မတရားတာကို လက်မခံဘဲ မမှန်တာကို မကြောက်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ....
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ပြန်တွေ့ပြီ.....
ကမ္ဘာပေါ်မှာရှိတဲ့မိသားစုများ အာလုံးပျှော်ရွှင်နိုင်ပါစေ...
ဓါတ်ပုံတွေကို ဧရာဝတီဘလော့ဂ်မှ ကူးယူထားခြင်းဖြစ်ပါတယ်။
ယုန်ကလေး
ဆက်လက်ဖတ်ရူ့ရန်
ပဲလှော်ကြိုက်သူ”
တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန် ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့ အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး” လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။
ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့ နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက် အကြောင်းကြားထားလိုက်တယ်။
အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့ ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။
အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင် အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ ဝယ်စားမိရောတဲ့။
ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။ အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။
အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန် စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။
“အချစ်ရေ.... ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”
အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့ ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ တယ်လီဖုန်းကို သွားကိုင်တယ်။
တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။ ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင် ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက် အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး ဖြတ်မောင်းသွားသလိုပဲတဲ့။
ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင် လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့ နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက် ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး ဖြတ်မောင်းသွားသလိုပါပဲတဲ့။
ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည် တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊ လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့ ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။
ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့ ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင် အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။
အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။
ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို “ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။
Email ကနေ သူငယ်ချင်းတစ်ယောက်က ပို့လိုက်တာဖြစ်ပါတယ်။ လာဖတ်သွားတဲ့သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ပါတယ်.
ယုန်ကလေး
ဆက်လက်ဖတ်ရူ့ရန်
ဒေါ်အောင်ဆန်းစုကြည့်လွှတ်မည်
ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ညနေ ၄ နာရီမှာ ပြန်လွတ်ပေးမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
ဒီသတင်းကို ဒီလင့်မှာဖတ်ကြည့်နိုင်ပါတယ်။
ဆက်လက်ဖတ်ရူ့ရန်
မြ၀တီသို့ပြန်ပို့ပုံများ
ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ....
ဓါတ်ပုံများကို ဆုံဆည်းရာဘလောဂ့်မှာ ကူးယူဖော်ပြပါသည်။ ဆက်လက်ဖတ်ရူ့ရန်
တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကြီး ရလဒ်
နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပလိုက်တဲ့ မတရားတဲ့ရွေးကောက်ပွဲကြီးကြောင့် ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ မဲရုံမှာ အတင်းအဓ္ဓ မဲသွားပေးနေကြခဲ့ရပါတယ်။ မဲရုံမှာ ဆန္ဒမဲမသွားပေးတဲ့သူတွေကို ကြံဖွံ့က ခြိမ်းခြောက်မှုတွေ ရှိတဲ့ အတွက်ကြောင့် ဒီကေဘီအေနဲ့ နအဖအကြား တင်မာမှုတွေရှိခဲ့ပါတယ်။၂၀၁၀ ရွေးကောက်ပွဲကြီးက နအဖရဲ့ ရွေးကောက်ပွဲကြီး ဖြစ်တဲ့အတွက် အနာဂါတ်မှာ နအဖ စစ်အစိုးရကပဲ တိုက်ပြည်ကို ဆက်လက် အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။ နအဖဘက်က ဘယ်လိုဘဲ အရေခွံတွေကျွတ်ပြီး ရွေးကောက်ပွဲဝင်နေပါစေ ဒီရွေး ကောက်ပွဲကြီးဟာ အတုယောင်သဘောဆောင်တဲ့ ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာကလဲ သိပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့မှာ နအဖနဲ့ ဒီကေဘီအေတို့ မြ၀တီမြို့ အတွင်းမှာပဲ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူလူထုတွေ သောင်းနဲ့ချီပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာရပါတယ်။ ";})();ButtonMouseDown(this);'>";})();ButtonMouseDown(this);'>
ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကြီးဟာ တိုင်းရင်းသားလူမျိုးစုတွေအတွက် မည်သည့်တိုး တက်မှုကိုက ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ တိုင်းရင်းသား အခွင့်အရေး၊ လှု့အခွင့်အရေးဆိုတာတွေကို ထည့်မစဉ်းပါနဲ့တော့။ နအဖကတော့ သူတို့ရဲ့ အစဉ်လာအတုင်း တိုင်း ပြည်ကို ဆက်လက်အုပ်ချုပ်သွားမှာပါ။ ဒါတွေကို နိုင်ငံတကာက နအဖကို ပိုပြီး ဖိအားပေးမှုတွေလုပ်သင့်ပါတယ်။ ဒီကြားထဲ ထိုင်းဘက်ခြမ်းက ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက တစ်ရက်လေးပဲ ကျွေးထားပြီး အတင်းပြန်ပို့နေတာတွေ့ရပါတယ်။ စစ်ပွဲမပြီးတဲ့အတွက် ပြည်သူတွေ ငြိမ်းချမ်းမှုမရှိဘဲ နေရပ်ကို ပြန်ကြရတာဖြစ်ပြီး အလွန်ပဲ အန္တာရယ်ကြီးလှပါတယ်။ ဒီလိုအခြေအနေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အနာဂါတ်က မတွေး ၀ံ့စရာပါပဲလား….
ယုန်ကလေး
ဆက်လက်ဖတ်ရူ့ရန်
ရေးပြီးသားစာများ
-
▼
2010
(37)
-
▼
November
(15)
- ABSDF Statement
- တိုက်ပွဲကြောင့် ပြည်သူတို့ရဲ့ အခြေအနေ
- တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကြီး ရလဒ်
- မြ၀တီသို့ပြန်ပို့ပုံများ
- ဒေါ်အောင်ဆန်းစုကြည့်လွှတ်မည်
- ABSDF Statement on Release of Daw Aung San Su Kyi
- ဒေါ်အောင်ဆန်းစုကြည့်လွှတ်ပြီး
- သန်းရွေကလူတွေ သတ်တာပါတဲ့
- Daw Aung San Su Kyi interview with BBC
- Zoya Phan interview with RFA
- Freedom
- ပဲလှော်ကြိုက်သူ”
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ပြန်တွေ့ပြီ.....
- Suu Kyi reunited with son
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ရွှေတိဂုံဘုရားသွားဖူ...
-
▼
November
(15)
အချိန်ကြည့်ရန်
စိတ်ကြိုက်ဖတ်စရာများ
- ကရင်သတင်း (1)
- ၀တ္တုတို (6)
- GW news (12)
- my slfe (3)
- Video (28)
- ကဗျာ (44)
- ကရင်သတင်း (47)
- ကာတွန်း (4)
- ခရီးသွားမှတ်တမ်း (3)
- စတိတ်မတ် (3)
- စပ်မိစပ်ရာ (28)
- ဓာတ်ပုံ (28)
- ဘာသာပြန်ဝတ္ထုတို (1)
- မူခင်းသတင်း (1)
- ပြည်တွင်းသတင်း (37)
- ရသခံစားမှုများ (2)
- သတင်း (62)
- သီချင်း (4)
- သုတ (20)
- ဟာသ (8)
- အင်တာဗျူး (3)
- အီဒီယံအသုံးအနှုန်းများ (7)
- ဆောင်းပါး (11)
- မြေသြဇာသတင်း (3)
- နိုင်ငံတကာသတင်း (13)
ဖတ်စရာလင့်များ
အားပေးနေတယ်
ကရင်စာမျက်နှာ
သူငယ်ချင်းများ
Watch Movies
သတင်းဌာနများ
ပညာရေးလင့်များ
သီချင်းနားဆင်ရန်
နေ့ရက်တွေကို ကြည့်ရန်
သူငယ်ချင်းများ
- Hongsar
- Sangpi
- Newlife
- ks
- သက်တန့်ချို
- မမ LET IT BE
- မသဒ္ဒါလှိုင်း
- ဇောင်း
- ကြယ်စင်လေး
- ရှင်ရဲထွတ်
- ပြည်စုံ
- ကဗျာရပ်ဝန်း
- ကိုရန်အောင်
- မသက်ဇင်
- ကေဇီလင်း
- မေအိခင်
- ငယ်ဆူးအိမ်
- အညာသား
- အချစ်မဲ့ဂီတာ
- ကိုဝင်းဇော်
- ခင်ဦးမေ
- အိမ်
- SAW
- ကိုရင်နော်ခင်လေးငယ်
- တည်ငြိမ်ကို
- ပန်းခရေ
- မယ်လိုဒီမောင်
- ကေသွယ်
- နိုင်းနိုင်းစနေ
- ၀ါဝါခိုင်မင်း
- ကလိုစေးထူး
- မိုးချိုသင်း
- နှင်းခါးမိုး
- မသဒ္ဒါ
- ဖိုးတရုတ်
- လင်းလတ်ကြယ်စင်
- နစ်နေမန်း
- မာန်လှိုင်းငယ်
- မေငြိမ်း
- မိုးသီးဇွန်
- ဒေါင်းမာန်ဟုန်
- ဒေါက်တာ လွဏ်းဆွေ
- ဆောင်းယွန်းလ
- ကောင်းကင်ကို
- အမ ခင်မင်းဇော်
- ကိုထိုက်
- ဆုံဆည်းရာ
- ဂျစ်တူး
- ပန်ဒိုရာ