
မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်းပတဲ့ အချိန်ကစပြီး စစ်အစိုးရနဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)တို့ တိုက်ပွဲတွေဟာ အခုနောက်ဆုံး လွှတ်တော်သစ်တွေ စတင်ခေါ်ယူနေတဲ့ အချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
အခုလို စစ်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားလာတဲ့နောက်ပိုင်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်မှာလဲ ထိခိုက်ဒဏ်ရာရတာတွေ ရှိလာခဲ့ပါတယ်။ တဆက်တည်းမှာပဲ စစ်ပြေးဒုက္ခသည်တွေလဲ ထိုင်းနိုင်ငံဘက်ခြမ်း အဆက်မပြတ်ထွက်ပြေးလာခဲ့ပါတယ်။
ကရင်ပြည်နယ်တွင်းက ဝေါလေ၊ ချောက်ခက် စတဲ့ နေရာတွေမှာ တနင်္ဂနွေနေ့ကစလို့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က လက်နက်ကြီး ကျည်ဆံတွေ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် နယ်စပ်ဒေသက သောင်ရင်းမြစ်အနီးမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီး အခုအခါ ဆေးရုံတင် ကုသထားရတယ်လို့လည်း ထိုင်းအစိုးရ သတင်းတရပ်က ဖော်ပြခဲ့ပါတယ်။
ယုန်ကလေး
0 comments:
Post a Comment