တိုက်ပွဲဝင်စဲ မွေးနေ့ရှင်

ဘ၀ခရီးတခုမှာ

မသမာတဲ့အငြိုးနဲ့

ဥာဏ်ထွင်က ကစားခဲ့မှုကြောင့်

စံပျော်ရာမွေးရပ်မြေမှာ မနေရပဲ

အခွင့်အခါပေတဲ့ တော်ရာတိုင်းတစ်ပါးမှာ

လွမ်းတမ်းတရင်းနေခဲ့ရရှာ…။

အာဇာနည်မျိုးရိုးသေရိုးမရှိပေမို့

ကျနော်တို့ခေတ်မှာ

တထောင့်သုံးရာငါးဆယ်ပြည့်အရေးတော်ပုံကြီးဖြစ်ပေါ်တဲ့အခါ

မိစ္ဆာစစ်ဘီလူးတွေကို ရင်ဆိုင်ကာ

အများပြည်သူကောင်းစားဖို့

သင်ပုန်းချေရေးစကားပြောခဲ့ငြားလည်း

အာဏာရှင်တွေဟာ အကြောက်တရားကြီးစိုးကာ

သိရက်နဲကဆက်မိုက်

ငြိမ်းချမ်းရေးမိခင်ကိုပါ

နရသိမ် အကြိမ်ကြိမ်စံစေခဲ့..။

ပတ္တမြားမှန်ရင်

နွံ့နစ်သော်လည်း မညစ်ဆိုတဲ့စကားတိုင်း

မိစ္ဆာရန်သူ စစ်ဘီးလူးတွေရဲ့

လုပ်ကြံကာမဟုတ်မမှန်သတင်းတွေမှာ

အကြိမ်ကြိမ်နွံ့နစ်နေသော်လည်း

ဒေါ်စုရဲ့ဂုဏ်ရောင်ကောင်းသတင်းတွေက

ကမ္ဘာအလယ်မှာ ထင်ပေါ်နေစဲ….။

ဒဏ်ရာဆိုတာ ဘ၀အတွက်အားပေမို့

ပြည်သူတွေအတွက် သဟာသိင်္ခ

နရသိမ်စံကာမလွတ်မလပ်ဖြစ်နေလည်း

ကြီးမြတ်တဲ့အာဂ သတ္တိရှင်ခေါင်းဆောင်တစ်ယောက်ပေမို့

ဒေါ်စုမွေးနေ့ရောက်တိုင်းမှာ

သူကိုလေးစားသူလူအများဟာ

နိုင်ငံတကာမှာ ဒေါ်စုရဲ့ ဂုဏ်တွေကိုဖော်

သက်ရာကျော်ရှည်ကာ

လွတ်လပ်စွာတိုင်းပြည်ကို ဦးဆောင်နိုင်ဖို့

တိုက်ပွဲဝင်ဆဲ စုတောင်းဆဲ…။

ဇာနည်မောင်

၆၃နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက်

1 comments:

Unknown said...

ကိုဇာနည်မောင်ရေ...
အကို့ရဲ့ ကဗျာလေးကအရမ်းကောင်းပါတယ်....
နောက်လည်းအကိုအချိန်ရှိရင်ရေးပါဦနော်....

ပြည်ပရောက်......NLD အဖွဲ့ဝင်တစ်ဦး....

 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates