နအဖ၏ထိုးစစ်ကို ပြောက်ကျားစနစ်ဖြင့် ကေအန်ယူ တွန်းလှန်သွားမည်
NEJ/
၂၂ ဒီဇင်ဘာ ၂၀၀၇
line

ကေအန်ယူ ဒေသများအတွင်း နအဖနှင့် ဒီကေဘီအေပူးတွဲပြီး ထိုးစစ်ဆင်နေမှုများအား ခုခံတိုက်ဖျက်သွားကာ ပြည်တွင်းပြည်ပ နှစ်ရပ် စလုံးနှင့်ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးရေး တံခါးပွင့်လာစေရန် ကြိုးစားသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ တတိ ယအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။

ယမန်နေ့က ပြီးဆုံးသွားသည့် ဗဟိုကော်မတီအစည်းအဝေးအား ကေအန်ယူအခြေခံဒေသ တနေရာတွင် ယခုလ (၁၇) ရက်မှ စတင်ပြုလုပ်ခဲ့ပြီး KNU ခေါင်းဆောင်များ၊ တပ်မဟာအသီးသီး မှတပ်မဟာမှူးများ၊ ခရိုင်ဥက္ကဌများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသည်။

ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းက လက်ရှိနိုင်ငံရေးအခြေအနေကို ပြန်သုံးသပ်တဲ့အခါမှာ ကျနော်တို့ပြည်သူ တွေ၊ ရဲဘော်တွေဟာ စိတ်ဓာတ်မကျသွားဘူး။ နအဖရဲ့ထိုးစစ်တွေကို ဆက်ပြီးတော့ တိုက်ပွဲဝင်မယ်။ ကျနော်တို့ အနေနဲ့ ပြည်တွင်းမှာရှိ တဲ့ တိုင်းသားလူမျိုးစုတွေ၊ ပြည်သူတွေ၊ ကျန်တဲ့နိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့လက်တွဲပြီး ကြိုးပမ်းသွားမယ်လို့ ဆုံးဖြတ်ချက်ရှိပါ တယ်ဟု ပြောသည်။

နအဖစစ်အစိုးရက ဒီကေဘီအေနှင့်ပူးတွဲပြီး အာရှလမ်းမဖောက်လုပ်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ () နယ်မြေ အား () လနှင့် အပြုတ်တိုက်မည်ဟု ကြွေးကြော်ထားကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မန်းကျော်ဖေက ဒီနှစ်အောက်တို ဘာလကစပြီး ဒီကေဘီအေနဲ့နအဖ ပူးပေါင်းတပ်ဖွဲ့တွေဟာ တပ်မဟာ () နယ်မြေကို အပြုတ်တိုက်မယ်လို့ ကြုံးဝါးထားတယ်။ ကျနော် တို့ကိုလာတိုက်ဖို့ သူတို့အနေနဲ့ လူသူလက်နက် နယ်မြေအနေအထားကျွမ်းကျင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျနော်တို့ဒေသမှာ ဘယ် နေရာမှာ ဘာရှိလဲဆိုတဲ့ အားသာချက်နဲ့ ခံစစ်ရှင်ပြောက်ကျားစနစ်ကို အသုံးပြုပြီး တွန်းလှန်သွားမှာဖြစ်တယ်။ နိုင်ငံရေး ပြဿနာ တွေကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အပြုတ်တိုက်ရေးလမ်းစဉ်ဆိုတာကိုပဲကိုင်စွဲပြီး ဖြေရှင်းမယ်ဆိုတဲ့နည်းကတော့ ဘယ်လိုမှမဖြစ်နိုင် ဘူးဟုပြောသည်။

အစည်းအဝေးတက်ရောက်လာသူ တပ်မဟာ () ဒေသ သထုံခရိုင်ဥက္ကဌ ပဒိုအောင်ရွှေ ကလည်း သထုံခရိုင်အတွင်း နအဖစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ပြသည်။

၎င်းက ပြီးခဲ့တဲ့ နိုဝင်ဘာလကနေစပြီးတော့ နအဖတပ်ရင်း () ရင်း၊ ဗျူဟာ နှစ်ဗျူဟာ ကျနော် တို့ခရိုင်ထဲကိုရောက်နေပြီး ရိက္ခာသယ် ဖို့ လမ်းတွေဖောက်တယ်၊ လမ်းတွေ ပြင်တယ်။ တရွာကိုလူ (၃၀) နှုန်းနဲ့ လမ်းတွေဖောက်ခိုင်း မြေတွေသည်ခိုင်းတယ်။ ကိုယ့်စရိတ်ကိုယ် စားပြီး သွားလုပ်ပေးရတယ်။ ကြိုးဝိုင်းရွာ မြစ်ကျိုးရွာနဲ့ အဲဒီအနီးအနားကရွာတွေ အားလုံးသွားပြီးတော့ အလုပ် လုပ်ပေးရတယ်။ အခုအချိန်က စပါးရိတ်သိမ်းချိန်ဆိုတော့ ရွာသားတွေ အတော်ဒုက္ခရောက်ကြတယ်။ အတင်းအဓမ္မခိုင်းတယ်၊ စစ်တပ်က ရိက္ခာတွေ တောင်းတယ်ဟု ပြောသည်။

သထုံခရိုင်အတွင်း နိုဝင်ဘာလမှစ၍ နအဖစစ်တပ်က စစ်သုံးလမ်းများ ဖောက်လုပ်လျက်ရှိရာ ကျိုက်ကော်မှ ပိန္နဲတော၊ လေးကေ၊ ကျသောင်းဆိပ်ရွာအထိဖြစ်ပြီး တံတားထိုးရမည်ဆိုပါက လိုအပ်သည့် သစ်ဝါးများအား ဒေသခံရွာသားများက ရှာဖွေပေးနေရသည်ဟု ပဒို အောင်ရွှေက ပြောသည်။

KNU ဒေသများအတွင်း ထိုးစစ်ဆင်နေသည့် နအဖတပ်ရင်းပေါင်း (၁၈၇) ရင်း ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရူ့ရန်

ဒီကေဘီအေကားတိုက်ခိုက်ခံရသဖြင့်လူ()ဦးသေဆုံး
NEJ/
၁၈ဒီဇင်ဘာ၂၀၀၇

ယနေ့နံနက် ()နာရီတွင် ကော့ကရိတ်မှ မြ၀တီမြို့သို့ ထွက်ခွာလာသည့် ယာဉ်တန်းတွင်ပါဝင်သည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)ကား တစီးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန် အယ်လ်အေ)တပ်ရင်း (၁၈)က အောက်ဘိုတဲနှင့် အလယ်ဘိုတဲကြားတွင် ကြားဖြတ်တိုက်ခိုက်ရာ ယာဉ်ပေါ်လိုက်ပါလာသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တဦး သေဆုံးသွား သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ()မှ ဗိုလ်မှူးတဦးက ယခု တိုက်ခိုက်မှုအား အတည်ပြုပြီး အသေးစိတ် အစီရင်ခံစာ မရောက်ရှိသေးကြောင်း ပြော ကြားသည်။

ကော့ကရိတ်မြို့မှ မျက်မြင်ကုန်သည်တဦးက ဒီမနက် () နာရီခွဲလောက်မှာ ဖြစ်တယ်။ ဒီကေဘီအေ() ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် () ဦးသေသွားတယ်။ ပျက်စီးသွားတဲ့ကားနဲ့ အလောင်း () လောင်းကိုတော့ ကော့ကရိတ် ပြန်သယ်သွားပြီဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အခြားအရပ်သတင်းတခုတွင် ဒီကေဘီအေ တပ်ဖွဲ့ဝင် () ဦးနှင့် အရပ်သား () ဦး သေဆုံးသည်ဟု ပြောဆိုလျက်ရှိသည်။

ဆက်လက်ဖတ်ရူ့ရန်

ကျမဘ၀ရဲ့ အမှတ်တရလေးများ (၁)

နွေရာသီတောင် ရောက်တော့မှာဘဲလို့ ကျမ ကျောင်းခန်းထဲမှာ ဆရာမ စာသင်ရင်းနဲ့ တွေးနေမိတယ်။ ဆောင်းအကုန် နွေအကူးမို့လား မသိဘူး။ ကျမတို့ ကျောင်းမှာရှိတဲ့ သစ်ပင်ကြီးနှစ်ပင်ရဲ့ အရွက်ကလေးတွေက အ၀ါရင့်ရောင်သန်းပြီး လေတိုက်တဲ့အခါတိုင်း ကြွေကျ လျက်ရှိတယ်။ အဲဒီအချိန်မှာ ကျမတို့အတန်းကို စာသင်ဖို့ အချိန်ကျရောက်လာတာကတော့ မြန်မာစာ ဆရာမ အချိန်ဖြစ်တယ်။ ကျမတို့ မြန်မာစာ ဆရာမက ကျမတို့ကို ကျေးရွားဓလေ့နှင့်ပတ်သက်တဲ့ ကဗျာတစ်ပုဒ် ကျမတို့ကို လာသင်ပေးတယ်။ ကဗျာထဲမှာ တောရဲ့ ဓလေ့၊ ရိုးရာ၊ ကျေးရွာသူရွာသားတွေက ဘယ်လိုရိုးသားတဲ့အကြောင်း စသဖြင့်ပါတယ်။ အဲဒီအချိန်မှာ ကျမနဲ့တခုံတည်း ထိုင်တဲ့ သူငယ်ချင်းမတစ်ယောက်က ကျမကို အခုလို ပြောတယ်။ ဆရာမက ဒီကဗျာလာသင်တဲ့အခါမှာ သူရွာကို သူသတိရတယ်။ ပြန်ချင်တယ် ။ ဒီနှစ်နွေရာသီကျောင်းပိတ်ရင် ရွာမှာ ရှင်ပြုပွဲရှိတယ်။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းကလည်း ဇာတ်ငှားမယ်တဲ့။ ကျမ သူကို ပြန်မေးလိုက်တယ်။ နင်ဘယ်မှာ သွားကြားတာလဲ။ ဟုတ်ရဲ့လားလို့။ သူမက ဟုတ်တယ်။ သူအမေက သူဆီစာ ရေးပေးလိုက်တယ်တဲ့။ တကယ့်လို့ ရှင်င်ပြုပွဲလုပ်ရင် ဘုန်းကြီးက မန္တလေးမှာရှိတဲ့ နာမည်ကြီး ဇာတ်ကို သွားငှားမယ်လို့ ကျမကို လာပြောတယ်။ ဒါပေမယ့် ကျမသူ့ကို သိပ်မယုံဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမက အမြဲတမ်း ရွာကိုပဲ ပြန်ချင်တယ်လို့ ပြောတာကိုး။ ဒါနဲ့ ကျမက ဆရာမစာသင်နေတယ်။ စကားမများနဲ့လို့ ပြောလိုက်တယ်။ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ ကျမလည်း အဆောင်ကို ပြန်လာတယ်။ အဆောင်ရောက်တာနဲ့ လွယ်အိတ်ချပြီး ရေချိုးမယ်လုပ်တုန်း သူငယ်ချင်းတစ်ယောက်က ကျမကို လာခေါ်တယ်။ နင်ရဲ့ဦးလေး ရောက်နေတယ်။ အဲဒါ နင့်ကိုတွေ့ချင်တယ်လို့ပြောတယ်။ သွားတွေ့လိုက်ဦးတဲ့။ ကျမလည်း ဦးလေး ရောက်လာရင်တော့ မုန့်ဖိုးလည်းရမယ်။ အိမ်ကစာလည်းရမယ် ဆိုတဲ့ အတွေးနဲ့ပျော်ပြီး ဦးလေးကို သွားတွေ့တယ်။ ကျမရဲ့ ဦးလေးက အမေဘက်က တော်တယ်။ အမေရဲ့မောင်ပေါ့နော်။ ဦးလေးကိုတွေ့တော အရမ်းပျော်မိတယ်။ ဦးလေးလည်း ပျော်မယ်လို့ ကျမထင်မိ တယ်။ ဦးလေး က ကျမအတွက် မုန့်တွေနဲ့စာတွေ ယူလာပေးတယ်။ ကျမကို မုန့်တွေ ၀ယ်ကျွေးလို့ပေါ့။ နောက်ပြီး စာကိုကြိုးစား တဲ့။ စာတတ်မှ သူများ အနှိမ့်မခံရမှာတဲ့။ ကျမရဲ့ ဦးလေးက (ကေအဲန်ယူ)မှာ အရာရှိတစ်ယောက်လေ။ ကျမကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးတယ်။ တွေ့ရတာ ၀မ်းသာတယ်ဆိုတဲ့အကြောင်း ဟိုစကားဒီစကား လိုက်ပြောကြတယ်။ ဦးလေးက ကျမအတွက် အိမ်က ပေး လိုက်တဲ့စာပါတယ်၊ အုန်းဆီတွေလည်း ယူလာပေးတယ် ။ ဒီနှစ် ရွာကို ပြန်မလာဘူးလားတဲ့ ကျမကိုမေးတော့ ကျမက ပြန်ချင် တာပေါ့။ ဒါပေမဲ့ ဘယ်သူလာကြိုမှာလဲ မနှစ်ကဘဲ ပြန်ပြီးတယ်။ ကြိုမယ့်လူရှိရင်တော့ ကျမပြန်မယ်လို့ သူ့ကို ပြန်ပြောလိုက်တယ်။ ဦးလေးက သူလာကြိုမှာပေါ့တဲ့။ တကယ်လား လို့ကျမပြန်မေးတယ်။ ဒါပေမယ့် ဦးလေး အလုပ်များတာကို ကျမသိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံကပေးတဲ့ တာဝန်ကို ထမ်းဆောင်နေရတာလေ။ ဦးလေးက မကြာခင် သူပြန်ရတော့မယ်၊ အိမ်အတွက်စာထည့်ပေးချင် တယ်ဆိုရင် စာတွေရေးထားပေါ့။ ဖြစ်နိုင်ရင် ဒီညဘဲ ပြန်ရေးပါတဲ့။ ကျမလည်း စာတွေနဲ့ ဦးလေးပေးတဲ့ မုန့်ဖိုးကို လက်ထဲမှာ ကိုင်ပြီး အဆောင်ကို ပြန်လာတော့တယ်။ အဆောင်ရောက်တာနဲ့ ရေမိုးချိုးပြီး ထမင်းသွားစားတယ်။ အလုပ်တွေ အကုန်လုံးပြီးတာ နဲ့ အိမ်ကပို့လိုက်တဲ့ စာတွေကို ဖောက်ဖတ်တော့တယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာကတော့ ကျမ မထင်မှတ်တဲ့ အကြောင်း တွေပါလာတာကို တွေ့ရတယ်။ အဲဒါကတော့ ဒီနှစ်နွေရာသီကျောင်းကြီးပိတ်ရင် ပြန်လာပါတဲ့။ ကျမရဲ့ မောင်လေးတွေကိုလည်း ရှင်ပြုပေးမယ်ပေါ့။ ကျမ အလွန်ဝမ်းသာသွားတယ်။ ဒါနဲ့ အင်း ရွာကို ပြန်လာမယ်ဆိုတဲ့ အကြောင်း စာပြန်လိုက်တယ်။ ကျမရဲ့ တစ်ရွာတည်းသား သူငယ်ချင်းတွေအတွက်လည်း အိမ်က ပို့လိုက်တဲ့ စာတွေပါလာတယ်။ စာတွေဖတ်ပြီးတာနဲ့ရွာကို တခါတည်း ပြန်ချင်စိတ်ပေါက်တော့တာပဲ။ ကျမထက် ကျမရဲ့ သူငယ်ချင်းကတော့ ပိုဆိုးမှာပဲလို့ တွေးမိတယ်။ သူလည်း သူရဲ့မောင်လေးကို ရှင်ပြုပေးမယ်တဲ့။ ကျောင်းကြီးပိတ်ရင်သူအမေ လာခေါ်မယ်ဆိုတာကိုပေါ့။ ကျမတို့သူငယ်ချင်းနှစ်ယောက်ရဲ့ စိတ်ထဲမှာ မြန်မြန်စာ မေးပွဲဖြေပြီး မြန်မြန်ရွာကိုဘဲ ပြန်ချင်တယ်။ အချိန်တွေ၊ ရက်တွေ၊ လတွေကို တရက်ပြီးတရက် တွက်နေမိတယ်။ အဲဒီအချိန်မှာ အားလုံးအတွက် စာမေးပွဲဖြေဖို့ အချိန်နီးကပ်လို့ စာတွေကျက်နေကြပြီ။ ကျမတို့အတွက်ကတော့ အချိန်ကကြာညောင်းပြီး မကုန်နိုင် သလိုဘဲ ခံစားမိတယ်။ ကျမရဲ့အကျင့်က စာမေးပွဲနီးတဲ့အချိန်မှာ စာကျက်ရမှာ ပျင်းတယ်။ မကျက်ဘူးတော့မဟုတ်ဘူးပေါ့။ တခြားလူနဲ့ တော့ ခံယူချက်ချင်းမတူဘူး။ စာမေးပွဲနီးမှ စာကျက်လို့ကတော့ ကျက်ပြီးသား ရပြီးသားစာကိုလည်း မေ့သွားနိုင်တယ်လို့ ကျမထင် တယ်။ ဒါကြောင့် သိပ်ပြီးမကျက်ဘူး။ ရပြီးသားစာတွေကို ပြန်နွေးတယ်။ မရတဲ့စာတွေကို စိတ်ထဲမှာပဲ မှတ်ထားတယ်။ တကယ့်လို့ စာမေးပွဲမှာပါခဲ့ရင် သတိရရင်ဖြေချလိုက်မယ်။ မရရင် မဖြေဘူးပေါ့နော်။ ကျောင်းခန်းထဲက သူငယ်ချင်းတွေကတော့ စာတွေရပြီးလားလို့ ကျမတို့ကိုလာမေးရင် ရပြီလို့ဘဲ ကျမကတော့ အမြဲတမ်း ပြန်ဖြေမိတယ်။ အချိန်တွေလည်း တဖြည်းဖြည်းနဲ့ကုန်ဆုံးလာတော့ စာမေးပွဲကြီးဖြေဖို့ အချိန်ဘက်ကို ရောက်လာတော့တယ်။ ကျမတို့ တဘာသာပြီး တဘာသာ ဖြေဆိုတာပေါ့။ အဲလိုစာမေးပွဲ ဖြေပြီးတဲ့ အခါမှာ တချို့ကတော့ ဟိုစာမရလို့ ဒီစာမရလို့ ဖြေပြီးသား မေးခွန်းတွေကို ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်တိုမိတာတွေကိုလည်း တွေ့ရတယ်။ ကျမတကယ်ပြောရရင် ကျမလည်း မရတာတွေ အနည်းနဲ့အများကတော့ ရှိကြတာပဲ။ ဒါပေမယ့် တခါမှ မေးခွန်းစာရွက် တွေပြန်ကြည့်ပြီး စုတ်မဖြဲဖူးဘူး။ ဖြေပြီးသားမေးခွန်းတွေကို နောင်အတန်းတက်လာမယ့် မောင်လေးတွေ၊ ညီမလေးတွေ အစမ်းကြည့်ရ အောင်ဆိုပြီး အမြဲတမ်းသိမ်း ထားပေးတယ်။ အဲဒါကတော့ ကျမ ကျောင်းနေတဲ့ အချိန်မှာ အကျင့်ဆိုးလေးလား၊ အကျင့်ကောင်းလား တော့မသိဘူးနော်။ စာမေးပွဲဖြေပြီးတာနဲ့ သူငယ်ချင်းတွေ အုပ်စုဖွဲ့ပြီး စတိုင်ပင်ကြတယ်။

ယုန်ကလေး


ဆက်လက်ဖတ်ရူ့ရန်

အဖြည့်ခံ


ကျမ သူများဘလောဂ့်ကို လိုက်ဖတ်ကြည့်တဲ့အခါမှာ စာအသစ်တင်ထားတာကို တွေ့ရတော့ ကိုယ့်ဘောဂ့်ကို စာအသစ်တင်ရမှာကို သတိရတော့တယ်။ ဒါနဲ့ ဘာစာတွေတင်ရမလဲဆိုပြီး စဉ်းစားရင်း အဖြေတခုကို တိတိကျကျ ချရေးတော့မိတယ်။ အဲဒါဘာလဲဆိုတော့ အဖြည့်ခံဆိုတဲ့ အကြောင်းအရာကို ကျမရဲ့ဘောဂ့်မှာတင်ပြီး ဘောဂ့်သူငယ်ချင်းတွေကို မျှဝေခံစားစေမယ်ဆိုတာကိုပေါ့။ ကျမစရေး တော့မယ်နော်။

လူတိုင်းလူတိုင်းဟာ မွေးလာကတည်းက ဘာမှပါမလာဘူးဆိုတာ လူတိုင်းသိကြပါတယ်။ လိုအပ်ချက်တွေနဲ့ပဲ ကိုယ့်ဘ၀ကို ကိုယ့်ကိုယ်တိုင်က ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရမှာပဲ။ ကိုယ့်ဘ၀ကောင်းစားဖို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ယူရမှာပဲ။ ဒါပေမယ့် တချို့ လူတွေက ဘ၀ကို ရိုးသားစွာ ကြိုးစားပမ်းစား လုပ်ကိုင်ပြီး အောင်မြင်သွားကြတာရှိသလို တချို့သောလူတွေကတော့ မိမိဘ၀ကို အများထက်သာရမယ်ဆိုတဲ့ စိတ်တခုတည်းနဲ့ ညစ်ပတ် ကောက်ကျစ်တဲ့ နည်းလမ်းကိုသုံးပြီးတော့ အောင်မြင်သွားကြတဲ့ လူတွေလည်း အများကြီးပါပဲ။ ဒါပေမယ့် မိမိရဲ့ စိတ်ထဲမှာ ရိုးသားမှုကို အသုံးချပြီး ကိုယ့်ဘ၀ကို အောင်မြင်ချင်သလား။ မြေခွေးလို ကောက် ကျစ်တဲ့ နည်းလမ်းနဲ့ ဘ၀ကိုအောင်မြင်ချင်သလား။ အကောင်းဆုံးကတော့ ရိုးသားမှုရှိပြီး မှန်ကန်တဲ့ နည်း လမ်းကို အသုံးချဖို့ပါပဲ။ ဒါပေမယ့် လူဖြစ်လာပြီဆိုမှတော့ ကိုယ့်ဘ၀ကို ကိုယ့်လျှောက်လှမ်းတဲ့ အချိန်တွေမှာ စိတ်ဓာတ်ကျတာတွေနဲ့လည်း ကြုံရမယ်။ ပျော်ရွင်စရာ တွေနဲ့လည်း ကြုံရမှာပဲ။ ဘ၀ဆိုတာ အမြဲတမ်း သာယာနေတာ့ နံနက်ခင်းလေးတခုမှ မဟုတ်တာ။ ချမ်းသာတဲ့လူတန်းစားတွေလည်း သူ့ဒုက္ခနဲ့ သူရှိတာပဲ။ ဆင်းရဲသားတွေမှာ ရှိနေတာမဟုတ်ပါဘူး။ တကယ့်တာ ဘ၀ဆိုတာ ဒီရေ အတက်အကျလိုပါပဲ။ စကားပုံ တောင်ရှိသေးတယ် .ပျှော်ရာမှာ မနေပဲ တော်ရာမှာ နေရမယ်ဆိုတာလေနော်။ တကယ့်တော့ လူတွေမှာ အားငယ်တဲ့စိတ်၊ ကြောက်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်တွေနဲ့ အများရှိနေကြတာပဲ မဟုတ်လား။ တခါတလေတော့ ကိုယ်က မထင်မှတ်ပဲ ပြင်လို့ရတဲ့အမှား တခုကို လုပ်မိတယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ကိန်းအောင်းမနေပဲ အဲဒီအမှားကို ဘယ်လိုပြုပြင်ရမလဲဆိုတာ သိတဲ့လူကို ပြောပြပြီး အကြံည%်ာတောင်းသင့်ရင် တောင်းရမှာပါပဲ မဟုတ်လား။ တကယ်လို့ အဲဒီအမှားကို ကိန်းအောင်းပြီး ဘာမှမလုပ်ရဲ မကိုင်ရဲဘူးဆိုရင် ကိုယ့်ဘ၀ပဲ နစ်နာမယ်။

ကိုယ်ဘ၀ကို ကိုယ့်လျှောက်လှမ်းတဲ့အခါမှာ ပြည့်စုံခြင်းတွေနဲ့ကြုံရမယ်ဆိုရင် ဘယ်ပျှော်စရာကောင်းမလဲနော်။ အခက်အခဲဆိုတာကို လူတိုင်းကျော်ဖြတ်ရမှာပဲ။ အခက်အခဲတွေ၊ ဒုက္ခတွေအရင်ကျော်ဖြတ်ပြီးမှ ပျှော်ရွင်မှုတွေ၊သုခတွေကို ကြုံရမှာအသေအချာပါပဲ။ ကိုယ်က လိုချင်တာနဲ့ ဖြစ်ချင်တာတွေဆိုတဲ့ လိုအပ်ချက်ကို ပဲသိပြီး ပေးဆပ်ရမှာ မသိဘူးဆိုရင် ကိုယ်ဖြစ်ချင်တာလဲ ဖြစ်ခွင့်ရှိမှာ မဟုတ်ပါဘူး။ လိုအပ်ချက်တွေနဲ့ပဲ စိတ် ဓာတ်ကျပြီး တောင်းတမှုကို မျှော်လင့်နေမယ့်အစား ကိုယ့်လုပ်မယ့် အရာကိုသာရဲရဲ လုပ်မယ့်ဆို အကောင်း ဆုံးပါပဲ။ စစ်တောင် မတိုက်ရသေးဘဲ မြှားကအရင် ကုန်နေလို့ ဘယ်ဖြစ်မလဲနော်။ တကယ်လို့ စိတ်ဓာတ်ကျ စရာတွေနဲ့ ကြုံတဲ့အခါမှာ ပျှော်ရွင်စရာလေးတွေလို စိတ်ထဲမှာ သတ်မှတ်ထားရင် အကောင်းဆုံးပါပဲ။ ဥပမာ- တခုပြောရမယ်ဆိုရင် လူတစ်ယောက်က စိတ်ဓာတ် ကျနေတဲ့အချိန်မှာ အပြစ်တင်စရာရှားလို့ ဖန်ဆင်းရှင်ကို အပြစ်တင်လေသတဲ့။ ဖန်ဆင်းရှင်နဲ့ တွေ့တော့ လူသားက အရင်စပြောတယ်။ မတရားဘူး.လုံးဝမတရားဘူး တဲ့။ ဒါနဲ့ ဖန်ဆင်းရှင်က ဘာဖြစ်လို့လဲကွာပေါ့။ လူသားက ကျွန်တော်ကို ဖန်ဆင်းတုန်းက ပြည့်စုံအောင် ဘာဖြစ်လို့ တခါတည်း မဖန်ဆင်းခဲ့ရတာလဲ။ အခုတော့ကျုပ်မှာ အမြဲတမ်း လိုအပ်ချက်တွေနဲ့တဲ့။ ဖန်ဆင်းရှင်က စေတနာနဲ့ပါကွာလို့ ပြန်ပြောတယ်။ လူသားက ဘာဗျ…ဘာစေတနာနဲ့လဲ။ ဖန်ဆင်းရှင်ကလည်း တကယ်ပါ ကွာ။ လောကမှာ အောင်မြင်မှုဆိုတာ အခက်အခဲ တွေ၊ မပြည်စုံခြင်းကို ကျော်ဖြတ်ပြီးမှ ရလာတာကွ။ အဲဒါမှ အောင်မြင်မှုဆိုတာကို တန်ဖိုးထားတတ်ကြတယ်။ ဒါကြောင့် အောင်မြင်မှု ဆိုတာရှိဖို့ မပြည်စုံခြင်းတွေကို ဖန် တီးပေးထားရတာပါကွာ…နားလည်ပါတဲ့…။ ကဲ သူငယ်ချင်းတို့ ဘယ်လိုထင်မလဲနော်။ တကယ်တော့ လူဆိုတာ ကိုယ့်ဘ၀အတွက် အဖြည့်ခံပဲမဟုတ်လား။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

နအဖစစ်တပ်က ညှဉ်းပန်းသတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်နေဟု ကေအန်ယူပြော
NEJ/
၁၄ဒီဇင်ဘာ၂၀၀၇

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ()ဒေသ ညောင်လေးပင် ခရိုင်အတွင်း ယခုလဆန်းမှစတင်ကာ မြန်မာစစ်တပ်မှ ဒေသခံကျေးရွာသားများအား ညှဉ်းပန်းသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ယခင်ထက် ပိုမိုလုပ်ဆောင်လာကြောင်း ညောင်လေးပင် ခရိုင်ဥက္ကဋ္ဌ ပဒိုလေးလော်ဆောက ပြောကြားသည်။

၎င်းက ညောင်လေးပင်ခရိုင် လယ်ဝါးကျေးရွာ၌ နအဖစစ်တပ်က ၀င်ရောက်ပစ်ခတ်၍ စပါးကျီများနှင့် ရွာသားများ၏ အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ယမန်နေ့ ညနေပိုင်း၌ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေခံသတင်းထောက်များအား ပြောကြားသည်။

အဓိက သူတို့လုပ်တာကတော့ နယ်မြေစိုးမိုးရေးနဲ့ လူမျိုးသုတ်သင်ရှင်းလင်းရေး စစ်ပွဲဖြစ် တယ်။ ဒီလဆန်းမှာဆိုလို့ရှိရင် မုံးမြို့နယ်မှာ တောင်ယာထဲမှာ ရွာသားတွေကို ၀င်ဖမ်းတာ အားလုံးထွက် ပြေးပြီး တယောက် အဖမ်းခံရတယ်၊ အဲဒီလူကို မျက်စိနှစ်လုံး ထိုးဖောက်ပြီး လျှာကို ဖြတ်လိုက်တယ်၊ အဲဒီအမျိုးသားကို နောက်နှစ်ရက်အကြာမှာ အလောင်းကိုပြန် တွေ့တယ်။ နောက်ပြီး ၀ါဒိုခိုဆိုတဲ့ရွာမှာ တောင်ယာထဲကရွာသား () ယောက်ကိုဖမ်းပြီး () ယောက်ကို ပစ်သတ်လိုက်တယ်။ ကျန်တဲ့နှစ်ယောက်ကိုတော့ ကြိုးချီပြီး မိုင်းနင်း ကိရိယာအဖြစ်သုံးတယ်။ တောထဲမှာ ရွာသားက မိုင်းမနင်းမိဘဲ အနောက်ကလိုက်တဲ့ နအဖစစ်သားက မိုင်းနင်းပြီးတော့ သေသွားတယ်။ ဒီနှစ်မိုးတွင်း ဇွန်လမှာ ဖြစ်တာဟု ပဒိုလေးလော်ဆောက ရှင်းပြသည်။

နအဖစစ်တပ်က တောင်ယာများတွင် မိုင်းထောင်ထားသဖြင့် ရွာသားများမှာ တောင်ယာ မရိတ်သိမ်းရဲတော့ဘဲ အရှုံးခံကြရကြောင်း၊ တပ်မဟာ()ဒေသရှိ ရွှေကျင်မြို့နယ်၊ မုံးမြို့ နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာသား() ထောင်ခန့်ရှိကြောင်း၊ ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများကို ကေအန်ယူက ကူညီပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုပွင့်လင်းရာသီတွင် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်မဟာအချို့တွင် နအဖ နှင့် DKBA တပ်ဖွဲ့ဝင်များပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ကျန်တပ်မဟာ ဒေသအသီးသီးကိုလည်း ထိုးစစ်ဆင်ရန် တပ်အင်အားများ တိုးချဲ့ပို့ဆောင်ထား ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးတဦးက ပြောသည်။

နအဖထိုးစစ်ဆင်ခြင်းနှင့်ပတ်သက်၍ ယခုလ (၁၀)ရက်က ကရင်အမျိုးသား အစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်တွင် နအဖ၏ထိုးစစ် သည် မျိုးဖြုတ်စစ်ဆင်မှုသာဖြစ်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်ကြိုးပမ်းနေသည့် အခြေအနေနှင့် ဆန့်ကျင်နေ သောကြောင့် ပြည်တွင်းပြည်ပနှစ်ရပ်စလုံးမှ ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်ကြရန် ဖော်ပြ ထားသည်။

ဆက်လက်ဖတ်ရူ့ရန်

သူငယ်ချင်းတစ်ယောက်က သူကြိုက်လို့ ကျမကို ပိုပေးလိုက်တာပါ။ သူငယ်ချင်းတို့ကို မျှဝေခံစားစေချင်ပါတယ်။


And my heart soars

The beauty of the trees,

the softness of the air,

the fragrance of the grass,

speak to me.

The summit of the mountain,

the thunder of the sky,

the rhythm of the sea,

speak to me.

The faintness of the stars,

the freshness of the morning,

the dew drop on the flower,

speak to me.

The strength of fire,

the taste of Salmon,

the trail of the sun,

and the life that never goes away,

they speak to me.

ဆက်လက်ဖတ်ရူ့ရန်

ဒီဇင်ဘာအမှတ်တရ အလွဲအမှား(၂)

ကျမတို့ကျောင်းမှာ အားကစားပြိုင်ပွဲကို ဒီဇင်ဘာရောက်တိုင်း နှစ်စဉ်ကျင်းပလျက် ရှိတယ်။ အားကစားပြိုင်ပွဲလုပ်ရခြင်း ရည်ရွယ် ချက်ကတော့ တစ်ကျောင်းနဲ့တစ်ကျောင်း ချစ်ကြည်ရေး အနေနဲ့ယှဉ်ပြိုင်ခြင်း ဖြစ်တယ်။ အဲဒီနှစ်က အခြားကျောင်းက ကျမတို့ ကျောင်း ကို လာဖိတ်တယ်။ ယှဉ်ပြိုင်တဲ့နေရာကတော့ သူတို့ အားကစားကွင်းဆီမှာ သွားပြီးတော့ ယှဉ်ပြိုင်ရမယ်။

တခြားကျောင်းနဲ့ ကျမတို့ကျောင်း အားကစားပြိုင်ပွဲ ယှဉ်ပြိုင်တဲ့ အချိန်ရောက်ရင် ပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့အတွက် ကျောင်းသူကျောင်းသား တွေကို ဆရာ၊ ဆရာမတွေက လိုက်ရွေးကြ တယ်။ အရပ်အမောင်းက အစပေါ့နော်။ သတ်မှတ်ထားတဲ့ အရပ်နဲ့ကိုက်ညီမှ ဆရာမတွေ က ရွေးကြတယ်။ အဲဒီအချိန်မှာ ကျမက အဆော့ဆိုရင် တအားမက်တယ်။ အိမ်နီးချင်း သူငယ်ချင်းတစ်ယောက်လည်း ကျမလိုဘဲ အဆော့မက်တယ်။ သူနဲ့ကတော့ ညီအမ လိုဘဲလေ။ ပြောမနာ ဆိုမနာ လေးပေါ့။ ကျမတို့ကျောင်းမှာ ထုတ်စည်းထိုး၊ အပြေးပြိုင်ပွဲ၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊အမြင့်ခုန် စတဲ့ပြိုင်ပွဲလေးတွေကို ဆရာမက လုပ်ပေးတယ်ပေါ့နော်။ မိန်းကလေးတွေ အတွက်ကတော့ ထုတ်စည်းထိုး၊ အမြင့်ခုန်၊ အပြေး၊ ဘောလုံး စတာတွေ ပါဝင်ပြိုင်နိုင်တယ်။ အဲဒီအချိန် ကျမမှာ သူငယ်ချင်းဆိုလို သိပ်မရှိပါဘူး။ အလွန်ဆုံးမှ လေးယောက်ပဲ ရှိပါတယ်။ သူတို့တွေကတော့ မြန်မာတွေ လေ။ ကရင်စကားကို တစ်လုံးမှ နားမလည်တဲ့ သူငယ်ချင်းလေးတွေပေါ့။ ကျမတို့ သူငယ် ချင်းအဖွဲ့က ပြိုင်ပွဲမှာ ပါဝင်ဖို့အတွက် ၀င်ပြိုင်ကြတယ်။ ဒါပေမဲ့ကျမက မပါချင်ဘူး။ သူတို့က အတင်းလိုက်ပြီး ပါဝင်ခိုင်းတယ်လေ။ ဒါနဲ့ကျမလည်း ၀င်ပြိုင်တာပေါ့နော်။ ၀င်ပြိုင်တဲ့အခါမှာ ကျမနဲ့ အိမ်နီးချင်းက သူငယ်ချင်း တစ်ယောက် အရွေးခံရတယ်။ ကျမရဲ့ သူငယ် ချင်းအားလုံးက ၀မ်းသာကြတယ်။ ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ အလွန်များ တဲ့ကြားထဲမှာ ကျမတို့သူငယ်ချင်းအဖွဲ့က နှစ်ယောက်အရွေးခံ ရတယ်လေ။ တခြား သူငယ်ချင်းတွေ လည်းပါဝင်ကြတယ်။ သတို့နဲ့က တော့ တအားမခင်ဘူး။ ပြိုင်ပွဲဝင်ဖို့အတွက် ဆရာမက နေ့စဉ်နေ့တိုင်း လေ့ကျင့်ပေးတယ်။ လေ့ကျင့်တဲ့ အချိန်မှာတော့ အကုန်လုံး အဆင်ပြေတယ်။ ဒါနဲ့ ပြိုင်ပွဲဝင်ရတော့မယ် အချိန်လည်းရောက်တော့မယ်။ ဆရာမက ကျောင်းသူကျောင်းသားတွေအားလုံးကို ဟောခန်းမှာ စုခိုင်းတယ်။ ဆရာမက တခြား ကျောင်းမှာ အားကစားသွားပြိုင်ရမယ့်အကြောင်း၊ ဘယ်နှစ်နာရီမှာ အားကစားစမယ့်ဆိုတဲ့ အကြောင်း၊ ကျောင်းသူကျောင်းသားများ သွာရောက်အားပေးဖို့ ဆရာမက ကျောင်းသူ ကျောင်းသားတွေကို ပြောကြားတယ်။ ကျမတို့က ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမယ်ဆိုတော့ စောပြီးသွားထားတယ်။ ကျောင်းက သူငယ်ချင်းတွေက နှောက်မှလာကြတယ်။ ကျမအတွက်က အခုလို ပြိုင်ပွဲတစ်ခါမှ မပြိုင်ဖူဘူးဆိုတော့ ရင်တအားတုန်တယ်။ ခြေတွေလက် တွေလည်း အေးလာတယ်။ ဆယ်တန်းစာမေးပွဲ ဖြေရသလိုပဲ ခံစားရတယ်။ စိတ်ထဲမှာလည်း ပြိုင်ပွဲဝင်တဲ့အချိန်မှာ ဘာမှလွဲချော်မူ မရှိပါစေနဲ့လို့ ဆုတောင်းနေမိတယ်။ တကယ့်လို့ တခုခုလွဲချော်သွားရင်တော့ ရှက်စရာကြီးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်း သူ ကျောင်သားတွေကလည်း အများကြီးပဲ လာအားပေးကြတယ်။ နောက်ပြီး သူများ ကျောင်းလည်း ဖြစ်တယ်။ ကိုယ့်ကျောင်းမဟုတ်တော့ ပိုဆိုးတာပေါ့။ ဒါနဲ ပြိုင်ပွဲဝင်ဖို့ အချိန် လည်း ရောက်တော့ ဆရာ၊ ဆရာမတွေက ကိုယ့်ကျောင်းက ကလေးတွေကိုလိုက်ပြီး အားပေးစကားပြောကြတယ်။ ကောင်းကောင်း လုပ်နော်။ စိတ်အေးအေးထား။ စိတ်မလောနဲ့။ အမျိုးမျိုးအားပေးစကားကို ကြားရတယ်။ အားလုံးကတော့ ဟုတ်ကဲ့ပဲ။ ပထမဆုံး ယှဉ်ပြိုင် ဖို့ အလှည့်ကျရောက်တာကတော့ ကျမရဲ့ သူငယ်ချင်းပဲ။ သူငယ်ချင်းအားလုံးက ၀ိုင်းပြီး အားပေးကြတယ်။ ကျမသူငယ်ချင်းပြိုင်ရမယ့် အားကစားကတော့ ထုတ်စည်းထိုးနဲ့ ကြက် တောင်ရိုက်ပြိုင်ပွဲမှာ ပါဝင်တယ်။ ကျမကတော့ အပြေးနဲ့ အမြင့်ခုန်မှာပါတယ်။ တခြား သူငယ်ချင်းကတော့ ဘောလုံးတို့ ကြက်တောင်ရိုက်တာတို့မှာ ပါဝင်ကြတယ်။ သူက ပြိုင်ပွဲ တွေမှာ ပါဝင်ဖူးတယ်ဆိုတော့ သူအတွက်က သိပ်ပူစရာ မလိုဘူးလေနော်။ နှစ်တိုင်း သူက ဆုရတယ်။ ကျမက အားကစားမှာ ၀ါသနာပဲပါတာ။ တကယ့်ပြိုင်ပွဲဆိုရင်တော့ မပြိုင်ရဲဘူး။ ဘာဖြစ်လို့လဲမသိဘူးနော်။ ကျမရဲ့ သူငယ်ချင်းမက တခြားကျောင်းက သူတွေနဲ့ အားက စားပြိုင်ပွဲတဲ့အခါမှာ သူက ပထမရသွားတယ်။ ကျမအလှည့်ရောက်တဲ့အခါမှာတော့ အမြင့် ခုန် စပြိုင်တယ်။ အဲဒါက အဆင်ပြေသွားတယ်။ သူများကို နိုင်သွားတယ်။ ဒါပေမဲ့ ကျမတ အားမောတယ်။ ဆရာမကို နောက်ထပ်အပြေးပြိုင်ပွဲမှာ ကျမ မပြေးနိုင်တော့ဘူးလို့ ပြော တယ်။ ဒါပေမဲ့ ဆရာမက ဘာမှ မဖြစ်ဘူး။ ဆက်ပြိုင်ဖို့ ပြောတော့ ကျမလည်းမတတ်နိုင် ဘူး။ ဆရာမစကားကိုပဲ နားထောင်ရတာပေါ့နော်။ ဒုတိယ အပြေးစပြိုင်တဲ့ အချိန်ရောက် တော့ လူကမနိုင်တော့ဘူးလေ။ ပန်းသွားတဲ့အတွက် ခနလေးအနားယူ ကြတယ်။ ငါးမိနစ် နားချိန်ပေးထားတယ်။ ပြိုင်ဖို့လည်းအချိန် ကျလာတော့ အကုန်လုံး သတ်မှတ်ထားတဲ့ စည်းမှာ မတ်တပ်ရပ်ကြတယ်။ ၀ီစီမှုတ်တာနဲ့ စပြေးတာပေါ့။ ကျမလည်း တအားပြေး တယ်။ လမ်းတ၀က်လည်း ရောက်တော့ ခြေထောက်က ခွေပြီးကျသွားတယ်။ ဘယ်လို ခွေသွားလည်း ကျမလည်းမသိဘူး။ ခြေထောက်က ခေါက်သွာတဲ့အတွက် ကျမထလို့ တောင်မနိုင်ဘူးဖြစ်သွားတယ်။ သူများတွေ လာကူသယ်သွားမှ ရတော့တယ်။ လူတွေကလာပြီး ၀ိုင်းကြည့်ကြတယ်။ ဘာဖြစ်တာလဲပေါ့နော်။ ကျမလည်းတအား ရှက်သွားတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ ခြေထောက်နားသွားကိုး။ ဆရာမက ကျမရဲ့ ခြေထောက်ကို ပရုတ်ဆီနဲ့လိမ်းပေးတယ်။ ကျမလည်း ခြေထောက်နာသွားတော့ ငိုတာပေါ့။ ဆရာမက မငိုနဲ့။ ဘာမှမဖြစ်ဘူး နောက်ဆိုရင် ပျှောက်သွားမှာပါတဲ့။ အဲဒီပွဲမှာ ကျမရှုံးသွားတယ်။ ဒါဏ်ရာလည်း ရသွားတယ်။ ကျမလေ ကိုယ့်ကိုယ်ကို တအားစိတ်တိုမိတယ်။ ဒီလောက် ဆုတောင်တဲ့ကြားက သူများကျောင်းမှာ သွားပြီးတော့ ဖြစ်ရတယ်။ ကျောင်းလည်း တပတ် မတတ်နိုင် ဘူး။ ဒါကတော့ ကျမရဲ့ ဒီဇင်ဘာလမှာ အလွဲအမှားကလေးပေါ့နော်။ သူငယ် ချင်းတွေကို မျှဝေစေချင်တာပါ။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

ကရင်ပြည်နယ်အတွင်း စစ်အစိုးရထိုးစစ်ဆင် တိုက်ပွဲများဖြစ်ပွား

ရိုးမ ၃။ ဒီဇင်ဘာ ၁၀၊ ၂၀၀၇

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်အတွင်း စစ်အစိုးရတပ် များ အင်အားတိုးချဲ့ကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျှက်ရှိသည်။ စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တပ်အင်အား အလုံးအရင်းဖြင့် ထိုးစ်ဆင်ခဲ့ခြင်းဖြစ်သည်။

အမှတ် () စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ()၊ စကခ (၁၂)နှင့် တပ်မ (၂၂) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက ကော့ကရိတ်၊ ကျုံဒိုး၊ မြ၀တီမြို့နယ်များအတွင်းသို့ အောက်တိုဘာလတတိယပတ်မှစတင်ကာ ထိုးစစ်ဆင်လျှက်ရှိရာ စစ်အစိုးရတပ်ဖွဲ့နှင့်အတူ တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံး(DKBA) တပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။

တပ်ရင်း ၂၂ ရင်းနဲ့ (DKBA) ၃၃၃ ၊ ၉၀၇၊ ၉၀၆ တို့ ပူးပေါင်းလှုပ်ရှားလာတယ်၊ (KNLA) တပ်ရင်း ၁၇၊ ၁၈၊ ၁၆ နဲ့ တပ်မဟာဌာနချုပ်နယ်မြေကို ရှင်းလင်းဖို့ လုပ်လာတယ်၊ ဒီလ () ရက်နေ့ကနေ () ရက်နေ့ထိ တိုက်ပွဲကြီးငယ် ၆ ကြိမ်လောက်ထိ ဖြစ်တယ်ဟု (KNU) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစောလှငွေက ဆိုသည်။

ယခုလ () ရက်နေ့၊ နံက် () နာရီ (၂၀) မိနစ်တွင် ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်အစိုးရ တပ်မှ တပ်ခွဲမှူးတဦးအပါအ၀င် ၁၀ ဦးသေဆုံးကာ ဒုရင်းမှူးအပါအ၀င် ၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ထိုနေ့ နံနက် () နာရီတွင်လည်း ခမရ (၄၀၁) စစ်ကြောင်း () နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆက်လက်ပြောဆိုသည်။

ဒီဇင်ဘာလအတွင်းတွင် စစ်အစိုးရတပ်များက ကော့ကရိတ်မြို့နယ်ရှိ စောပလာ၊ ခူတုံ၊ ဆန်ဖလား စသည့်ကျေးရွာများနေ ပြည်သူများအား (KNU)တပ်ဖွဲ့များနှင့် ပတ်သက်သည် ဟု ဆိုကာ အကြမ်းဖက် ရိုက်နှက်မှုများကို ပြုလုပ်ခဲ့သည်။

နိုင်ငံတကာမှနေ၍ စစ်အစိုးရအား အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေး နွေးရေး ပြုလုပ်ရန်နှင့် တိုင်းရင်းသားနယ်မြေများသို့ စစ်ဆင်နေမှုများ၊ ကျေးရွာသားများ အပေါ် အကြမ်းဖက်မှုများရပ်တန့်ရန် ဖိအားပေးနေသော်လည်း စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးနေဆဲဖြစ်ပြီး ယခုကဲ့သို့ ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

နအဖအနေနဲ့က နိုင်ငံတကာဖိအားတွေအပေါ် ခေါင်းညိတ်သယောင်လုပ်ပေမဲ့ တကယ့် လက်တွေ့မှာတော့ သူနဲ့ဆန့်ကျင်ဖက် ဒီမိုကရေစီအင်အားစုတွေ၊ လက်နက်ကိုင် အင်အား စုတွေ အပေါ်မှာကောတိုးပြီးတော့ ချေမှူန်းရေးတွေ လုပ်လာတယ်၊ ဒါကြောင့် ကျနော်တို့အနေနဲ့ ခုခံစစ်ကို မလွဲမသွေ ဆင်နွဲနေရတယ်ဟု ဗိုလ်မှူးစောလှငွေက ပြောဆိုသည်။

ဆက်လက်ဖတ်ရူ့ရန်

ဒီဇင်ဘာအမှတ်တရ အလွဲအမှားများ (၁)

ကျမဘလောဂ့်မှာ စာတင်ဖို့ ဘာရေးရမလဲ စဉ်းစားလို့ အဖြေထွက်မလာဘူး ဖြစ်နေတယ်။ ဒါနဲ့ စာအုပ်နဲ့ဘောပင်ကို အရင်ထုတ် လိုက်တယ်။ နောက်တော့ ဒီဇင်ဘာ အမှတ်တရလေး ဆိုတဲ့ခေါင်းစဉ် ထွက်လာတော့ ဘလောဂ့်ကသူငယ်ချင်းတွေကို မျှဝေခံစားစေချင် တယ်။

ကျမငယ်ငယ်တုန်းကဆိုရင် တအား အတယ်သိလား။ ကရင်မဆိုတော့ပိုးဆိုးသွားတာပေါ့ နော်။ ကျမက တောသူမလေး၊ မြန်မာစကား ဆိုရင် တစ်လုံးမှနားမလည်ဘူး။ ကျောင်းတက်ဖို့အတွက် မိသားစုတွေ မြို့မှာ သွားပြောင်းနေတယ်။ အဲဒီမှာလည်းရောက်ရော ကျမအ တွက် ပတ်ဝန်းကျင်က တစိမ်းဖြစ်နေတယ်။ မနေချင်ဘူး။ မိဘတွေကိုလည်းတအားပူဆာ တယ်။ဒီမှာ မနေချင်ဘူး ရွာမှာပြန်မယ်ပေါ့။ မိဘတွေက ဘာမှမပြောဘူး။ ကျောင်းစတက် တဲ့နေဆိုရင် ဗမာစကားလည်းမတတ်ဘူးဆိုတော့ သူငယ်ချင်းတွေလည်း မရှိဘူးပေါ့။ အဲဒါနဲ့ အိမ်ပြန်ရောက်ရင် အဖေအမေတွေကို ငိုပြီးတော့ တိုင်တယ်။ ကျောင်းမနေချင်တော့ဘူး၊ သူငယ်ချင်းလည်းမရှိဘူး။ တိုင်လည်း ဘာမှ မထူးဘူး။ ကျောင်းဘဲ ပြန်တက်ရ တယ်။ ကျောင်းတက်လိုက်၊ ဂျီကြလိုက်နဲ ဟုတ်နေတယ်။ တက်ရင်းတက်ရင်းနဲ့ သူတို့စ ကားကို တဖြည်းဖြည်းနားလည်လာတယ်။ သူငယ်ချင်းတွေလည်း ရလာတာပေါ့။ နောက် တော့ ပျှော်သွားတယ်။ ကျောင်ကဆရာမတွေနဲ့လည်း ခင်လာတယ်။ ကျမတို့အိမ်မှာ ကျောင်းလာတက်တဲ့တ၀မ်းကွဲအမတစ်ယောက်နဲ့ အကိုတစ်ယောက်ရှိတယ်။ သူတို့က နယ်ကလေ။ အမတစ်ယောက်ကတော့ ကျမလိုဘဲ ကျောင်းမနေချင်ဘူး။ သူကတော့ ပိုဆိုးတာပေါ့နော် မိဘနဲ့ခွဲပြီးတော့ ကျောင်းလာတက် ရတယ်လေ။ သူမိဘတွေ ကျမတို့ အိမ်မှာ သူကို ကျောင်းထားပေးဖို့ လာအပ်တယ်။ သူနဲကျမက အတန်းချင်းအတူတူပဲ။ တစ်နေ့မှာ သူမိဘတွေ ရွာကိုပြန်ရတော့မယ်။ ကျမတို့ ခါတိုင်းလိုဘဲ ကျောင်းသွားတက်ကြတယ်။ ကျောင်းရောက်တော့ ဆော့ကြတာပေါ့ သူ ငယ် ချင်းတွေနဲ့လေ။ သူကတော့ မကစားဘူး။ ထိုင်ပြီးတော့ မိုင်နေတယ်။ မေးတော့လည်း ဘာမှမပြောဘူး။ ကျောင်းတက်ပြီး အားလပ် ချိန်ရောက်တော့ ကျမကို ဒုက္ခလှလှလေးပေးတော့ တာပေါ့။ သူက ကျမကို ပြောတယ်။ ဘာပြောသလဲဆိုတော့ ရေသောက်ချင်တယ်တဲ့။ ကျမကလည်း သူကိုပြန်ပြောလိုက်တယ်။ ဒီမှာရေရှိတာဘဲ ဒီရေတွေ သောက်လို့ရတယ်။ ဘာမှမဖြစ်ဘူးပေါ့။ သူကို ကောင်းကောင်း ရှင်းပြတယ်။ သူကတော့ နားကိုမ၀င်တာ။ ဒီရေ မသောက်ချင်ဘူ။ အိမ်မှာရှိတဲ့ ရေဘဲ သောက်ချင်တယ်။ ဒါနဲ့ ကျမလည်း ဘာမပြော တော့ဘဲ အိမ်ကိုစက်ဘီးနင်းပြီးတော့ အမြန်ပြန်လာတယ်။ သူကိုတော့ အချိန်သိပ်မရဘူး သောက်ပြီးတာနဲ ပြန်လာနော် လို့ပြော ထားတယ်။ သူကလည်း ခဏလေးဘဲတဲ့။ အိမ်ကိုရောက်တော့ သူကို ရေတစ်ခွက်သွားခပ် ပေးတဲ့ ကျမလည်းသွားခပ်ပေးတာပေါ့။ ရေသွားခပ်ပေးတော့ သူက စက်ဘီးစီးပြီးတော့ သူအမေရှိတဲ့ ကားမှတ်တိုင်ဆီ သွားတယ်။ ကျမပြန်ထွက်လာတော့ သူမရှိတော့ဘူး။ ကျမသိတယ်လေ သူ့အမေနောက်လိုက်မယ်ဆိုတာကိုပေါ့။ ကျမလည်းကျောင်းကိုပဲ တစ်ယောက်တည်း ပြန်သွားတော့တယ်။ ကျောင်းပြန်ရောက်တာ မကြာဘူး။ သူပြန်ရောက်လာတယ်။ ကျမကြည့်လိုက်တော့ သူငိုနေတယ်။ သူအဖေနဲ့ ကျမအဖေတို့က ဆိုင်ကယ်ပေါ်မှာ နှစ်ယောက်ညပ်ပြီး သူကိုခေါ်လာရတယ်။ ကျောင်းဆရာမတွေလည်း ၀ိုင်းပြီးတော့ ချောကြတယ်။ အငိုတိတ်သွားတော့ သူအဖေ ပြန်သွားတယ်။ အဲလိုနဲ့ ကျောင်းတက်ရင်းနဲငို အိမ်ပြန်လည်းပဲငို တာပါပဲ။ တဖြည်းဖြည်းနဲ့ အနေကျလာတော့ ပျှော်သွားတယ်။ ကျမတို့ ကျောင်းမှာ ခရစ်ယာန်တွေလည်းရှိတယ်။ ဒါပေမဲ့ နည်းတယ်။ ဒီဇင်ဘာမရောက်ခင်မှာ ခရစ်ယာန်ဆရာမက ကျမတို့ကိုခေါ်ပြီး သီချင်းသင်ပေးတယ်။ ကျမတို့သူငယ်ချင်းအုပ်စုက သွားကြတယ်။ မုန့်စားရတယ်လေနော်။ ဘာအတွက်လုပ်မှာလဲဆိုတာ ကျမမသိဘူး။ ကျမ ထင်တာ ဒီလိုဘဲ သင်ပေးပြီးရင် ပြီးသွားပြီပေါ့။ ဘယ်ဟုတ်မလဲ။ ဒီဇင်ဘာရောက်တော့ ဆရာမက ကျမတို့ကိုခေါ်ပြီး သူအိမ်မှာလာစုခိုင်းတယ်။ ကျမလည်းသွားတာပေါ့။ ဟိုလည်း ရောက်တော့ ဆရာမက မနက်ဖြန် ညနေအချိန်မှာ အားလုံးသူအိမ်မှာ လာစုရမယ်။ ဘယ် သွားမလဲဆိုတာ ကျမမသိသေးဘူး။ သူငယ်ချင်းတွေကိုလည်းမမေးဘူး။ နောက်တနေ့ ညနေအချိန်ရောက်တော့ သူငယ်ချင်းတွေနဲ့ စုသွားကြတယ်။ သူငယ်ချင်းတွေ ဒီနေ့သီချင်း လိုက်ဆိုရမယ်တဲ့။ ကျမ မျက်လုံးပြူးသွားတာပဲ။ ကျမက သီချင်းနားထောင်တာ ၀ါသနာ ပါတယ်။ ဒါပေမဲ့ သီချင်းဆိုတာတော့ ၀ါသနာမပါဘူး။ အသံ ရုပ်ဆိုးတယ်လေနော်။ သီချင်း လည်းမဆိုရဲဘူးဖြစ်နေတယ်။ ဒီတစ်ခါတော့ သေပြီးပေါ့။ ညနေ(၆)နာရီမှာ စပြီးသီချင်း လိုက်ဆိုကြတယ်။ မြို့ထဲမှာဆိုတော့ ပိုးဆိုးတာပေါ့။ သွားတဲ့အသိုင်းအ၀ိုင်းကလည်း ကိုယ်ဘာသာ မဟုတ်တဲ့ အသိုင်းအ၀ိုင်း။ ဒါပေမဲ့ သီချင်းဆိုတဲ့အခါမှာ ကျမအနောက်မှာ ဘဲနေတယ်။ အသံက မထွက်တော့ဘူး။ အရှေ့သွားရင်လည်း သူများတွေ ဆိုလိုခေါ်မှာ လည်းကြောက်တယ်။ အနောက်မှာဘဲ အမြဲတမ်းနေတယ် သူများမမြင်းအောင်လို့ပေါနော်။ တရက်မှာ ဆရာမရဲ့အသိ မိတ်ဆွေအိမ်မှာ ဘုရားရှိးခိုးမယ်တဲ့။ ကျမတို့ရဲ့ ဆရာမကို လာဖိတ်တယ်။ ဆရာမကလည်း ကျမတို့ကို ခေါ်သွားတယ်။ ခရစ်ယာန်ဘာသားရဲ့ အကြောင်းကို ကျမနည်းနည်းမသိဘူး။ ဟိုရောက်တော့ ဆရာမက ကျမတို့ကို အလူငွေ ထည့်ဖို့အတွက် အကြွေလေးတွေ လိုက်ဝေတယ်။ ဘုရားမရှိခိုးခင်မှာ အလူငွေလာ ကောက်တော့ ကျမလည်း အကုန်ထည့်ပေးလိုက်တယ်။ ခဏနေတော့ နောက်တစ်ခေါက် လာကောက်ပြန်တယ်။ ကျမဆီလာတော့ ကျမထည့်ပြီးပြီလို့ သူကိုပြောတယ်။ လူတွေက ကျမကို ၀ိုင်းရယ်ကြတယ်။ ဘာဖြစ်တာလဲပေါ့။ နောက်မှ ကျမရဲ့ ဆရာမက ကျမကိုလာ ရှင်းပြတယ်။ အလူငွေ နှစ်ခါထည့်ရမယ်ဆိုတဲ့ အကြောင်းပေါ့နော်။ ကျမကို နောက်တစ်ခါ ပိုက်ဆံထပ်ပေးတယ်။ ကျမလည်း ပြန်ထည့်လိုက်တယ်။ တော်သေးတာပေါ့ ဆရာမက ပိုက်ဆံထပ်ပေးတာ။ ဆရာမကိုလည်း ကျေးဇူးတင်တယ်။ အဆင်ပြေသွား တာပေါ့နော်။ ဒါကတော့ ဒီဇင်ဘာနဲ့ ပတ်သက်လို ကျမရဲ့ဒီဇင်ဘာ အလွဲအမှားကလေးတွေပါ။ ဒီဇင် ဘာ အမှတ်တရလေးပေါ့နော်။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

ကံမကြုံ၍

ကံမကြုံ၍

မဆုံခဲ့ရ၊ သည်ဘ၀မှာ

ဝေးကြပြီးလေ၊ သိ၍နေလည်း

အလွမ်းများနှင့် ၊ ဖြေသိမ့်ခဲ့၏

တမ်းတနေမိ၊ သတိရဆဲပါ…

တွေ့ဆုံခြင်းသည်၊ ခွဲခွာခြင်း၏လမ်းစ

သိ၍နေလည်း၊ နောက်ကျခဲ့ပြီး

အလွမ်းစနှင့် ၊ဖြေသိမ့်နေမိ

အစဉ်ထာဝရ၊ သတိရခြင်းပါ…

သြော်…..ကံမကြုံ၍

မဆုံနိုင်ဘဲ၊ ဝေးခဲ့ကြပြီးလေ

အစဉ်အမြဲ၊ မေ့ဖို့ခက်သည်

ဝေးသွားသူတော့ သိမည်မဟုတ်…

ငယ်စဉ်အခါ ပုံရိပ်ဟောင်းကို

နှောင်းတမြေ့မြေ့ ၊သတိရ၍

မမေ့နိုင်ဘဲ ၊လွမ်းစဝေဆဲ…

နောက်ဆုံးတော့ …

ကံမကြုံ၍ ခွဲကြပြီးလေ….။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

အကြင်နာ မီးအိမ်ရှင်မလေး

ဒီနေ့ဟာဆိုရင်(6.12.07) မယ်တော် ဒေါက်တာ စင်သီမောင်ရဲ့ ၄၈ ပြည်မွေးနေ့ဖြစ်ပါတယ်။ ကျမ ဆရာမရဲ့ မွေးနေ့ပွဲကို သွားရောက်တတ်ခဲ့ရပါတယ်။ အဲဒီအတွက် မတတ် ရောက်နိုင်တဲ့ သူငယ်ချင်းများကို မျှဝေပေးစေချင်ပါတယ်။ မွေးနေ့ပွဲကို လူတော်တော် များများတတ်ရောက်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေ သတင်းထောက်တွေလည်း တက် ရောက်ခဲ့ပါတယ်။ မွေးနေ့ပွဲအခမ်းအနားကိုတော့ အပိုင်းသုံးပိုင်း ခွဲထားပါတယ်။ ပထမ အပိုင်းကတော့ ဆရာမရဲ့ မွေးနေ့အတွက် ဂုဏ်ပြုစကား ပြောကြားပေးတယ်။ မွေးနေ့ လက်ဆောင်ပေးတယ်။ ဂုဏ်ပြုသီချင်းနဲ့ ဂုဏ်ပြုကဗျာ ရွတ်ဆိုခဲ့ပါတယ်။ ဆရာမကလည်း ပြန်လည်ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။ နောက်ပြီး မွေးနေ့ကိတ်လှီးတယ်။ နေ့လည်စာကို ထမင်းကျွေးတယ်။ ဒုတိယပိုင်း နှင့်တတိယအပိုင်း ကတော့ ကလေးတွေ၊ ကျောင်းသူကျောင်းသားလေးတွေ သီချင်းဆိုတယ်။ ကကြတယ်။ ကရင်ဒုံးရင်းအကတို့ နဲဖျှော်ဖြေတယ် ။ ဒေါက်တာစင်သီယာမောင်ကိုတော့ ကျမသိတာကြာပါပြီး။ ဒါပေမဲ့ အပြင် မှာ ကျမတခါမှ မမြင်ခဲ့ရပါဘူး။ ဆရာမရဲ့ အကြောင်းကို ကျောင်းနေတုန်းကတည်းက သိတာပါ။ ကျမတို့ ကျောင်းကအောင်သွားကြတဲ့ သူငယ်ချင်းတွေ၊ ဆေးသင်တန်းတက်ချင် ရင်လည်း ဆရာမရဲ့ ဆေးခန်းမှာပဲ လာတက်ကြတာများပါတယ်။ ဆရာမရဲ့ မွေးနေ့ပွဲကို သွားရောက် တက်ခဲ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။ ဆရာမတစ်ယောက် သက်တော်ရာ ကျော်ရှည်ပြီး နိုင်ငံအကျိုးကို ပိုမိုထမ်းဆောင်နိုင်ပါစလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

အမေ

အမေဟာ သားတို့အတွက် ရဲတိုက်။

အမေဟာသားတို့အတွက် အရုပ်ကောင်းကောင်းလေးတစ်ခု။

အမေ့ဂုဏ်ကျေးဇူးတွေက

သားတို့အမြဲရွတ်ဆိုနေတဲ့ ဂါထာတစ်ပုဒ်။

သားတို့ရဲ့ခရီးကြမ်းတွေအတွက်

အမေ့ရဲ့ နားလည်တတ်မှုနဲ့

ဂုဏ်ယူတတ်မှုက

အမေချက်မြှက်ပြီး အမေခေါင်းချခဲ့တဲ့

ဟောဒီ အမေ့မြေမှာ

ရောင်စုံပန်းတွေ ဖူးပွင့်စေဖို့

သားတို့ရဲ့လက်တို့ကို သန်စွမ်းစေခဲ့တယ်။

သားဌေးကြွယ်နှင့် ၈၈သားသမီးများ
ဆက်လက်ဖတ်ရူ့ရန်

မွန်မြတ်လှတဲ့မိခင်

အာဇာနည်သားတွေကို မွေးထုတ်ပေးခဲ့တဲ့အမေ။

သားတွေထောင်ကျလည်း

လောကကြီးကိုအံတုပြီး

ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ အမေ။

နိုင်ငံကောင်းကျိုးလုပ်နေတဲ့သားအတွက်

ဂုဏ်ယူနေတဲ့ မြင့်မြတ်အမေ။

သားအတွက် ပူပင်နေလည်း

ရင်ထဲမှာခံစားနေရတဲ့အမေ။

သံတိုင်တွေကြားမှာ ငါ့သားလေးဘယ်လိုနေမလဲ

နေ့စဉ်လွမ်းဆွတ်

သားပြန်လာမဲ့နေ့ကို စောင့်မျှော်နေတဲ့အမေ။

ရောဂါဝေဒနာခံစားရလည်း သားအတွက်ဆိုပြီး

ကိုယ့်ရောဂါကို ကြိတ်မှိတ်ခံစားပြီး သားကိုစောင့်နေတဲ့အမေ

အမေ့ရဲ့မေတ္တာ ကြီးမားလှပါတယ်အမေ။

အမေရယ် အခုဆိုအမေ့ ရင်ခွင်မှာ

သားနားခိုလို့ မရတော့ဘူးနော်။

ဘယ်တော့မှပြန်မရနိုင်တဲ့ အမေ့ရဲ့နောက်ဆုံးခရီးကို

သားရောက်မလာနိုင်ခဲ့ဘူး။

အမေရယ်…သားနဲ့ အမေ့ကို

သံတိုင်တွေက ခြားထားတယ် အမေရယ်။

သားကို ၀မ်းနဲ့လွယ်မွေးပြီး

လောကထဲကို ခေါ်လာခဲ့တဲ့အမေရယ်

အမေပြန်ချိန်တောင် သားပို့ဆောင်ခွင့်မရခဲ့ပါလားအမေရယ်။

အမေ ကောင်းရာသုဂတိ လားပါစေ

တင်မိုးလွင်

ဆက်လက်ဖတ်ရူ့ရန်

စစ်အစိုးရ၏ပွင့်လင်းရာသီထိုးစစ်ကရင်ပြည်နယ်အတွင်းစတင်
ဒီဇင်ဘာ ၃ ၊ ၂၀၀၇

မြန်မာစစ်အစိုးးရက ပွင့်လင်းရာသီတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ကို ထိုးစစ်ဆင်ရန် အတွက် ကရင်ပြည်နယ်အတွင်း တပ်များတိုးချဲ့ပို့ဆောင်နေကြောင်းသိရသည်။ ကရင်ပြည်နယ် တောင်ပိုင်း နှင့်မြောက်ပိုင်းသို့ အင်အား ၂၀၀၀၀ ခန့်ရှိ အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) လက်အောက်ခံ ခြေလျင်တပ်မ ၁၀ခုခန့်ကို နိုဝင်ဘာလအတွင်း တိုးချဲ့ချထားခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သူများ ၏ ပြောကြားချက်အရ သိရသည်။စကခ အမှတ် ၄က ကရင်ပြည်နယ်မြောက်ပိုင်း ပဲခူးတိုင်း ကျောက်ကြီးမြို့ နယ်နှင့် ဖာပွန်ခရိုင် အပါအ၀င် မွန်ပြည်နယ်အတွင်းသို့တပ်များကိုတိုးချဲ့ချထားပြီး ကရင်ပြည်နယ်တောင်ပိုင်း ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် မြို့နယ်များသို့လည်း တပ်မ ၈၈ မှ အင်အား ၁၅၀၀ ခန့်ကို ပို့ဆောင်ထားသည်ဟု အထက်ပါ စစ်တပ်နှင့် နီးစပ်သူ များက ဆိုသည်။

ကရင်ပြည်နယ်မြောက်ပိုင်း ပဲခူးတိုင်း မုန်းမြို့နယ်သို့ နိုဝင်ဘာ ၂၀ ရက်တွင် စစ်အစိုးရက ခြေလျင်တပ်မ ၃၃ မှ စစ်သား ၃၀၀၀ ခန့်ကို ပို့ဆောင်ရာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(ဒီကေဘီအေ) တပ်သား ၂၀ခန့် နှင့် အရပ်သား ပေါ်တာ အထမ်းသမား ၁၀၀ ခန့်ပါဝင်ကြောင်း ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် များကို ဆေးဝါး ကုသမှု အကူအညီပေးနေသည့် Free Burma Rangers (FBR) အဖွဲ့ကပြောသည်။

နိုဝင်ဘာ နောက်ဆုံး အပတ်ကစပြီး စစ်အစိုးရ စစ်သားတွေ မုန်းမြို့နယ်ထဲကို ၀င်လာတယ်၊ ဒေသခံ ရွာသား တွေက ထမင်းစားပြီးတာနဲ့ အိုးခွက် ပန်းကန်တွေသိမ်းပြီး ပြေးကြပုန်းကြဖို့ အဆင်သင့်ပြင်ထား ရတယ်ဟု ကရင် ဒုက္ခသည်ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ စောစတိဗ် က ဧရာဝတီသို့ပြောသည်။

ကရင်အမျိုးသား အစည်းအရုးံ(ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာကလည်း စစ်အစိုးရက စစ်ဆင်ရေး နယ်မြေခွဲခြားသတ်မှတ် ပြင်ဆင်ပြီးလုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

နအဖ ရဲ့ စစ်ဆင်ရေးက အထူးသဖြင့် ကေအန်ယူကို ထိုးစစ်ဆင်ဖို့ ရည်ရွယ်တာလို့ ကျနော်တို့ကြားထားပါ တယ်၊ ကေအန်ယူနဲ့ နအဖ တိုက်ပွဲ အသေးတွေကတော့ နေ့တိုင်းရှိနေတယ်၊ တနင်္သာရီတိုင်း၊ တောင်ငူခရိုင်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူကား လမ်းရဲ့မြောက်ဘက်၊ ကော့ကရိတ်၊ မြ၀တီ၊ ဘားအံ ၊ ဖာပွန် ၊ သထုံ၊ အဲဒီဒေသတိုင်းမှာကို ဖြစ်နေတယ်ဟု ၎င်းက ပြောသည်။

မိုးရာသီအတွင်းမှာပင် နအဖ တပ်ရင်း ၁၅၀ ခန့်ကို တနင်္သာရီတိုင်းမှ တောင်ငူခရိုင်အထိ ကေအန်ယူ နယ်မြေများ တွင် ထပ်မံဖြည့်စွက်ထားကြောင်း၊ ထို့အပြင် နအဖ စစ်သားများက ဒေသခံရွာသားများ ၏တောင်ယာစပါး စိုက်ခင်းများကိုဖျက်ဆီးပြီး ယင်းရွာသားများကို ကရင်ပြည်နယ် နှင့်ကရင်နီဒေသသို့ဆက်သွယ်သော လမ်းသစ်ဖောက်လုပ် သည့်နေရာတွင် အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ပြုလုပ်ကြောင်း လည်း ဖဒိုမန်းရှာကပြောဆိုသည်။

နိုဝင်ဘာ ၁၅ ရက်က နအဖ ခြေလျင်တပ်မ ၁၁က ကရင်ပြည်နယ် မြောက်ပိုင်းရှိရွာများကို စတင်တိုက် ခိုက်ရာတွင် တာဟိုးအောင်နှင့် လာဝ ရွာသား အနည်းဆုံး ကလေးငယ် ၁၀၀ ခန့်ပါဝင်သော ရွာသား ၃၀၀ ခန့်ထွက်ပြေး ကြရသည်ဟု FBR ၏ ထုတ်ပြန်ချက်အရ သိရသည်။ နအဖ ခြေလျင်တပ်ရင်း (ခလရ) ၂၁၈ နှင့် ၂၁၉ တို့၏ တိုက်ခိုက်မှု ကြောင့် ရွာသား ၂ ဦးသေဆုံးခဲ့သည်ဟုလည်း ယင်းထုတ်ပြန်ချက် က ဆိုသည်။

မွန်ပြည်သစ်ပါတီ၏ ပြောကြားချက်အရ ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်တွင် မွန်ပြည်နယ်တောင်ပိုင်း ဘုရားသုံးဆူ တောင်ကြား နယ်စပ်ဒေသသို့ စကခ () နှင့် ၁၉ မှ တပ်များ ရောက်ရှိလာကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ နယ်မြေအနီးတွင် နအဖက တပ်အင်အားများ ထပ်မံဖြည့်တင်းထားကြောင်းနှင့် ကေအန်ယူကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးတာဝန်ခံ နိုင်အောင်မငေး က ပြော သည်။

ထို့အပြင် နအဖ စစ်တပ်က တိုက်ခိုက်လာမည်ကို မွန်ပြည်သစ်ပါတီအနေနှင့်လည်း ပြင်ဆင်မှုများ ပြုလုပ်နေရ ကြောင်းလည်း ၎င်းက ပြောဆိုသည်။

တဘက်မှာ တွေ့ဆုံဆွေးနွေးရေးအတွက် ဆိုပြီး အခုလို တိုင်းရင်းသားဒေသတွေမှာ တပ်တွေတိုးချဲ့ချနေ တာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး၊ တွေ့ဆုံဆွေးနွေးရေးကို ပျက်ပြားစေတဲ့ အဟန့်အတားဖြစ်စေ တဲ့ပုံစံ ဖြစ်ပါတယ်၊ ဒါကြောင့် တပ်တွေ ပြန်ရုတ် သိမ်းရင်ကောင်းမယ်လို့ ထင်ပါတယ်ဟု နိုင်အောင်မငေး က ပြော သည်။

ဘုရားသုံးဆူဒေသကို နအဖ တပ်များ တိုးချဲ့ချထားနေမှုအား စိုးရိမ်မှုများရှိနေပြီး မကြာသေးခင်က ဘုရားသုံးဆူ နှင့် သံဖြူဇရပ်လမ်းကို နအဖတပ်များက ထိုးစစ်အတွက် အသုံးပြုနိုင်သည်ဟူသော ယူဆချက် ဖြင့် ကေအန်ယူ က ပိတ်ထားကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်အတွင်း နအဖတပ် ခလရ ၅၇၇ နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း တို့အကြား၂ နာရီကြာတိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် နအဖတပ်သား ၄ ဦး ကျဆုံး၍ ၄ ဦး ဒဏ်ရာ ရရှိပြီး ၎င်းတို့ဘက်မှ ဒဏ်ရာရ အသေအပျောက် မရှိကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောခွင့်ရ စိုင်းလောင်ဆိုင်က ပြောသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို)နှင့် နအဖ တပ်များအကြားတွင်လည်း တင်းမာလျက်ရှိပြီး ၂ ဘက်စလုံးက တပ်အင်အားများ တိုးမြှင့်နေကြကြောင်း၊ နအဖ တပ်များက ကေအိုင်အို စီးပွားရေးလုပ်ငန်း များကို နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်အစိုးရ စစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ကရင်ပြည် နယ် မြောက်ပိုင်းရှိ ကရင်ရွာသား ၃၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ၃၇၀ခန့် သတ်ဖြတ်ခံခဲ့ရ ကာ လူ ၅၀၀၀ ကျော် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates