တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကြီး ရလဒ်

နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပလိုက်တဲ့ မတရားတဲ့ရွေးကောက်ပွဲကြီးကြောင့် ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ မဲရုံမှာ အတင်းအဓ္ဓ မဲသွားပေးနေကြခဲ့ရပါတယ်။ မဲရုံမှာ ဆန္ဒမဲမသွားပေးတဲ့သူတွေကို ကြံဖွံ့က ခြိမ်းခြောက်မှုတွေ ရှိတဲ့ အတွက်ကြောင့် ဒီကေဘီအေနဲ့ နအဖအကြား တင်မာမှုတွေရှိခဲ့ပါတယ်။၂၀၁၀ ရွေးကောက်ပွဲကြီးက နအဖရဲ့ ရွေးကောက်ပွဲကြီး ဖြစ်တဲ့အတွက် အနာဂါတ်မှာ နအဖ စစ်အစိုးရကပဲ တိုက်ပြည်ကို ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။ နအဖဘက်က ဘယ်လိုဘဲ အရေခွံတွေကျွတ်ပြီး ရွေးကောက်ပွဲဝင်နေပါစေ ဒီရွေး ကောက်ပွဲကြီးဟာ အတုယောင်သဘောဆောင်တဲ့ ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာကလဲ သိပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့မှာ နအဖနဲ့ ဒီကေဘီအေတို့ မြ၀တီမြို့ အတွင်းမှာပဲ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူလူထုတွေ သောင်းနဲ့ချီပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာရပါတယ်။ ";})();ButtonMouseDown(this);'>";})();ButtonMouseDown(this);'>



ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကြီးဟာ တိုင်းရင်းသားလူမျိုးစုတွေအတွက် မည်သည့်တိုး တက်မှုကိုက ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ တိုင်းရင်းသား အခွင့်အရေး၊ လှု့အခွင့်အရေးဆိုတာတွေကို ထည့်မစဉ်းပါနဲ့တော့။ နအဖကတော့ သူတို့ရဲ့ အစဉ်လာအတုင်း တိုင်း ပြည်ကို ဆက်လက်အုပ်ချုပ်သွားမှာပါ။ ဒါတွေကို နိုင်ငံတကာက နအဖကို ပိုပြီး ဖိအားပေးမှုတွေလုပ်သင့်ပါတယ်။ ဒီကြားထဲ ထိုင်းဘက်ခြမ်းက ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက တစ်ရက်လေးပဲ ကျွေးထားပြီး အတင်းပြန်ပို့နေတာတွေ့ရပါတယ်။ စစ်ပွဲမပြီးတဲ့အတွက် ပြည်သူတွေ ငြိမ်းချမ်းမှုမရှိဘဲ နေရပ်ကို ပြန်ကြရတာဖြစ်ပြီး အလွန်ပဲ အန္တာရယ်ကြီးလှပါတယ်။ ဒီလိုအခြေအနေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အနာဂါတ်က မတွေး ၀ံ့စရာပါပဲလား….

ယုန်ကလေး

pika18pika18pika19pika19

0 comments:

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates