ကဗျာတစ်ပုဒ်အတွက်
စစ်ခင်းခဲ့ဘူးတယ်…….
အောက်ကြေးကဖောက်လို့ပေါ့……..
အများကြီး အများကြီး
တစ်ကယ်ကိုအများကြီး
ပန်းတွေ
ငုံကြတယ်
ပွင့်ကြတယ်………
ငှက်တွေ
ပျံကြတယ်
လွှားကြတယ်……..
ဟေ့သူငယ်ချင်း
သေချင်းတရားဟာ
လူ့ဘ၀ရဲ့လွှတ်တော်မဟုတ်……..
နရသိန်ဟာလဲ
တာဝတိံသာမဟုတ်
ဒါကို
သစ္စာတရားတိုင်းသိကြတယ်
ဒါပေမဲ့………
ဘာကြောင့်သင်္ချိုင်းမြေကိုလုကြတာ
ဘာကြောင့်ဖိုးသူတော်ဝတ်ရဲတာလဲ ?
သေချာပါတယ်
အဖြေထွက်ရင်
အသေသတ်တောင်
မင်းမကြောက်တော့ဘူးဆိုတာပေါ့………
စာရေးသူ။ ။ နန်းရှင်
2 comments:
လူတစ်ယောက်ဟာ
စိတ်လွတ်ကိုယ်လွတ်နဲ့
လွတ်လပ်ပျော်ရွှင်စွာ
စိတ်တိုင်းကျ
လုပ်ချင်တာလုပ်နေရမယ်ဆိုရင်
ဘာအကြောက်တရားမှ
ရှိမယ်မထင်ပါဘူး
ဟာ.. ကောင်းတယ်ဗျာ၊ ဖတ်ဖတ်ရင်း ပြီးခါနီးကျမှ အရှိန်ပိုကောင်းလာတယ် :) ဆက်ပြီး အားပေးနေပါတယ်ဗျာ
Post a Comment