"ဆောင်းဦးပေါက်တေး "

ဒီဇင်ဘာနံ့ ခပ်သင်းသင်းလေးဝေ့တိုက်လာတယ်

တံစက်မြိတ်ကနှင်းရည်စက်တွေကျလာတာ

စောင်ခြုံထဲကနေ အိပ်ချင်မူးတူးငေးမကြည့်နိုင်တော့ဘူး

သမိုင်းကို လက်ကြောတင်းတင်းထမ်းပိုးဖို့

အလွမ်းကိုဘောင်းဘီအိပ်ထဲထိုးသိပ်ထည့်ထားရ

ကြေချင်ကြေ မွချင်မွ ဖြစ်ချင်တာသာဖြစ်ပစေတော့

ခဏခဏ ထုတ်ယုယမနေနိုင်ဘူး

အိမ်နဲ့ဝေးနေတာ

ငါတယောက်တည်းမှမဟုတ်ခဲ့တာပဲ



မိုဃ်းသွေး

2 comments:

Younggun said...

ကဗျာလေးက အတော်ကောင်းပါတယ်။ ခံစားချက်ပြင်းထန်မှုကို မြင်နေရပါတယ်။ မလာတာကြာတာမို့ လာဖြစ်တုန်း ဒီကဗျာလေးဖတ်လိုက်ရတာ တကယ်ထိတယ်ဗျာ။

မသက်ဇင် said...

ခဏခဏ ထုတ်ယုယမနေနိုင်ဘူး

အိမ်နဲ့ဝေးနေတာ

ငါတယောက်တည်းမှမဟုတ်ခဲ့တာပဲ

ယုန်ကလေးရေ-----
ဒီအပိုဒ်လေးကို ကြိုက်တယ်---
အိမ်နဲ့ဝေးနေတာ တယောက်ထဲမှ မဟုတ်တာနော်--
ကောင်းလိုက်တဲ့ကဗျာလေးပါ---
ခင်မင်လျက်
မသက်ဇင်

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates