ရာသီဥတု သာယာတဲ့ မနက်ခင်းလေးတခုမှာတော့ ကျေးငှက်ကလေးတွေဟာ ချစ်စရာကောင်းတဲ့ တေးသီချင်းသီကျူးတာကို ကြားရသူတိုင်း စိတ်တွင် အေးချမ်းစေပါတယ်။ အဲ့ဒီအထဲမှာလည်း ကျမအပါအ၀င် ပေါ့။ ဒီချိန်ဟာ နွေရာသီဖြစ်ပြီး ကျောင်းကြီးပိတ်လို့ ကျမ ပါးပါးရွာကို ပါးပါးနဲ့အတူလိုက်သွားခဲ့တာကို အခုထိ မှတ်မိနေဆဲပါ။ ပါးရဲ့ရွာလေးဟာ သိပ်လည်းအိမ်ခြေမများသလို သိပ်လည်းမနည်းပါဘူး။ ရွာကလေးကိုတော့ ( သဝေါဖျာ နဲ့ သဝေါခီး) ရွာထိပ်ပိုင်းနဲ့ ရွာနောက်ပိုင်း ဆိုပြီး သတ်မှတ်ထားကြတယ်။ ရွာကလေးမှာတော့ အလွန် သာယာကောင်းတဲ့ ချောင်းကလေးတစ်ခုရှိပြီး ရွာသားတွေဟာ အဲ့ဒီချောင်းကလေးကို အမှီပြုရင်း အသက်မွေးဝမ်းကြောင်း လုပ်ကြပါတယ်။
ရာသီအလိုက် ချောင်းကလေးကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြပါတယ်။ ရွာသားတွေဟာလဲ ချောင်းရေကိုပဲ သောက်သုံးရေအဖြစ် အသုံးပြုကြပါတယ်။ ရေချိုး၊ အ၀တ်လျော်တာကအစ အဲ့ဒီချောင်းကလေးက ရေကိုပဲ အဓိကထားပြီး အသုံးပြုကြပါ တယ်။ အဲ့ဒါကြောင့် အဲဒီချောင်းကလေးဟာ ရွားသားတွေရဲ့ဘ၀အတွက် မရှိမဖြစ်လို့အပ်တဲ့ အသက်ချောင်း ကလေးတစ်ခုပေါ့။ ကျမသိရသလောက် ကျမရဲ့ အဘိုးအဘွားလက်ထက်ကတည်းက အသုံးပြုလာခဲ့ကြတာတဲ့။ အဲ့ဒီရွာကလူတွေကတော့ ကလေးကအစ အသက်ကြီးတဲ့လူတွေထိ ရေကူးတတ် ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါးပါးတို့ရွာမှာ ရေတွင်းတတွင်း မှမရှိလို့ပါပဲ။ ရေကူးတယ် ဆိုတာ သူတို့အတွက်တော့ မပြောပလောက်စရာလေးတစ်ခုပေါ့။
ရေကူးတယ်ဆိုလို ကျမအကြောင်းပြောရဦးမယ်။ ကျမက မိုးမိုးရွာမှာ အနေများတဲ့အတွက် ရေမကူးတတ်ပါဘူး။ ပါးပါးရွာ ကို ရောက်တဲ့အတွက် ရေကူးတာနဲ့ ပါတ်သက်ပြီး အခက်ကြုံရတာပေါ့။ တစ်နေ့ ကျမရဲ့ တ၀မ်းကွဲ (နော်နော်) အမတယောက်က ရေချိုးမယ်ဆိုပြီး ကျမကို ချောင်းကလေးထဲ ခေါ်သွားတယ်။ ကျမလည်း ရေချိုးမယ်ဆိုပြီး အနော်နဲ့လိုက်သွားတာပေါ့။ ချောင်းလေးထဲ ရောက်တော့ ကျမ မဆင်းရဲဘူး။ ကျမရဲ့ အနော်ကတော့ အတင်းဆင်းခိုင်းတယ်။ အဲ့ဒါနဲ့ ကျမသူမနဲ့အတူလိုက်ဆင်းသွားတယ်။ သူက ဟိုဖက်ကမ်းကို ခေါ်သွားမယ် လိုက်မလားတဲ့ ကျမကိုမေးတော့ ကျမလည်း လိုက်မယ်ဆိုပြီး ခေါင်းညိတ်မိ လိုက်တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အမ၀တ်ထားတဲ့ ထမီ ပူးပေါင်းလေးဟာ လမ်းခုလတ်မှာ လေလျော့ သွားပြီး နှစ်ယောက်သား ရေနစ်ပါတော့တယ်။ တကယ်တော့ အနော်ဟာ သူမရဲ့ မိုးမိုး ထမီကို သူမ မိုးမိုးမသိ အောင် ရေကူးတဲ့အခါမှာ ပူးပေါင်းလေးဖြစ်အောင်သုံးဖို့အတွက် ယူသွားတာပါ။
အဲ့ဒီမှာပဲ ရွာသားတွေ ကျမတို့ ရေနစ်တာကို တွေ့တဲ့အချိန်မှာ ကျမတို့ကို ကယ်လိုက်တာပါတယ်။ ကျမခဗျာမှာတော့ ရေမကူးတတ်တဲ့အတွက် ခွေးကူ ၀က်ကူး ကူးနေရတာပေါ့။ နောက်ပြီး ရေကိုလည်း တစ်ဝကြီး သောက်လိုက်ရသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကစပြီး ကျမရေကူးတတ်သွားတာပါ။ အဲ့ဒီအတွက် လည်း ကျမရဲ့ အနော်ကို အထူး ကျေးဇူးတင်မိပါတယ်။ အိမ် ပြန်ရောက်တဲ့ အချိန်မှာတော့ ကျမရဲ့ ကြီးကြီးက အနော်ကို ဆူပါလေရော။ နောက်ပိုင်းမှာ ကျမရဲ့ အနော်ကို မဆူရလေအောင် ကျမလည်း ရေကူးတာကို တခြားသူငယ်ချင်းတွေဆီမှာ သင်ယူတော့တယ်။ အဲ့ဒါနဲ့ ကျမလည်း ရေကူးတာကို တဖြည်းဖြည်း တတ်လာ တယ်။
ရေကူးတတ်သွားတဲ့နောက်ပိုင်းမှာ ကျမ အိမ်မှာ ကပ်နေတာသိပ်မတွေ့ရဘဲ အနော်နဲ့အတူ ချောင်းထဲမှာပင် သွားကစားလေ့ရှိတယ်။ ညနေပိုင်း နေ၀င်ဆည်းဆာအချိန်မှာတော့ ရွာက လှပျိုဖြူလေးတွေ ရေသွားခပ် တတ်ကြပါတယ်။ ညနေဆည်းဆာနေ၀င်တဲ့အချိန်မှာ ကရင်တိုင်းရင်းသားတွေ အိုးကိုယ်စီနဲ့ ခေါင်းပေါ်ရွက်ပြီး ရေသွားခပ်တာဟာ အလွန်ကျက်သရေရှိပြီး ဂန္တ၀င်ဆန်တဲ့ ပန်ချီးကားတချပ်နဲ့ တူးပါတယ်။ သူတို့လေးတွေ ရေသွားခပ်ရင်လည်း တစ်ယောက်တည်း ခပ်တာ မတွေ့ရဘဲ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ရေသွားခပ်တတ် ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျမမှာ သူငယ်ချင်းတွေ ရလာပါတယ်။ ကျမရေခပ်တဲ့ အဖော် သူငယ်ချင်း တွေပေါ့။ ဒါပေမယ့် ကျမတို့က ငယ်ပါသေးတယ်။
ကျမအပြင် ရေခပ်တဲ့ အဖော်လေးယောက်ရှိတယ်။ အားလုံးက ကရင်တွေပါပဲ။ ကျေးတောရွာက လူတွေဟာ အလွန်ဖြူစင်ပြီး ရိုးသားကြတာကို ကျမတွေ့ရတယ်။ ကျမတို့ ငါးယောက် အမြဲတမ်း ရေအတူတူ ခပ်လေ့ရှိသလို တောထဲမှာ သစ်သီး၊သစ်ရွက်သွား ရှာစားရင်လဲ အတူတူပါပဲ။ နောက်ပိုင်းမှာ ရေမကြောက်တဲ့ ကျမအတွက်တော့ ရေသွားခပ်။ ရေသွားချိုးရင် တစ်နေကုန်နဲ့ ပြန်ပေါ်မ လာတာကြောင့် အိမ်ကလူတွေ တုတ်နဲ့ခေါ်ပြီး လာခေါ်ရတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်။ အိပ်ပြန်ရောက်ပြီး ထမင်းစားတဲ့အချိန်မှာတော့ ရေဆော့တာများလွန်းပြီး မျက်လုံးတွေ စပ်လာတာကို ခံစားလာရပါတယ်။ အမြဲတမ်း ချောင်းရေနဲ့ ထိတွေ့တဲ့ ကျမတို့ဆံပင်တွေကတော့ အနီရောင်သန်းလာပါတယ်။ (လဲဒီထီး) ရေသွားခပ်ကြရအောင် ဆိုတဲ့ အသံကြားရင် ကျမတို့ သူငယ်ချင်း ငါးယောက် ရေခပ်ဖို့ အိုးလေးကိုယ်စီဆွဲပြီး ရေသွားခပ်တတ်ကြပါတယ်။
တခါတရံမှာလဲ ရေမခပ်ခင် ချောင်းလေးထဲမှာ စားဖို့အတွက် ထမင်း၊ ဟင်းတို့ကို အိမ်ကမသိအောင် ငှက်ပျောဖတ်နဲ့တိတ်တိတ်လေးထုတ်ပြီး ယူသွားတတ်တယ်။ ချောင်းထဲရောက်ရင် ကျမတို့ရဲ့ ဟင်းတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေစားကြပါတယ်။ ထမင်းမစားခင် ဆွမ်းတင်ရမယ်ဆိုပြီး သစ်ရွက်တွေခူးတဲ့ သူကခူး။ ဆုတောင်းတဲ့ သူဆုတောင်းနဲ့။ အဲ့ဒီသစ်ရွက်မှာ ထမင်းနည်းနည်းနဲ့ ဟင်းနည်းနည်းထည့်ပြီး ရေစောင့်တဲ့နတ်ကို တင်ပေးပြီးမှ ကျမတို့စားကြပါတယ်။ အိမ်မှာမဟုတ်ဘဲ ချောင်းမှာ စားရတဲ့ ထမင်းဟာ ကျမအတွက် အလွန်အရသာရှိနေပါတယ်။ တစ်ရက်နဲ့တရက် တစ်မျိုးမရိုးရအောင် ကျမတို့ အမျိုးမျိုးထုတ် လာတယ်။ တခါတရံမှာတော့ ကျမတို့ အချဉ်စားဖို့အတွက် တစ်ယောက်က ငရုတ်သီး၊ အစပ်မှုန်တို့စပ်လာရင် ကျန်တဲ့လူတွေက ချောင်းဘေးနားမှာရှိတဲ့ မရမ်းသီးကို သွားခူးရတယ်။
ကျမ သူငယ်ချင်း လေးယောက်ထဲမှာ သစ်ပင်တတ်ကျွမ်းတဲ့ သူငယ်ချင်းမ တစ်ယောက်ရှိပါတယ်။ သူ သစ်ပင်ပေါ်တက်ပြီး ခူးတဲ့အချိန်မှာ ကျန်တဲ့သူတွေကတော့ အောက်ကနေ လိုက်ကောက်ရပါတယ်။ အားလုံးပြီးသွားရင် ကျမတို့ ချောင်းထဲဆင်းပြီး အတူတူသွား စားကြတယ်။ စားပြီးတဲ့အခါ ရေသွားခပ်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် မနိုင်ရင် အိုးကြီးကြီးရွက်နိုင်တဲ့လူက မရွက်နိုင်တဲ့လူကို စောင့်ပြီး မပေးရတယ်။ တခါတရံ ရေခပ်ပြီးရင်လဲ ချောင်းထဲမှာ ကစားကြပါသေးတယ်။ အကြီးတွေက ဖိုးမူတို့ ရေသွားခပ်တာ ဒီလောက်တောင်ကြာရလား။ ဘာသွားလုပ်နေကြတာလဲ။ အအေးမိပြီးဖျားနေအုံးမယ်လို့ပြောရင်လည်း နားမထောင်တဲ့ အရွယ်ဆိုတော့ လူကြီးတွေပြောတာကို သိပ်နားမထောင်ခဲ့ဘူး။ ကိုယ်လုပ်ချင်တာကိုပဲ စူးစမ်းတဲ့အရွယ်ပေါ့။ ရေချိုးတဲ့အချိန်မှာလဲ ဘယ်သူက ရေထဲမှာအသက်အောက်ပြီ နေနိုင်သလဲဆိုတာ ပြိုင်ကြသေးတယ်။ နောက်ပြီး ချောင်းထဲမှာမျောလာတဲ့ သစ်တုံးကြီးတွေနဲ့ လှေကစားတမ်း ဆော့ကြသေးတယ်။ ချောင်းနံဘေးက သစ်ပင်ပေါ်မှာကျလာတဲ့ သစ်သီးအမှည့်တွေကိုလည်း တစ်ယောက်တစ်ယောက်ပြိုင်ပြီး ကောက်စားရတာ ချောကလက်စားရတာထက် ပိုအရသာရှိပါတယ်။ ကျမရဲ့ သူငယ် ချင်းတွေဟာ ကျောင်းနေရတဲ့သူရှိသလို ကျောင်းမတက်ဘဲ မိဘကို ကူညီတဲ့သူ ရှိပါတယ်။
ပါးပါးရဲ့ရွာက အပြာရောင်နယ်မြေမဟုတ်တဲ့အတွက် နအဖ အမြဲတမ်းလာပြီး ရွာသားတွေကို အနိုင်ကျင့်တာရှိပါတယ်။ ရွာသားတွေက မြန်မာစကားကို ကောင်းစွာမပြောနိုင်တဲ့အတွက် နအဖကို ကြောက်ရတာပေါ့။ သူတို့က ရွာထဲမှာရှိတဲ့ ကြက်၊ငှက်၊အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရလဲပဲ သတ်စားကြလေ့ရှိတယ်။ တကယ့်တော့ အဲ့ဒီရွာမှာနေတဲ့ရွာသားတွေအားလုံးဟာ လှောင်အိမ်ထဲမှာနေရတဲ့ ငှက်ကလေးလိုပါဘဲ။ သူတို့ရဲ့ဘ၀က နအဖတွေကို အရမ်းကြောက်ရပါတယ်။ ရွာရဲ့အပြင်မှာ တိုက်ပွဲဖြစ်ရင် လည်း ဒီရွာမှာ သူပုန်ရှိတယ် ဆိုပြီး ရွာသားတွေကို အတင်းအနိုင်ကျင့်တာပါပဲ။ ဒါကြောင့် နအဖတွေရွာထဲမှာ ရှိရင်ရွာသားတွေနေရာတာ လွတ်လပ်မှုမရှိဘဲ မိမိအိမ်ထဲမှာပဲ အကျယ်ချုပ်နေရ ခံစားရပါတယ်။ အားတဲ့ရက် တွေမှာ ရွာသားတွေ တောထဲမှာ သစ်သီး၊သစ်ရွာ သွားရှာစားလေ့ရှိသလို၊ ချောင်းထဲမှာလဲ ငါး၊ ခရုတွေကို ရှာဖမ်းတတ်ကြပါတယ်။ တရက်မှာတော့ ကျမတို့သူငယ်ချင်းငါးယောက် ခရုသွားကောက်မယ်ဆိုပြီး ပုလိုင်းလွယ် ရင်း ချောင်းလေး အတိုင်းထွက်လာကြပါတယ်။ ရွာနဲ့ အနည်းငယ်ဝေးတဲ့ ချောင်းလေးထဲမှာ ခရုအပြိုင်ကောက် တာ အလွန်ပျော်ရွင်စရာကောင်းပါတယ်။
သူငယ်ချင်းတွေဟာ ခရုကောက်ရင်း စကားနိုင်ထိုးတတ်ကြပါတယ်။ တွေ့တဲ့ စားစရာအသီးအရွက် တွေကို ခရုနဲ့အတူ ပုလိုင်းထဲမှာ အတူတူ ထည့်ကြပါတယ်။ အဲ့ဒီအချိန်မှာ ရုတ်တရက် ကျမတို့ သေနတ်ပစ်တဲ့ အသံ၊ စစ်ဖြစ်တဲ့အသံကို ကြားလိုက်ရတယ်။ ဒါပေမယ့် ကျမတို့နဲ့ သိပ်ဝေးလွန်းတာကြောင့် ကျမတို့မမှုဘဲ ခရုကို ဆက်ကောက်နေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သေနတ်ပစ်ခတ် တဲ့အသံမဟုတ်တော့ဘဲ ၀ုန်းဆိုပြီး ဗုံးပေါက်ကွဲတဲ့ အသံဟာ မြေကြီးနဲ့အတူ ဟိန်းခနဲ တုန်ခါသွားပါတယ်။ ဒီအချိန်မှာတော့ ကျမတို့ ကောက်ထားတဲ့ ခရုတ်တွေကို ယူဖို့တောင် မေ့သွားပြီး အိမ်ကိုတန်း ပြန်ပြေးလာရပါတယ်။ ခရုတ်ကောက်နေရာနဲ့ရွာက အနည်းငယ် ဝေးတဲ့အတွက် ရွာကို တိုက်ရိုက်မပြန်ရဲ သေးဘဲ အခြေအနေကိုစောင့်ကြည့်ရတယ်။ တခါမှ စစ်တွေနဲ့ မကြုံဖူးသေးတဲ့ ကျမအတွက်တော့ အလွန်တုန်လှုပ်ခြောက်ခြားသွားပါတယ်။
ဘုရားစာကောင်းကောင်းမရတဲ့ ကျမမှာ အလွတ်ကျက်ထားတဲ့ ဘုရားစာတွေ ထွက်လာပါတော့ တယ်။ ခနကြာတော့ အသံနည်းနည်းတိတ်သွားတဲ့ အတွက် အခြေအနေကောင်းတယ်ဆိုပြီး အိမ်ကို ပြန်ပြေး လာပါတယ်။ အကြီးတွေက၏လဲ ကျမတို့အတွက် စိတ်ပူပြီး ငိုနေကြတာကိုတွေ့ရတယ်။ သိပ်မကြာပါဘူး။ သေနတ်သံကိုထပ်ကြားရပြန်ပါတယ်။ အဲ့ဒါနဲ့ကျမတို့လည်း အိမ်အောက်မှာ တူးထားတဲ့ ကတိုကျဉ်းလေးထဲ ကိုဝင်ပြီး ပုန်းအောင်နေကြပါတယ်။ အိမ်းတိုင်းမှာ ကတိုကျဉ်းတွင်းတခု ရှိတယ်။ တိုက်ပွဲဖြစ်ပြီးဆိုရင် လူတိုင်းက ထိုကတိုကျဉ်းလေးထဲကိုဝင်ပြီး ပုန်းနေခဲ့တယ်။ ဒီလိုနဲ့ပဲ တရက်တာအချိန်ကို ကတိုကျည်းလေးထဲမှာ ဖြတ်သန်း ခဲ့ရတယ်။ ရွာသားတွေက တိုက်ပွဲကြားထဲက ဘ၀တွေကို ဖြတ်သန်းနေရပါတယ်။ အခန့်မသင့်ရင် နအဖတွေ ရဲ့လက်ချက်နဲ့ သေဆုံးသွားရတဲ့ ရွာသားတွေရှိသလို့ သူတို့ရဲ့ အနိုင်ကျင့်တဲ့ ဒဏ်ကိုလည်း ခံရတဲ့ရွာသား တွေလည်းရှိပါ တယ်။ အဲ့ဒီရွာရဲ့ပညာရေးဟာလည်း အလွန်နောက်ကျ နေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့အချိန်က ရွာမှာ ဆယ်တန်းအထိရှိပြီး အခုမှာတော့ နအဖက ခုနှစ်တန်းကနေ လေးတန်းအထိဖြုတ်ခိုင်းလိုက်ပါတယ်။ အဲ့ဒီရွာလေးရဲ့ အနာဂါတ်မျိုးဆက်သစ်လေး တွေဟာ လည်း လေးတန်းအောင်လို့ ပညာဆက် လက်သင်ချင်ရင် တစ်ခြားရွာ သို့မဟုတ် မြို့ပေါ်ကိုတက်ပြီး ကျောင်းသွားတတ်ရပါတယ်။ ရွာသားတွေဟာ များသောအားဖြင့် နအဖစစ်တပ်အတွက် ပေါ်တာသွား ပေးရတာ တို့၊ လုပ်အားပေးသွားရတာတို့ သူတို့ရဲ့အချိန်တွေကို ပေးရပါတယ်။ သူတို့လေးတွေရဲ့ ဘ၀ဟာ အလွန်နာကျင် စရာကောင်းလှပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာသူ၊သားတွေဟာ ကိုယ့်နည်းကိုယ်ဟန် ဖြစ်တဲ့ဘ၀ကို နေတတ်ကြပါ တယ်။ ကျမရဲ့ အကြီးဆိုရင် ကျမကို ဒီလိုဘ၀နဲ့ နင့်တို့မနေချင်ရင် သမီးတို့စာကြိုးစားရမယ်တဲ့။ ကျမရဲ့ ပါးပါး အလုပ်သွားတဲ့အချိန်မှာ ကျမအစ်မ တစ်ဝမ်းကွဲအမနဲ့ အိပ်ရပါတယ်။
ကျမ ပါးပါးရွာကို တစ်ခေါက်မှ မရောက်ဖူးပေမယ့် အခုတော့ ဘ၀ဆိုတာ ကျမအတွက် အလွန် နာကျင်စရာကောင်းတဲ့ လောကကြီးတခုပါလားလို့ မှတ်ယူမိပါတယ်။ တခါတလေမှာတော့ လောကကြီးကို အပြစ်တင်ချင်ပေမယ့် လောကကြီးကို သနားသလိုဖြစ်မိတယ်။ တချို့ကပြောကြသေးတယ်။ လောကကြီးက အလွန်မတရားပြီး မာယာများတယ် တဲ့။ လောကကြီးဟာ မာယာမများပါဘူး။ လူတွေကဘဲ မိမိတို့ရဲ့ အတ္တတွေနဲ့ တပါးသူကို ရန်ပြုတတ်ကြတယ်။ ဒီလိုပဲ ရိုးသားဖြူစင်တဲ့ ကျေး ရွာတွေကို နအဖတွေက အပြစ်မရှိ အပြစ်ရှာပြီး သတ်ဖြတ်နေတာ အလွန်မုန်းတီးစရာကောင်းလှပါတယ်။ လောကကြီးကို အလှဆင်တဲ့သူ ရှိသလို ဖျက်ဆီးချင်တဲ့သူတွေလဲ ရှိပါတယ်။ နအဖကတော့ လောကကြီးကို ဖျက်ဆီးတာပင်မကတော့ဘဲ မီးရှို့နေ သလိုဖြစ်နေပါတယ်။ အပြစ်မရှိတဲ့ ကလေးတွေကို သတ်ဖြတ်တာ …….
ဆက်ရန်
ယုန်ကလေး
မတရားတာကို လက်မခံဘဲ မမှန်တာကို မကြောက်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ....
ရာဇ၀င်ထဲက နံပါတ်တစ်
ထူးဆန်းနေတဲ့ဖြစ်ရပ်များ
နေကို အရောင်မျိုးစုံနဲ့ သက်တံရောင်လိုအရာ ၀ိုင်းထားတာကို နေထီးဆောင်းတယ်လို့ လူတွေကခေါ်ကြတယ်။ ကျမတစ်သက်မှာ တခါမှ မမြင်ဖူးပါဘူး။ ငယ်ငယ်တုန်းကတော့ နေကြတ်တာတို့ လကြတ်တာတို့ပဲတွေ့ဖူးတယ်။ အခုတော့ ကျမအတွက် အလွန်ထူးဆန်းတဲ့အရာတွေကို တခုမှမဟုတ်တခု တွေ့နေရတာပါ။ ဟိုတလောကပဲ အင်တာ နက်သတင်းတွေ၊ သတင်းစာတွေထဲမှာ သောကြာဂြိုလ်က ကြယ်နှင့်နီးနေတဲ့အကြောင်း ရေးသားဖော်ပြထားတာကို ဖတ်ရလိုက်တယ်။ မေလ ၂၂ရက်နေ့မှာတော့ ဆရာက အီးမေးလ်နဲ့လှမ်းပြောတယ်။ အပြင်ကိုထွက်ကြည့်လိုက်ဦး နေကို အရောင်မျိုးစုံက၀ိုင်းထားတာတဲ့။ အဲ့ဒါနဲ့ ကျမနဲ့ ကျမသူငယ်ချင်းက ကောင်းကင်ပေါ်ကိုမော်ကြည့်လိုက်တော့ သူပြောတဲ့အတိုင်းပါပဲ အရောင်မျိုးစုံနဲ့ နေကိုဝိုင်းထားတာကို တွေ့ရတယ်။
အဲ့ဒါနဲ့ပဲ ဓါတ်ပုံတွေရိုက်ထားလိုက်တယ်။ ဒီအကြောင်းကိုသိတဲ့လူတွေအတွက်တော့ ထူးဆန်းမှာမဟုတ်ပါဘူး။ ကျမအတွက်တော့ အလွန်ထူးဆန်းပြီး စိတ်ဝင်း စားစရာကောင်းတဲ့အရာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ကျမရဲ့ အကိုတွေကိုမေးတော့ သူက..အဲ့ဒါ အတိတ်နိမတ် မကောင်းဘူး။ ကမ္ဘာကြီးက ပျက်ဆီးတော့မယ်။ စစ်ပွဲတွေဖြစ်လာနိုင်တယ်လို့.. ကျမကို ပြောပြတော့ ကျမစိတ်ဝင် စားသွားတယ်။ အဲ့ဒါတွေတကယ်ဘဲဖြစ်လာနိုင်မလား။ ကျမစိတ်ထဲမှာတော့ ကမ္ဘာကြီးမပျက်စီးခင်၊ စစ်ပွဲတွေဖြစ်ရင် လည်း နေပြည်တော် ကြပ်ပြေးက သန်းရွှေ နအဖအသိုင်းအ၀ိုင်းတို့ အရင်ဦးဆုံးဖြစ်စေချင်တယ်။
အခုတော့ နအဖစစ် အုပ်စုတိုင်းပြည်ကို အုပ်ချုပ်တဲ့အတွက်ကြောင့် တိုင်းပြည်ကဆင်းရဲသထက် ဆင်းရဲလာနေပါတယ်။ ချမ်းသာတဲ့နအဖ အသိုင်းအ၀ိုင်းကတော့ ပြည်တွင်းထွက်သံယဇတပစ္စည်းတွေကို သူတို့ကိုယ်ပိုင်အဖြစ်သိမ်းယူနေကြတာပါ။ နအဖတွေ က ချမ်းသာလာတဲ့အချိန်မှာ ပြည်သူလူထုတွေကတော့ ထမင်းရည်သောက်ရတဲ့ဘ၀ ဖြစ်နေပါတယ်။ နေပူရှိန် မြင့်မားပြီး ရေရှားပါးနေတဲ့အချိန်မှာ နအဖစစ်အုပ်စုအသိုင်းအ၀ိုင်းတွေကတော့ ရေကိုအလျှံအပယ်သုံးနေကြပြီး ပြည်သူလူထုတွေက အ၀ီစီတွင်းတူးရတဲ့အထိဖြစ်နေပါတယ်။
အချိန်ကြည့်ရန်
စိတ်ကြိုက်ဖတ်စရာများ
- ကရင်သတင်း (1)
- ၀တ္တုတို (6)
- GW news (12)
- my slfe (3)
- Video (28)
- ကဗျာ (44)
- ကရင်သတင်း (47)
- ကာတွန်း (4)
- ခရီးသွားမှတ်တမ်း (3)
- စတိတ်မတ် (3)
- စပ်မိစပ်ရာ (28)
- ဓာတ်ပုံ (28)
- ဘာသာပြန်ဝတ္ထုတို (1)
- မူခင်းသတင်း (1)
- ပြည်တွင်းသတင်း (37)
- ရသခံစားမှုများ (2)
- သတင်း (62)
- သီချင်း (4)
- သုတ (20)
- ဟာသ (8)
- အင်တာဗျူး (3)
- အီဒီယံအသုံးအနှုန်းများ (7)
- ဆောင်းပါး (11)
- မြေသြဇာသတင်း (3)
- နိုင်ငံတကာသတင်း (13)
ဖတ်စရာလင့်များ
အားပေးနေတယ်
ကရင်စာမျက်နှာ
သူငယ်ချင်းများ
Watch Movies
သတင်းဌာနများ
ပညာရေးလင့်များ
သီချင်းနားဆင်ရန်
နေ့ရက်တွေကို ကြည့်ရန်
သူငယ်ချင်းများ
- Hongsar
- Sangpi
- Newlife
- ks
- သက်တန့်ချို
- မမ LET IT BE
- မသဒ္ဒါလှိုင်း
- ဇောင်း
- ကြယ်စင်လေး
- ရှင်ရဲထွတ်
- ပြည်စုံ
- ကဗျာရပ်ဝန်း
- ကိုရန်အောင်
- မသက်ဇင်
- ကေဇီလင်း
- မေအိခင်
- ငယ်ဆူးအိမ်
- အညာသား
- အချစ်မဲ့ဂီတာ
- ကိုဝင်းဇော်
- ခင်ဦးမေ
- အိမ်
- SAW
- ကိုရင်နော်ခင်လေးငယ်
- တည်ငြိမ်ကို
- ပန်းခရေ
- မယ်လိုဒီမောင်
- ကေသွယ်
- နိုင်းနိုင်းစနေ
- ၀ါဝါခိုင်မင်း
- ကလိုစေးထူး
- မိုးချိုသင်း
- နှင်းခါးမိုး
- မသဒ္ဒါ
- ဖိုးတရုတ်
- လင်းလတ်ကြယ်စင်
- နစ်နေမန်း
- မာန်လှိုင်းငယ်
- မေငြိမ်း
- မိုးသီးဇွန်
- ဒေါင်းမာန်ဟုန်
- ဒေါက်တာ လွဏ်းဆွေ
- ဆောင်းယွန်းလ
- ကောင်းကင်ကို
- အမ ခင်မင်းဇော်
- ကိုထိုက်
- ဆုံဆည်းရာ
- ဂျစ်တူး
- ပန်ဒိုရာ