

ယခုလ ၁၆ ရက်နေ့က တောင်ဥက္ကလာပမှာရှိတဲ့ ပဒေသာကွင်းမှာ မြန်မာနိုင်ငံအမြွှာမွေးများ တွေ့ဆုံပွဲနဲ့ ရုပ်အတူဆုံး ပြိုင်ပွဲတွေကို ဒုတိယအကြိမ်မြောက်အဖြစ်ပြုလုပ်ခဲ့ပါတယ။်
အဲဒီပွဲကို နှစ်မြွှာမွေးကနေ လေးမြွှာမွေးအထိ အတွဲပေါင်း 150 ကျော်လာရောက်တက်ခဲ့ပြီး နို့စို့အရွယ် အမြွှာတွေကနေ အသက် 70 ကျော်အမြွှာ အထိပါဝင်ခဲ့ကြပါတယ်။
အဲဒီပွဲကို မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာနက ညွန်ကြားရေးမှုးချုပ် ဦးသောင်းထိုက် နဲ့ အမြွှာမွေးအသင်းတည်ထောင်သူ ဦးတင်ထူးစိန်တို့လည်းလာရောက်ခဲ့တယ်။
အဲဒီပွဲမှာ အတူဆုံးအမြွှာတွေကို ငွေကျပ်တစ်သိန်းကနေ ခြောက်သောင်းအထိ တန်ကြေးရှိတဲ့ အဆင့်အလိုက် ဆုတွေ ချီးမြင့်ခဲ့ပါတယ်။
0 comments:
Post a Comment