သူငယ်ချင်းတို့ရေ …ချယ်ရီစာအုပ်ကိုဖတ်ရတော့ မှတ်သားစရာလေးတွေ တွေ့ရတယ်။ အဲ့ဒါနဲ့သူငယ်ချင်း တွေအတွက် မျှဝေမယ်ဆိုတဲ့စိတ်နဲ့ ကူးယူဖော်ပြပေးလိုက်တယ်နော်။ ဘာမှတော့ ထွေထွေထူးထူးမဟုတ်ပါဘူး။ ကောင်းမလေးတစ်ယောက်ကို ကောင်လေး တစ်ယောက်ကရေးပေးလိုက်တဲ့ ရည်းစားစာတစ်စောင်ပါ။ တကယ့်တော့ ကောင်မလေးက အဲ့ဒီကောင်လေးကို တအားမုန်းတယ်တဲ့။ ကောင်မလေးက မြ၀တီမှာလာတဲ့ တရုတ်ကား တွေကို မလွတ်တမ်း ကြည့်သတဲ့။ ဒါပေမယ့် သူမကြည့်လိုက်ရတဲ့ ဇာတ်လမ်းတွဲတွေကို ဆိုင်မှာခွေသွားငှားကြည့်တတ်တယ်။ တစ်နေ့မှာတော့ သူမတရုတ်ကားသွားငှားကြည့်ရင် ခွေထဲမှာ သူမအလွန် မုန်းတဲ့သူတစ်ယောက်က စာလွှာလေးတစ်စောင်ထည့်ပေးလိုက် တယ်။ အဲ့ဒီကောင်လေးကို မုန်းပေမယ့် ကောင်လေးရေးပေးလိုက်တဲ့စာကို ဖတ်ပြီးတော့ ပျော်မိတယ်တဲ့။ စာလေးကတော့ ဒီလိုပါ…

သို့….

ချစ်သူ….

မင်းနဲ့တို့ဟာ ရှောင်လင်မင်းသားလေးထဲကလို မမျှော်လင့်ဘဲတွေ့ခံရတယ်နော်။ စိမ်းစိမ်း ကားကားကြည့် သွားတဲ့ မင်းအကြည့်ဟာ တို့နှလုံးသားကို ရေခဲစိမ်အဆိပ်လက်ဝါးလို စူးရှခဲ့တာမို့ ဂူတိသခင်လို ဂူအောင်းပြီး အဆိပ်ထုတ်ခဲ့ရတယ်ကွာ… ဒါပေမယ့် မကုန်စင်သေးတဲ့ ဝေဒနာအပိုင်းအစတွေ တို့ရင်မှာ ကျန်နေသေးတယ် ဆိုတာ ငွေကြယ်ပွင့်တို့ကို သက်သေ တည်ပြီး ပြောရဲပါတယ်…

တို့ဟာ ၀ူကျိလို မျက်နှာမများပါဘူး ချစ်သူ.. ကွမ်းကျုံလျှမ်းလိုလည်း မယုတ်မာပါဘူး ကွယ်..ဟိုရှီနိုစံလို နောက် အနှစ်ငါးဆယ်ထိ မပြောင်းလဲပဲ ချစ်နေမှာပါ..မင်းသာ တို့အ သည်းကို နဂါးနိုင်ဓားနဲ့ခွဲပြီး အစိမ်းချွေသွားခဲ့ရင် တို့လေ… ကျိကုန်းလို ရှုးသွပ်သွားမှာပါ။ တကယ်လို့မင်းမှာ ကွမ်ရင်မယ်တော်လို ကြင်နာသနားတတ်တဲ့စိတ်ရှိရင် .. တို့မင်းအချစ် ကို သစ္စာရှင်မလေးရမ်းကျင့်လို စောင့်မျှော်နေမှာပါ။

မင်းသာတို့ကို မမေ့ရက်ဘူးအချစ်ဦးရယ်လို့ ပြောကြည့်စမ်းပါ။ တို့မင်းကို ပေါင်တရားသူ ကြီးရဲ့ ခိုင်ဖုန်းရုံးမှာတောင် လက်ထပ်ဝံ့ပါတယ်။ အဲဒီအခါကျရင် မင်းအပေါ်မှာ ဖေးမိုဝင်လို မြင့်မြတ်တဲ့အချစ်နဲ့ ချစ်ပြီး ကျန်ကျောင်းလို ကိုယ်ရံတော်အဖြစ် မင်းအနားမှာ အမြဲရှိနေမှာ ပါ။ ဒါပေမယ့်ကွယ်….

ဒါတွေဟာ ..တို့ရဲ့ မိုးကောင်းကင်အိပ်မက်တွေလို့ တို့ကိုတို့သိနေပါတယ်။ တစ်ရာ့တစ် ကြိမ်မြောက် ချစ်ခွင့်ပန် ခြင်းကို မင်းနားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မင်းအနားမှာ သစ်ခွလိပ်ပြာလို အမြဲ ပျံဝဲနေမယ့်….

(မိုးနှလုံးသားပိုင်ရှင်)

ကဲ့ သူငယ်ချင်းတို့ကော့ ကိုယ်ချစ်တဲ့သူကို ဘယ်လိုစာရေးရမှာလဲဆိုတာ သိပြီးပေါ့နော်.


ယုန်ကလေး

3 comments:

မသက်ဇင် said...

ယုန်ကလေးရေ---
စပ်မိစပ်ရာ ----
တမူးထူးစွာရေးထားတာလေးကို
လာဖတ်ပါတယ်ရှင်----
တရုတ်သိုင်းကားတွေကြည့်ရင်း အတွေးတွေ
ပေါ်လာ လို့ ရေးလိုက်ပုံရတယ်----
ဘယ်လိုပဲဖြစ်ဖြစ်--အတွေးဆန်းနဲ့ ရေးနိုင်တာကို
ချီးကျူးပါတယ်---
ကလောင်ဆိုတာ သွေးလေ ထက် လေပဲလေ--
အားပေးနေပါတယ်---ဆက်ရေးပါ--

Anonymous said...

သူကိုနောက်လိုက်တာ ( စတာကိုပြောတာနော်) စိတ်ဆိုးသွားတဲ့ ကောင်မလေးကိုရော... ဘယ်လိုပြောရင် အဆင်ပြေမလဲဗျ။ အဲဒါလေးသိရင် ပြောပြပါလား။ ကျွန်တော်က တကယ်နောက် လိုက်တာပါ။ ဘာရည်ရွှယ်ချက်မှ မပါပါဘူး။ အဲဒါလေး ဘယ်လိုရှင်းပြရမလဲ။ ပြောပြပါလား။h

MELODYMAUNG said...

အင်း နာလဲ ကိုရီးယားဇာတ်လမ်းတွဲနာမည်တွေ စဉ်းစားပြီး စာပေးကမယ် အဟိဟိ :P

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates