အချစ်ဆိုသည်မှာ


ကြယ်စင်သွေးတို့တော့ လုပ်ချလိုက်ပြန်ပြီး။ အခုလည်း အချစ်ဆိုတာကို ရေးခိုင်းတယ်။ အင်း...အချစ်ဆိုတာ ဘာလဲ အခုထိမသိသေးဘူး ဖြစ်နေတယ်။ နားလည်သလိုပဲ ရေးလိုက်တော့မယ်။ အမှားပါရင်လည်း ခွင့်လွတ်နော် ကြယ်စင်ရေ...။ ကဲစရေးပြီးနော်....

တကယ်တော့ အချစ်ဆိုတာ ဘယ်သူကမှမသင်ပဲ ကိုယ်ဘာသာကိုယ် အချိန်တန်တော့ တတ်လာတာပဲထင် တယ်။ ယုန်လေးသိသလောက်ပြောရရင် အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်ပညာရှိ။ ဘယ်အတွေးအခေါ်ပညာ ရှင်။ ဘယ်သူကမှ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မပေးနိုင်ကြသေးပါဘူး။ အချစ်ဆိုတာ နှစ်မျိုးနှစ်စားရှိတယ် ထင် တယ်။ တမျိုးက မီးလိုပူဘဲ ပူလောင်တယ်။ အဲ့ဒီပူလောင်တဲ့ အချစ်ကို လူတွေက သာယာတယ်။ ပျော်ရွင်နေ ကြတယ်။ ဥပမာ. ပိုးဖလံမျိုးဖြစ်နေတဲ့ လူတွေက ပိုပြီး တိုးကျတော့တာပေါ့.. အဲဒီအခါမှာ တခါတရံ ပျော်ရွင် မှုတွေရှိတယ်။ ကြည်နှုးမှုတွေတွေရှိမယ်။ စိတ်ပူလောင်မူတွေ ရှိကြတာပေါ့။

နောက် အချစ်ဆိုတာ မိမိရဲ့ ပိုင်ဆိုင်လိုမူအတ္တလို လူတွေက ပြောကြတယ်။ မိမိကို ပြန်လောင်မြိုက်နေတဲ့ မီးပါတဲ့။ တချို့ကျတော့လည်း အ လိုချစ်တာတဲ့.... ။အချစ်ကို လူတွေက အဓိပါယ်အမျိုးမျိုးဖွင့်ကြပြန်ရော။

အချစ်ဟာ အချစ်ပဲ

အချစ်ဆိုမှတော့ အမုန်းရဲ့ဆန့်ကျင်ဘက်ပေါ့

အချစ်ဆိုတာ တ့ခါတရံပူလောင်သလို တခါတရံအေးမြတယ်

အချစ်ဆိုတာ ပေးဆပ်ခြင်းတစ်ခုပါပဲ သူဆီကဘာမှမမျှော်လင့်ပဲ ကိုယ့်နှလုံးသားတခုလုံးနဲ့သတိရနေတာ ဘာလို့ချစ်တာလည်းဆိုရင်လည်း အဖြေကမရှိ အရာအားလုံးကို သိလျက်နဲ့ ထားခဲ့မယ်ဆိုတာ သိလျက်နော်။

အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယေယာက်နားလည်ဖို့ပါပဲ။ ရှေးစကားပုံတောင် ရှိသေးတာပဲ။ မလျော့မတင်း စောင်းကြိုးညင်းသကဲ့သို့တဲ့။ တကယ်လို့ နှစ်ယောက်စလုံး တင်းကြရင်တော့ ပြတ်ထွက်သွားမှာ အမှန် ပါပဲ။ အချစ်ဟာ အချစ်ပါပဲ ပေးဆပ်ဖို့မဟုတ်သလို ရယူဖိုလဲ မလိုပါဘူး။ ညီမျှဖို့ပဲလိုပါတယ်နော်

ယုန်လေးမျှော်လင့်ထားတဲ့အချစ်ဆိုတာကတော့ တယောက်နဲ့တယောက် အနိုင်ယူမှုမရှိဘဲ အပြန်အလှန်ချစ် နေတာမျိုးပါပဲ။ အဲဒါမျိုးဆိုရင် ပျော်ရွင်စရာကောင်းမယ်လို့ ထင်ပါတယ်။

rainbow

မမသက်ဇင်

ကိုမော်စီ

ကော်ဖီ

ကဲ ကိုကို မမတွေ ရေးပေးပါဦးနော်


ယုန်ကလေး

9 comments:

Anonymous said...

ဟဲ ဟဲ တာဝန်ကျေပါတယ် ရဲဘော်..... ယုန်ကလေး ကချစ်တက်ပါတယ်။ မချစ်တက်ဘူးပဲ အတင်းငြင်းနေတာ မဟုတ်သေးပါဘူးနော်။

Anonymous said...

အချစ်ဆိုတာ ရယူခြင်းလည်း မဟုတ် ပေးဆပ်ခြင်းလည်း မဟုတ် ညီမျှဖို့ ပါပဲ ဆိုတဲ့
အယူအဆလေးကိုတော့ အရမ်းကြိုက်သွားပြီဗျာ

ဟန်လင်းထွန်း said...

အချစ်ဆိုတာ အ လို့ ချစ်တာ တခါတလေ ချစ်ရင်လည်း အ သွားကြတယ်။ ဒီလိုလည်းပြောသေးတယ်။ အဆိုတာ ဘာလဲတဲ့ !! အဲ့ဒီလို ဘာရယ်လို့ ရေရေ ရာရာ မရှိတာ အချစ်တဲ့ !! ဘာတွေလဲမသိပါဘူး အန်တီရာ သားသားက ဘာမှနားမလည်တော့ သူများပြောတာတွေ ပြောပြနေရတာ

မသက်ဇင် said...

ယုံကလေးရေ---
အချစ်----ကို
လာဖတ်သွားပါတယ်---ကောင်းပါတယ်--
ကိုယ့်အမြင်အတိုင်း ရေးတာပဲလေ---
တာ့ထားတာကိုလည်း ရေးပါ့မယ်ရှင်--
ကျေးဇူးလည်းတင်ပါတယ်---ရသတွေ
ရေးပါအုံး--

ခွန်း said...

ကျနော့် အယူအဆကို ပြောရရင် ချစ်မိတဲ့ သူက သူချစ်မိသွားတဲ့သူ ကျေနပ် ပျော်ရွှင်ဖို့ သူ့ဘက်က အလိုလို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒပေါ်လာတာ။ အဲဒါဆိုရင်တော့ အချစ်ဆိုတာ ပေးဆပ်မှုပေါ့။ နောက်ပြီးတော့ ကိုယ်ချစ်မိတဲ့သူ ဆီက ဂရုစိုက်မှု၊ ကိုယ့်အပေါ် အလေးအနက်ထားမှု၊ ကြင်နာတတ်မှု တွေလဲ ပြန်ပြီးတော့ လိုချင်တတ်ပါတယ်။ အဲဒါဆိုရင်တော့ ရယူခြင်းပေါ့။ သေချာတာ တစ်ခုကတော့ အချစ်ဆိုတာ ရူးသွပ်မှု တစ်ခုပါပဲ။ တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူက ကိုယ့်ဘဝ အတွက် မရှိမဖြစ် အရေးကြီးသွားပြီ။ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေဟာ အဲဒီလူအပေါ်မှာ မူတည် သွားပြီလေ။ ဒါပေမယ့် လူတွေက အဲလို ရူးသွပ်ရတာကို ကျေနပ်ကြတယ်။

Chaos said...

ယုန်ကလေး မျှော်လင့်နေတဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရပါစေနော် ညီမလေး

သက်တန့် said...

ညီမလေး မျှော်လင့်တောင့်တတဲ့ အချစ်မျိုး ရရှိပိုင်ဆိုင်နိုင်ပါစေလို့... နော်... :)

Apprenticeship said...

သိပ်မှန်တာပေါ့.. အချစ်ဟာအချစ်ပဲ ဖြစ်သင့်တယ် :P

ငြိမ်းစု said...

အချစ်ဆိုတာကို အယူအဆအမျိုးမျိုးနဲ့ ပြောနေဆိုနေကြတာပဲ။ ကျနော်ကတော့ အချစ်ကို ကြီးသည် ငယ်သည် အိုမင်းရင့်ရော်သည် စသဖြင့် ဘာဆိုဘာမှ မရှိတဲ့ အရာကို အချစ်လို့ ဆိုချင်တယ်။
မှားရင်ခွင့်လွတ်နော်

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates