပ်မယ်ဆိုတာကို ပိုပြီးပြောပြပါ။ သင့် resume ကိုယ်ရေးအချက်အလက်အကျဉ်း ကိုစိတ်အ၀င်စားဆုံး လူဟာ အဲဒါကို မိတ္တူဆွဲပြီး Staples ချုပ်စက် နဲ့ ဖိုင်တွဲပေးရမယ့်လူပဲဖြစ်တယ်။

(လူနေမှု ၀န်းကျင် အခြေခံအဆောက်အဦးဖြစ်တဲ့၊ ပြည်သူ့ အခွန်ငွေတွေနဲ့ ဆောက်တဲ့ တံတားတွေ၊လမ်းတွေ ချည့်၊ ပဲ ထိုင်ထိုင်ပြောနေမယ့်အစား၊လွန်ခဲ့တဲ့အနှစ် ၂၀ ထဲက ချမှတ်ထားတဲ့ နိုင်ငံရေး ၊ စီးပွားရေး၊လှုမှုရေး ဦးတည်ချက်တွေဘယ်တော့ပြည့်အောင်လုပ်နိုင်မလဲပဲ ကြားချင်ပါတယ်။ မလုပ်နိုင်တော့လဲလုပ်နိုင်မယ့်လူ လုပ်ပါစေ။ မြန်မာကာရာအိုကေအခွေတွေ ကြည့်တိုင်း ၊အဲဒါတွေကျော်ကျော်နေရတာလဲအများပြည်သူ၊ လက်ညောင်းလှပါပြီ။ )

၁၀။ သံတမန်ဆန်ခြင်း
ဒီအချက်ကိုတော့အင်မတန်ပေါ့ပါးတ့ဥဲ ပမာလေးနဲ့ ပြသွားပါတယ်။ သင့် ရည်းစားဖြစ်သူက သူဘယ်လိုနေလဲ၊ ကြည့်ပါဦး လို့ သင့်ကိုမေးလာတ့အဲ ခါမှာ၊ နူကလီးယား လက်နက်ပုံကြီး ပေါ်ဖင်ခုထိုင်ရင်း ဖြေရှင်းရမယ့် နိုင်ငံရေးအလား သူ (သို့ )သူမ ကို အရေးတယူဖြေပြပါတဲ့။ အငြင်းပွားဖွယ်အလျဉ်းမရှိသော ပြဿနာဖြေရှင်း ခြင်းနည်းလမ်း သာလျင် နှစ်ဖက် ယုံကြည်မှုနှင့် ဆက်ဆံရေးပျက်ပြားမည့်အရေးကိုရှောင်လွဲနိုင်မည့် စိတ်အချ ရဆုံး သော နည်းလမ်းဖြစ်ပေသည်။
(ဒါကိုတော့ပြောစရာမလိုတော့ပါဘူး။ ကုလ သံတမန်တွေ လဲ ရွှေတိဂုံတက်တက် ဖူးနေရတာနဲ့ ကိုကုသိုလ် တွေ တော်တော်ရနေပြီပဲ။)

အဲဒိ ၁၀ ချက်ကတော့ Men's Health Magazine တစ်ခုက Life & Style ကဏ္ဍမှာရေးထားတဲ့ အချက်တွေပါ။ POP မဂ္ဂဇင်းဆိုတော့သိပ်အလေးအနက် တည်တည်တံ့တံ့ကြီးတွေတော့မပါ ပါဘူး။ ခေါင်းဆောင်ကောင်း ရဲ့ ဂုဏ်အင်တွေသေချာလေ့လာချင်ရင်တော့စာအုပ်တွေများပါတယ်။ ယူတတ်ရင် ၅၅၀ ဇာတ်နိပါတ်ထဲမှာတောင် ပါပါသေးတယ်။ ဒီပေါ့(ပ်)မဂ္ဂဇင်းထဲက အများမြင်လွယ်မယ့် ဥပမာလေးတွေပေးပြီး ခေါင်းဆောင် ဖြစ်သင့်တ့အဲ ခြေခံ အဂါင်္ရပ်တွေကို အပေါ်ယံလေးရေးပြထား တာပါ။သိပ်မနက်နဲပေမယ့်မှတ် သားစရာတွေပါ။ ဘာပဲပြောပြော အထက်က အချက်တွေနဲ့ ပြည့်စုံခဲ့တဲ့ လင်ကွန်း တို့ ၊ ကလင်တန် တို့ ၊ ဘုရှ်တို့ နေရာ ဆက်ခံမယ့် အိုဘားမားကို အမေရိကန်ပြည်သူတွေ ရသွားပါပြီ။ မြန်မာပြည် သူ တွေ အတွက် ခေါင်းဆောင်ဘယ်တော့ရမလဲ ဆိုတာကတော့….

မောင်ရင်

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates