![]()
ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူလူထုတရပ်လုံး အထွေထွေကျပ်တည်းမှုများဖြင့် ဆင်းရဲဒုက္ခကျရောက် နေချိန် တွင် တိုင်းပြည်၏သယံဇာတများကို မတရားထုတ်ယူပြီး ကိုယ်ကျိုးစီးပွားအတွက်အလွဲသုံးစား၍ စည်းစိမ် စံစားနေသော အာဏာရှင်လူတန်းစားကို ပယ်ရှား တော်လှန်နိုင်ရန်နှင့် ယနေ့မတရားအကျဉ်း "စံ"နေရသော နိုင်ငံရေးအကျဉ်းသားများကို ထိုအကျဉ်းထောင်မှ"ပယ်"နိုင်ရေးအတွက် လူုငယ်များမှဦးဆောင်ပြီး "စံပယ်" ပန်းများကို ချိတ်ဆွဲဆင်ယင်ခြင်း၊ ဘုရားများတွင် ကပ်လှုပူဇော်ခြင်းများ လှုပ်ရှားဆောင်ရွက် မည်ဖြစ်ပါ သည်။ ပြည်သူလူထုတရပ်လုံးမှလည်း "စံ" နေသောသူများကို "ပယ်" ရှားရေးအတွက် "စံပယ်" လှုပ်ရှားမှုတွင်ပါဝင် အားဖြည့်လှုပ်ရှားကြပါရန် လေးနက်စွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။
တိုင်းပြည်ချစ်သော လူငယ်များ
စတင်ပြုလုပ်မည့်ရက်-- -အင်္ဂါ (23.12.08)
ကာလ-------------------(၂ ပတ်)
0 comments:
Post a Comment