မစ္စတာ ဂန်ဘာရီနှင့် ဂျပန်အစိုးရတို့ ပူးတွဲထုတ်ပြန်ကြေညာချက်အပေါ် အန်အယ်လ်ဒီ ဦးဥာဏ်ဝင်းနှင့် ဘီဘီစီ အင်တာဗျူး

၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်။


ဘီဘီစီ။ ။ တကယ်တော့ ဒီမြန်မာနိုင်ငံ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီကနေပြီးတော့ ဂျပန်အစိုးရနဲ့ ပူးတွဲတဲ့ ကြေညာချက် ထုတ်ပြန်တာဟာ ကုလသမဂ္ဂအနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံတဲ့သဘော သက်ရောက်နေတယ်လို့ အန်အယ်လ်ဒီက ယူဆထားပုံရပါတယ်။ ဒါကို အန်အယ်လ်ဒီက ကန့်ကွက်တဲ့သဘောမျိုးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီက တော့ ဒီလိုစကားလုံးမျိုးကို မသုံးပဲ စိုးရိမ်မိတယ်လို့ပဲ ဆိုပါတယ်။ အန်အယ်လ်ဒီပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ကြေညာချက်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။ မစ္စတာ ဂန်ဘာရီနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့၏ ပူးတွဲကြေညာချက် တွင် နိုင်ငံတကာက ချီးကျူးလောက်သည့် ပုံသဏ္ဍာန်ဖြစ်အောင် ၂၀၁၀ အထွေထွေရွေး ကောက်ပွဲ ကျင်းပရန် မြန်မာအာဏာပိုင်တို့ကို တိုက်တွန်းခြင်းအပေါ် သဘောတူညီကြ သည်ဟု ကြားသိရပါသည်။ ဤသည်မှာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ တိုးတက်ရေးအ တွက် ဆန္ဒရှင် ပြည်သူများကိုသာ အမျိုးသားဒီမိုကရေစီအဖွဲ့၏ အလေးအနက် တင်ပြချက် များနှင့်လည်းကောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံအသီးသီး၏ ဆုံးဖြတ်ချက်များဖြစ် သော ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလာဒ်ကို လေးစားလိုက်နာရင်းဆိုတဲ့ အချက်နဲ့လည်းကောင်း ညီညွတ်ခြင်း မရှိပါသဖြင့် အထူးစိုးရိမ်မိပါသည်လို့ ကျနော်တို့ အဲဒီလို ဖော်ပြပါတယ်။

ဘီဘီစီ။ ။ ဆိုတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်နဲ့ မစ္စတာ ဂန်ဘာရီတို့ကနေပြီး တော့ တရားမျှမျှတတရှိဖို့၊ အများလေးစားဖို့အတွက် ပြောတာကို လက်မခံဘူးဆိုတဲ့ သဘောပေါ့။

ဦးဥာဏ်ဝင်း။ ။ လက်မခံဘူးဆိုတဲ့ စကားလုံးတော့ ကျနော်တို့ ဒီလိုသဘောမပါဘူး။ ကျနော်တို့ပြောချင်တာက မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် အဖွဲ့ချုပ်ရဲ့ သဘော ထား တင်ပြချက်တွေနဲ့ မညီဘူး။ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံက ၉၀ ပြည့်ုနှစ် ရွေးကောက်ပွဲကို လေးစားလိုက်နာရေး ဆုံးဖြတ်ချက်နဲ့ မညီဘူးလို့ ကျနော်တို့ အဲဒီလို ဖော်ပြပါတယ်။

ဘီဘီစီ။ ။ ဂျပန်ကလည်း သူ့နိုင်ငံ သီးခြားအချုပ်အခြာနိုင်ငံတခုအနေနဲ့ သူ့ရဲ့ သဘောထားအမြင် ပြောတာပဲ မဟုတ်လားခင်ဗျ။

ဦးဥာဏ်ဝင်း။ ။ ကျနော်တို့ အဲဒီလိုပြောလို့ရှိရင် ဒီကြေညာချက်မထွက်ပါဘူး။ ကျနော်တို့ ကုလသမဂ္ဂရဲ့ Envoy နဲ့ ပူးတွဲထုတ်တဲ့အတွက် ကျနော်တို့ ထွက်တာပါ။

ဘီဘီစီ။ ။ ဦးဥာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရူ့ရန်

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ


လတွေထဲမှာ ကျမအချစ်ဆုံးက ဒီဇင်ဘာလပါပဲ ။ မနက်မိုးလင်းတာနဲ့ ကန်ဘောင်ပေါ်ကျမရောက်နေတတ်ခဲ့ တယ်။
ကျမအပျော်ဆုံးကလဲ ဒီဇင်ဘာပါပဲ မနက်အစောကြီး ဆိတ်ဖလူးပန်းတွေ ကောက်ခဲ့ ရတဲ့ နေ့ တွေ ကျမဘယ်တော့မှ မေ့ပစ်ဘို့ မကြိုးစားခဲ့ပါဘူး ။ ကျမ မသေခင်အထိ ဒီဇင်ဘာလရောက်ချိန်တွေကို မျှော်နေမှာပဲ ။ ဒီဇင်ဘာလတိုင်း ရန်ကုန်မြေကို နင်း ခွင့်ရဘို့ ကျမကြိုးစားနေမှာပါပဲ။ ရန်ကုန်ရဲ့ဒီဇင်ဘာကို ကျမသေမှ ခွဲချင်ခဲ့တယ်။ မနှစ်ကဒီဇင်ဘာ အကြောင်းကျမရေးမလို့ပါ ။အရမ်းအေးတယ်...။ မှတ်မှတ်ရရ ကျမတို့ ညအိပ်ရင်တောင် အဲကွန်းပိတ်ထားရတဲ့အထိ ရန်ကုန်ဆောင်းပီသခဲ့တာပါ။ ကျမတို့ မနက် လေးနာရီထိုးတာနဲ့ သူငယ်ချင်းတွေအကုန် ချိန်းထားတယ် ။ ရွှေတိဂုံဘုရားကို တက်ကြဘို့ ပေါ့ ။ သူတို့က မြို့ ထဲကနေ ကျမကို ကမ္ဘာအေးမှာ လာခေါ်မယ်ပေါ့ ။ ကျမက ၀ီရိယလွန်ပြီး မနက်လေးနာရီထိုးဘို့ မိနစ်နှစ်ဆယ် လောက်အလိုထဲက ခြံရှေ့ မှာ ။ အဆင့်သင့်ပိုက်ဆံအိတ်လွယ်ပြီး ကမ္ဘာအေးလမ်းမ ပေါ်ထွက်ရပ်နေတဲ့ ကျမရှေ့  ကို အငှါးကားတွေတစ်စီးပြီး တစ်စီးထိုးရပ်လာတယ် ။ ကျမကလဲ ကောင်းကောင်းမွန်မွန်ပဲ ကျမ ကားမငှါးပါဘူးပေါ့ တစ်ချို့ကားက ထွက်သွားတယ် တစ်ချို့ ကားက လမ်းကြုံလို့ ပါပို့  ပါရစေတဲ့။ အဲဒီတော့မှကျမ ခေါင်းနပန်းကြီးသွားတယ် ဒါပေမဲ့ လမ်းပေါ်မှာ ကျမတစ်ယောက်ထဲ မဟုတ်ဘူးနော် လမ်းလျောက်တဲ့သူတွေ တဖွဲဖွဲရှိတယ် ။ ဒါပေမဲ့ ကျမကတော့အငြိမ်ပေါ့ ။ ရပ်စောင့်နေရတာကိးု ...။ အမေက ပြောတယ် လမ်းမှာ ကိုယ့်ကို မခန့် လေးစား ပြောခံရရင် ကိုယ့်ဝတ်စား ဆင်ယင်ပုံကို အရင်ပြန်ကြည့်တဲ့ ။ နောက်တစ်ခု မျက်နှာ ပေးတဲ့ ။
ကျမကိုယ်ကျမ ပြန်လေ့လာတော့ ပထမဦးဆုံးဘုရား တက်မဲ့နေ့ လေ ။ ကချင်အနက်ပေါ် ချည်အစိမ်းနဲ့ဖေါက်ထားတဲ့ ထမိန်စကဒ်နဲ့ စပို့ ရှပ်ခေါင်းစွပ်အစိမ်းလက်ရှည်နဲ့  ပုဝါအစိမ်းလေး ပခုံးပေါ်တင်လို့  ပိုက်ဆံအိတ် လွယ်ထားတယ် စွတ်ရချွတ်ရလွယ်တဲ့ ညှပ်ဘိနပ်အဖြူရောင်နဲ့ ။ ဘာများမှားလို့ တုန်း ကျမတွေးရင်း တော်တော်တင်းနေပြီ။လာခဲ့တွေ့  မယ်လို့ တေးထားတဲ့ ကျမနား အငှါးကားတစ်စီး ထိုးရပ်လာတယ် ပထမတစ်စီး နှစ်စီးလောက်သာ ကျမကောင်းကောင်း ဖြေတာ နောက်ကားတွေလာရင် ကျမကြည့်ကို မကြည့်တော့တာပါ ။ အခုရပ်လာတဲ့ကားသမားလဲ ပြီတီတီပဲ အဲဒီကားသမားကို သူမမေးခင် ရှင့်ကိုမတားပဲဘာကိစ္ဓ ကျမအနားရပ်တာလဲဆိုတော့ ညီမလိုက်မလားတဲ့ ကျမက ဘယ်ကိုလိုက်ရမှာလဲဆိုတော့ လိုက်ပို့မယ်လေတဲ့....။ ရှင်ကဘယ်ကိုပို့မှာလဲဆိုတော့ တက်ပါ ကားပေါ်ကျမှ ပြောမယ်တဲ့ အနားကအုတ်ခဲကျိုးတစ်ခုကိုကောက်ပြီးလာရှင်ဆင်းခဲ့ စမ်းပါ ကားအောက်က အခုဆင်းဆိုတော့အဲဒီလူက ကားကို ဘီးလှိမ့် ယုံလိမ့်တယ် အုတ်ခဲကျိုးကိုင်ထားတဲ့ ကျမကို အနားက ဖြတ်လာတဲ့  လူတွေကြားအောင် ရိုးရိုးသားသားမေးတာ စိတ်ဆိုးစရာမလိုဘူးလို့ လူကြားကောင်းအောင် အော်သွားတယ်။ မကြာပါဘူး နောက်တစ်စီးရပ်လာတယ် မေးပုံကိုက ညီမလေး လမ်းကြုံတယ်လိုက်မလား တဲ့  ဘယ်ကိုကြုံတာလဲ ဆိုတော့တောင်ဥက္ကလာတဲ့ လာပါ တက်ပါ အကိုက ကားသိမ်းတော့မှာတဲ့ ခဏဆိုပြီးကျမသူ့  ကားနံပတ်ကိုသေသေချာချာသွားကြည့်တယ် ပြီးတော့ဘုရားပေါ်မှာရိုက်ဘို့  ဆောင်ထားတဲ့ ဒီဂျစ်တယ် ကင်မရာ အသေးလေးနဲ့ အပီအပြင်ချိန်တယ် ရှင်နဲ့ ပါဆို ဆယ့်တစ်စီးရှိသွားပြီ မနက်အာရုဏ်တက်မှာ အမျိုးကောင်းသားသမီး တွေကိုကာယိနြေ္ဓ ပျက်အောင် ဒီအနားမှာ နှောက်ယှက်နေတယ် တိုင်ထားလို့ ရှင့် ဆိုတော့ကားသမား ပြူးတူးပြာတာ နဲ့ ကျနော်ဘာလုပ်လို့ လဲတဲ့  ရှင်ရုံးရောက်မှ ရှင်းတော့ဆိုတော့ ကျနော်တောင်းပန်ပါတယ် နောက်ဒါမျိုးမဖြစ်စေရပါဘူးတဲ့ .....။ ကျမလဲခပ်တည်တည်ပဲ သူ့ကို...သွားမှာသွားစမ်းပါ နောက်ကားတွေ ဖမ်းရမယ်ဆိုတော့...။ သူက ကျမကို ဒီအချိန်လမ်းမမှာ တစ်ယောက်ထဲရပ်နေမှတော့ မေးမှာပဲတဲ့..။
မေးတာကျမလက်ခံပါတယ် ။ မဟုတ်ပါဘူး ပြောနေတာ ထပ်ကွန့် ပြီးခေါ် နေတာတော့မဟုတ်ဘူးရှင့်...။ လုပ်စားတဲ့  သူက ရှင်မေးရင် ၀မ်းသာအားရရှိမှာပေါ့...။ ကျမက မဟုတ်ပါဘူးဆိုမှ မဟုတ်လို့ ပေါ့ရှင့်...။ ရှင်တို့ လူရှာတာ လမ်းဘေး ရပ်သမျှ မိန်းကလေး လိုက်မေးတာတော နည်းမကျဘူးဆိုတော့ တောင်းပန် ပါတယ် နောက်မဖြစ်စေရပါဘူးတဲ့ ။ ကျမလဲ လမ်းလျှောက်သူတွေ များလာတော့ လမ်းလျောက်တော့မယ် ဆိုပြီးလမ်းမကြီးအတိုင်း ရွှေဂုံတိုင်ဘက်ကို လျှောက်လာတယ် ။ သုံးလေးခြံကျော်လောက် လျှောက်မိတော့ ပလက်ဖေါင်းပေါ်မှာ ဆိတ်ဖလူးပန်းတွေ ဖွေးဖွေးလှုပ် နေတယ် ....။ ဘယ်လိုမှ ဟန်မဆောင်နိုင်အောင်ပန်းတွေထိုင်ကောက်တော့တာပဲ...။ပြီးတော့ အုတ်တံတိုင်းကိုကျော်ပြီး ကိုင်းကြနေတဲ့ အကိုင်းက ပန်းတွေကိုလဲကျမ ခူးယူခဲ့ သေးတယ်။ ပြီး... ကျမလမ်းဆက် လျှောက်လာတယ်...။ အဲဒီအချိန် ရောင်နီလာနေပြီ....။ လူတွေလဲ ပိုများလာပြီ...။ ဒါပေမဲ့ ကားသမားတွေရဲ့ နှောက်ယှက်မှုကိုတော့ ကျမခံနေရတုန်းပဲ...။ နောက်ကနေ ဟွန်းတီးလားတီးရဲ့  အနားကပ်ပြီး လိုက်မလား ခေါ်လားခေါ်ရဲ့ သူများ တွေကြည့်ပြီး ကျမပုံစံက လမ်းလျောက်တဲ့  ပုံစံမဟုတ်တာ သတိထားမိလာတယ် ...။ ပိုက်ဆံအိတ် လွယ်လာတာရယ် ထမိန်စကဒ်ဝတ်ထားတာရယ်မိန်းကလေးတစ်ယောက်ထဲ ဒီအချိန် စိမ်ပြေနပြေ လမ်းလျှောက်နေတာရယ်က ထူးခြား နေမှာ အမှန်ပဲဆိုပြီး ကျမ စိတ်လျှော့ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ ကိုယ်ပိုင်ကားတစ်စီး ကျမနောက်ကလိုက်လာတယ်....။
အသိသာကြီးရှင်..။ လမ်းလျှောက်တဲ့ သူနောက်ကို ကားနဲ့ ဘီးလှိမ့် ပြီးလိုက်တာ တော်တော်အရုပ်ဆိုးတာပဲလို့  စဉ်းစား ရင်း ငါတော့တစ်ခုခုလုပ်မှလို့ တွေးမိတယ်....။ ကားက ကျမအနားကပ်လာရင် လိုက်ပို့ မယ်လေ ပြောလိုက် ကျော်သွား ရင်ရပ်စောင့်လိုက်....။ ကားကလဲ ကျမတို့ ညီအမ အမည်ပေးထားတာလူပုလေးတွေ စီးတဲ့ကားလို့တီကို အ ဖြူရောင် ကျမနဲ့ မတိမ်းမယိမ်းလောက်ပဲ..... ။ အဲလိုနဲ့ ရွှေဂုံတိုင် လမ်းဆုံရောက်လာတယ်... ။ ကျမရှေ့ တည့်တည့်မှာရွှေပန်း ငွေပန်း စံပါယ်ပန်းတွေ ကိုင်ပြီး ပန်းရောင်းတဲ့ ကောင်လေးတစ်ယောက်လျှောက်လာတယ်.... ။ ရွှေတိဂုံဘုရားကိုလဲ မြင် နေရပြီ ကျမ အဲဒီကောင်လေးဆီက စံပါယ် ရွှေ ငွေ တော်တော်များများ ၀ယ်လိုက်တယ်....။ ပလက်ဖေါင်းပေါ်တင်ပဲ ၀ယ်နေတာ ကျမတို့ အနားမှာ ကပ်ပြီး အဲဒီကားရပ်နေတယ်.... ကျမဒေါသက လုံးဝမရတော့ဘူး...။ ကျမနောက်လှည့်ပြီး အဲဒီ ကားဂျပုပေါ်က လူကို ရှင်မရှက်ဘူးလားဟင်....လို့  လေသံအေးအေးနဲ့ မေးတော့...။ ရုတ်တရက် ထင်မထားဘူး ထင်တယ်....။ ဘာကိုရှက်ရမှာလဲတဲ့ ဒီလမ်း ကို့လို့ ကန့်လန့် ကြီးမှာဘာကြောင့် ကားရပ်ထားတာလဲလို့ ကျမမေးတော့ စံပါယ်ပန်းဝယ်မလို့ တဲ့  ရတယ် ပြော... ဘယ်လောက်ဘိုးယူမလဲဆိုတော့ တစ်ထောင့်ငါးရာဘိုးတဲ့ တစ်ကယ့် ကလေး ကလား ...။ ရတယ်... မောင်လေးသူ့ အရင် ပေးလိုက်ဆိုတော့ အဲဒီကောင်လေးလဲ ၀မ်းသာအားရ အဲဒီလူက တစ်ထောင်တန်နှစ်ရွက် ကိုင်ထားတယ်...။ ကျမက ကြားကနေ စောစောစီးစီး အမ်းစရာမရှိဘူး မောင်လေးနှစ်ထောင်ဘိုး လုပ်ပေးလိုက် ဆိုတော့ ....။ အဲလူက ပြီတီတီရုပ်နဲ့ ရတယ်.. ရတယ် လုပ်လိုက်တဲ့ ။ ပန်းသည်ကောင်လေးရဲ့ တစ်ချို့  ပန်းတွေ ကျမကိုင်ထားပေးရတာလေ...။ သူက ပန်းတွေကို ရေပြီးခဲတန်ချွန်တဲ့ ဓားလေးနဲ့ ဖြတ်တော့ ကျမက သူ့ပန်းတစ်ချို့ကျမအတွက်ဝယ်ကတည်းက ကိုင်ပေးထားတာ ကျမ မရယ်မပြုံး ခပ်တည်တည်ပဲ...။ ပန်းသည် ကောင်လေးပေးတဲ့ ပန်းနှစ်ထောင်ဘိုး ကို လှမ်းပေးရင်း ရှင် ကျမနောက်လိုက်အုန်းမယ်ဆိုရင်... ။ ကားကို တစ်နေရာမှာ ရပ်ခဲ့ ...။ ရှင်လဲသိက္ခာကျ၊ ကျမလဲသိက္ခာကျတဲ့ အလုပ်ကိုဆက်မလုပ်ပါနဲ့  .... ကားပေါ်ကလူတွေကို အထင်ကြီးတဲ့  အထဲမှာကျမမပါဘူး...။
ရှင်နဲ့ ဒီပန်းရောင်းတဲ့ မောင်လေးနဲ့ ယှဉ်ရင်တောင် ဒီမောင်လေးက ရှင့်ထက်သိက္ခာရှိတယ်လို့ ကျမတို့  သုံးယောက်ကြား အောင် ကျမပြောတော့....။ ကားပေါ်ကလူက လေသံမာမာနဲ့ ခင်ဗျားနောက်ကို ကျနော်ဘာလို့ လိုက်ရမလဲတဲ့ ...။ ကမ္ဘာအေးဘုရားလမ်းထဲက ရှင်ကားမောင်းတာ လမ်းလျှောက်နေတဲ့ ကျမနဲ့ အတူတူ ပန်းဝယ်နိုင်တာဘာကြောင့်လဲ ရှင့်ကိုယ်ရှင်စဉ်းစား....။ ရှက်ရင် မဟုတ်တာမလုပ်နဲ့  အဲဒါဆယ်ကျော်သက်တွေအလုပ်.....။ ရှင့်အရွယ် မလုပ်သင့် တော့ဘူး...။ ရော့....ရှင့်ပန်း.... ကြွပေတော့လို့ ကျမပြောတော့မှ မကျေမနပ်နဲ့ ဝူးဆိုကားကို မောင်းထွက်သွားတယ်....။ အဲဒီနေ့က ဘုရားပေါ်ကျမရောက်ပြီးမှ သူငယ်ချင်းတွေရောက်လာတယ်....။ အစောကြီး လမ်းလျှောက်ရတာ ကျမသဘောကျသွားပြီး နောက်နေ့ တွေလဲ လမ်းပဲ လျှောက်ဖြစ်တော့တယ်...။ သုံးရက်လောက်ဒုက္ခခံပြီးတော့ ကျမကို အဲဒီလမ်းတစ်လျှောက်က လူတွေသိ သွားကြပြီ...။ ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။
အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီးတန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး..လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့ တော့ မထင်စေချင်ဘူး ။အကြောင်းအရာတစ်ခုစလိုက်ရင် တစ်ယောက် တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေအကြောင်း ကျမသိလာခဲ့ ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ် ...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့  လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။

ကျမလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်.....။ မနက်ဆို နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျမပေါ့။ အဲဒါမနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက် ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တတ် ချမ်းသာကြီး တန်ဆောင်းမှာ ပု တီးစိတ် စကားတွေပြောပြီး ....။ ခေါင်းလောင်းထိုး.. လူနှင် တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျမတို့  ဆင်းလာခဲ့ကြတယ်။ ကျမတို့ ညီအမ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့  တော့ မထင်စေချင်ဘူး ။ အကြောင်းအရာ တစ်ခုစလိုက်ရင် တစ်ယောက် တစ်ပေါက်မပြီးနိုင်မစီးနိုင်ပြောတာတွေ..... ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော. ... ကြုံရင်ကြုံသလို နောက်တုန်း..။ ကျမကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရား က အလှူခံပုံးတွေ အကြောင်း ကျမသိလာခဲ့ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာ ပုတီးစိပ်နေရင်း ကိုးနာရီခွဲ လောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေးတစ်ယောက် က သော့ခတ်ထားတဲ့  အလှူခံပုံးတွေ ကို လာလာထမ်းယူ သွားတယ်...။ ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူထမ်းနေတာ ဘုရားမှာရှိ သမျှပုံး အကုန်တစ် နေရာမှာ သူသွားသွားစုတာ တစ်နေ့ လဲမဟုတ် နှစ်နေ့လဲ မဟုတ် စဉ်းစား ကြည့်ပါ ဦးရှင့်.....။ ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့  ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့  ၀န်ထမ်းပဲ ကျန်တာ... .။သော့ခတ်ထားတဲ့ အလှူခံပုံးကိုဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့  မတူပေ ဘူးလား ....။ ပုတုတုနဲ့ အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို........... မမလေ......... သိတယ်နော်ဟဲ့ နင်ကို ဘယ်သူဒဏ်ပေးထား တာတုန်းလို့ ကျမမေးတော့..... ဗျာ.... အမတဲ့  အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူသွားတာတုန်းဆို တော့သိမ်းတာလေတဲ့ ။
ဟဲ့ နင်အားနေလား နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့  သူမရှိဘူးဆိုတော့...။ မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာတဲ့ .....။ကျမခေါင်းနဘမ်း ကြီးသွား သလိုအမတွေလဲ အနားတိုးလာတယ်ရှင်းရှင်းပြောစမ်းနားမလည်ဘူး ဂေါပကသွားတိုင်မှာ နော်ဘုရားပိုင်ငွေတွေပြည်သူတွေရဲ့ အလှူငွေတွေကိုဘယ်ကသူဌေးကပိုင်တယ်လို့ နင်ပြောတာတုန်းဆိုတော့ ကျနော်တို့ သူဌေးက ရွှေတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ ကန်ထရိုက်ယူထားသတဲ့  ရှင်....။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြားတဲ့  မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်တဲ့ ...။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား...။ ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျနေတဲ့ လူတစ်စုကြောင့် ရပြီးသားဘုရားငွေတွေရော မရေရသေးတဲ့အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့တဲ့ ...။ ငါတို့ ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ကုလား ကရနေတာကိုးတဲ့။ အဲဒီနေ့ ကစလို့ ဘုရားကိုရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်း ကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ့  အလှူခံပုံးတွေထဲကျမတို့  အလှူငွေမထည့်တော့ဘူးရှင်.......။ ကဲ..... ရှင်တို့ ရောလှူကြဦးမလား...ရှင့် ။


မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျမကို ကျိုးကြောင်း ခိုင်လုံစွာ ရှင်းပြပေးပါရှင် ။ ကျမ မဟုတ်ဘူးဆိုတာ ကိုလက်ခံချင်လို့ ပါ....။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ ကျမမေးကြည့်တော့  မှန်ပါတယ်တဲ့ ရှင် .....

မမ
မြန်မာပြည်က အမတစ်ယောက်က မေလ်းနဲ့ပို့ပေးလိုက်တာပါ။ သူငယ်ချင်းတို့အားလုံးဖတ်စေချင်လို့ တင်ပေးလိုက်ပါတယ်နော်၊
ဆက်လက်ဖတ်ရူ့ရန်

နေပြည်တော်မှ တိုးတိုးတိတ်တိတ် မင်္ဂလာပွဲ


Thursday, 05 February 2009 19:02 အေးလဲ့

“စိန်စီသောည” ကဲ့သို့သော အရှက်ကွဲစေမည့် ဗွီစီဒီတချပ် ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေရန် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက မင်္ဂလာ ဧည့်ခံပွဲကြီး တခုကို သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ ကြသည်။

ဧည့်ခံပွဲသည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒေါ်ခင်ခင်ဝင်းတို့၏ သမီး မယဉ်သူဇာသိန်း နှင့် ဗိုလ်ကြီး ဟန်ဝင်းအောင် တို့၏ လက်ထပ် မင်္ဂလာပွဲဖြစ်ပြီး စနေနေ့ (ဇန်န၀ါရီလ ၃၁ရက်နေ့) က မြို့တော်သစ် နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အစိုးရ ဧည့်ဂေဟာ တခုတွင် ပြုလုပ်ခဲ့သော အဆိုပါ ဧည့်ခံပွဲကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု အပါအ၀င် စစ်ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ လက်ဝတ်ရတနာ ပစ္စည်း၊ ဇိမ်ခံကား၊ အိမ်ခြံမြေ စသည့် လက်ဆောင်ပစ္စည်း အများအပြား ရရှိခဲ့သည်ဟု သိရသည်။

ဝန်ကြီးချုပ်၏ သမီးဖြစ်သူ မင်္ဂလာဆောင်ပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပခြင်း မပြုရန် တားမြစ်ခံခဲ့ရဖွယ်ရှိသည်ဟု ၎င်းမင်္ဂလာပွဲ တက်ရောက်သူတဦးက သုံးသပ်သည်။ “မင်္ဂလာဆောင်က သိပ် အကျယ်မချဲ့ဘူး၊ မီဒီယာကို သတင်းပေါက်သွားမှာ စိုးရိမ်ကြပုံရတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ထိုသို့ သိုသိုသိပ်သိပ် ပြုလုပ်ခဲ့ခြင်းမှာ ၂၀၀၆ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်ကဲ့သို့ နောက်ဆက်တွဲ အရှက်ကွဲမှုများ ထွက်ပေါ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ဆိုသည်။

မသန္တာရွှေ၏ ခမ်းနား ထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင် ပျံ့နှံ့ခဲ့သည်။

“စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး မသန္တာရွှေက စိန်ရတနာ ပစ္စည်းများ ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ထားသည်။

အဆိုပါ မင်္ဂလာဧည့်ခံပွဲကို အင်တာနက်မှတဆင့် ကြည့်ရှုခဲ့ရသည့် စင်ကာပူဝန်ကြီးချုပ်ဟောင်းလီကွမ်ယုက “(ဗိုလ်ချုပ်မှူးကြီး)သမီးကလည်းဗျာ ခရစ်စမတ်သစ်ပင် ကျနေတာပဲ”ဟု အင်တာဗျူးတခုတွင် မှတ်ချက်ချခဲ့သည်။

“စိန်စီသောည” တွင် ခမ်းနားလှသော ဧည့်ခံပွဲ၊ အဖိုးတန် ဝတ်စားဆင်ယင်မှုများ၊ ရှန်ပိန်အရက်များ အလျှံအပယ်တို့ဖြင့် ညစာစားပွဲ တည်ခင်းပုံကို ပြည်သူများ ဆင်းရဲ ကြပ်တည်းပြီး စားစရာ မရှိ ဖြစ်နေသည့် အခြေအနေများနှင့် ဖြတ်ညှပ်ကပ်ပြီး နှိုင်းယှဉ် ဖော်ပြထားသည်။ အဆိုပါ မှတ်တမ်းအား မည်သူက စတင် ဖြန့်ချိခဲ့သည်ကို မသိရပါ။

ထို မှတ်တမ်းစီဒီကြောင့် စစ်အစိုးရ ခေါင်းဆောင်ပိုင်း မိသားစုတစု၏ နေထိုင်မှု ဘဝတစိတ် တပိုင်းကို မြန်မာနှင့် ကမ္ဘာက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။

ယင်း “စိန်စီသောည” မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းစီဒီမှာ လူအများ အကြား ရေပန်းစား ပျံ့နှံခဲ့သဖြင့် ၎င်းအခွေ လက်ဝယ် တွေ့ရှိသူများကို ဖမ်းဆီး ထောင်ချခဲ့သည်ဟု သိရသည်။

မင်္ဂလာဧည့်ခံပွဲ ကြော်ငြာကို စစ်အစိုးရ၏ မြန်မာ့အလင်း နှင့် ကြေးမုံသတင်းစာ တို့တွင် ထည့်သွင်းခြင်း မပြုခဲ့ပေ။ ယခင်က စစ်ခေါင်းဆောင်နှင့် ပတ်သက်သည့် မင်္ဂလာဧည့်ခံပွဲများကို သတင်းစာများတွင် ခမ်းခမ်းနားနား ကြော်ငြာလေ့ရှိခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်တို့က အခွင့်အရေးများ၊ လုပ်ငန်း လုပ်ပိုင်ခွင့်များ ရရှိရန် စစ်ခေါင်းဆောင်တို့၏ ဧည့်ခံပွဲ အခမ်းအနားများတွင် တန်ဖိုးကြီးလက်ဆောင်များ၊ ငွေကြေးများ ပေးအပ်ခြင်းဖြင့် ချည်းကပ်လေ့ရှိသည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး၏ သမီးဖြစ်သူ မင်္ဂလာဆောင်တွင် ဇိမ်ခံကား၊ လက်ဝတ်ရတနာ စသဖြင့် စုစုပေါင်း ဒေါ်လာသန်း ၅၀ ခန့် တန်ဖိုးရှိသော လက်ဖွဲ့ပစ္စည်းများ ရရှိခဲ့သည်ဟု ဆိုသည်။

၁၉၉၀ ပြည့်လွန် အစောပိုင်း နှစ်များအတွင်းက ဗိုလ်ချုပ်တင်ဦး၏သားနှင့် မြို့တော်ဝန်ဟောင်း ဦးကိုလေး၏ သမီးဖြစ်သူတို့ ပြုလုပ်ခဲ့သည့် မင်္ဂလာ ဧည့်ခံပွဲတွင်လည်း စီးပွားရေး လုပ်ပိုင်ခွင့်များ ရရှိရေးအတွက် လုပ်ငန်းရှင်တို့က အကြီးအကျယ် လက်ဖွဲ့ခဲ့ကြသည်ဟု သိရသည်။

ဆက်လက်ဖတ်ရူ့ရန်

ကျနော်တို့မှာ ညီညွတ်ရေး မရှိကြဘူး


Monday, 02 February 2009 17:50 ဧရာဝတီ

ဗိုလ်မှူးချုပ် ဂျော်နီသည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ ၏ တပ်မဟာမှူး ဖြစ်သည်။ ဘားအံခရိုင် အတွင်းရှိ တပ်မဟာ ၇ နယ်မြေများသည် KNLA ၏ အရေးအပါ ဆုံးသော နယ်မြေများ ဖြစ်သည်။ ဗိုလ်မှူးချုပ် ဂျော်နီသည် ၂ဝဝ၇ ဇန်နဝါရီလမှ စတင်ပြီး တပ်မဟာမှူး အဖြစ် တာဝန်ပေး ခံခဲ့ရသည်။

ဧရာဝတီနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ဗိုလ်မှူးချုပ် ဂျော်နီက KNLA ၏ နိုင်ငံရေး အဖွဲ့ ဖြစ်သော ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတို့နှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။

မေး။ ။ ၂ဝဝ၉ ခုနှစ်မှာ ဘာတွေလုပ်မလဲ။

ဖြေ။ ။ ကျနော်တို့ ၂ဝဝ၉ ထဲမှာ သံဃာတော်တွေ၊ ကျောင်းသားတွေ၊ ပြည်တွင်း ပြည်ပက အတိုက်အခံ တွေနဲ့ ပိုပြီး လက်တွဲရမယ်၊ စစ်အစိုးရရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်။ ဘာကြောင့်လဲလို့ ဆိုတော့ ရွေးကောက်ပွဲမှာ စစ်အစိုးရက နိုင်သွားရင် ကျနော်တို့ စစ်ဖိနပ်အောက်က လွတ်တော့မှာ မဟုတ်ဘူးလေ။

မေး။ ။ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး မဟာဗျူဟာ ဘယ်လိုချထားသလဲ။

ဖြေ။ ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ ဒါကြောင့် ကျနော်တို့က စစ်အစိုးရကို အမြဲတမ်း တံခါးဖွင့် ထားပါတယ်။ စစ်အစိုးရက ဂရုမစိုက်ဘူး ဆိုတော့ ကျနော်တို့က လက်နက်ကိုင်ပြီး တိုက်နေရတာပါ။

ကျနော်တို့ကို ဗမာစစ်တပ်က လာတိုက်ရင် ကျနော်တို့ ပြန်တိုက်ရမှာပဲ။ ကျနော်တို့ လက်နက် ကိုင်ထားတယ်ဆိုတာ ဗမာတွေကို တိုက်ဖို့ မဟုတ်ဘူးလေ၊ ကျနော်တို့က မဟာဗမာ စစ်အာဏာရှင် စနစ်ကို တိုက်နေတာပါ။

ကျနော်တို့က လက်နက်ကိုင် တိုက်ပွဲကို ဆက်ပြီး ဆင်နွှဲသွားမယ်။ စစ်အစိုးရက လာတိုက်ရင် ကျနော်တို့က ပြန်တိုက်မှာပဲ။

မေး။ ။ KNU ထဲမှာ ဖြစ်နေတဲ့ အကွဲအပြဲတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ တယောက်နဲ့ တယောက် နားလည်မှု မရှိကြတာ ကျနော်တို့ရဲ့ အားနည်းချက်ပဲ။ ကျနော်တို့မှာ ညီညွတ်ရေး မရှိကြဘူး။ တော်လှန်ရေး ကြာလာတာနဲ့အမျှ စစ်အစိုးရက ဝင်ပြီး သွေးခွဲတဲ့အတွက် ကျနော်တို့ရဲ့ ရဲဘော်တွေ စစ်အစိုးရဆီမှာ လက်နက် ချကြတာပဲ။

သိတဲ့အတိုင်း ရန်သူက ကျနော်တို့ကို နေ့တိုင်း သွေးခွဲဖို့ ကြိုးစားတယ်။ ဒါကို ကျနော်တို့ သိသိကြီးနဲ့ သွေးခွဲ ခံနေကြတယ်။ ဥပမာ (KNU ကနေ ခွဲထွက်သွားတဲ့) ဗိုလ်ချုပ် ထိန်မောင် ဆိုရင် ရန်သူက သူ့ကို သွေးထိုး နေတယ်ဆိုတာ သူ ကောင်းကောင်း သိတာပဲ။ ဒါပေမယ့် သူ ခွဲထွက်သွားတယ်။ ဒါ ရန်သူက တော်လို့ မဟုတ်ဘူး၊ ကျနော်တို့ ညံ့လို့ ဖြစ်တာတွေပဲ။

ကျနော်တို့ကတော့ ကျနော်တို့ သမိုင်းကို အကောင်းဆုံး ဖြစ်အောင် ကိုယ်တိုင် ရေးကြရမှာပဲ။

မေး။ ။ KNU ထဲမှာ ညီညွတ်မှု ရဖို့အတွက် ဘာလုပ်မလဲ။

ဖြေ။ ။ ကျနော်တို့ အမြဲတမ်း သတိထားနေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်သူက ကျနော်တို့ကို အမြဲတမ်း သွေးခွဲနေတယ်လေ။ ရန်သူ ပြောတာကို နားယောင်လို့ မရဘူးနော်။ ကျနော်တို့မှာ ကိုယ်ပိုင်မူဝါဒ ရှိတယ်။ ကျနော်တို့ရဲ့ မူဝါဒအတိုင်း ရပ်တည်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို သေချာပေါက် ရောက်မှာပဲ။

ပဒိုမန်းရှာ တို့လိုမျိုး ကျနော်တို့ ခေါင်းဆောင် တွေက ပြည်သူလူထု အတွက် အကောင်းဆုံး လုပ်သွားခဲ့ ကြတာပဲ။ ကျနော်တို့က မပြီးပြတ်သေးတဲ့ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်ရမယ်။ ကျဆုံးသွားကြတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဟာ အင်မတန်ကို မြင့်မြတ်တဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

ကျနော်တို့ ဆက်မလုပ်ဘူး ဆိုရင် ကရင်ပြည်သူ လူထုအတွက် အသက်ပေး စွန့်လွှတ်သွားတဲ့ ကျနော်တို့ ခေါင်းဆောင်တွေ၊ ရဲဘော်တွေကို ကျနော်တို့ သစ္စာဖောက်ရာကျတယ်။

မေး။ ။ KNU ကနေ ခွဲထွက်သွားတဲ့ အဖွဲ့တွေကို ဘာပြောချင်သလဲ။

ဖြေ။ ။ ကျနော်တို့က KNU ကနေ ခွဲထွက်သွားတဲ့ သူတွေကို အမြဲတမ်း တံခါးဖွင့်ထားမှာ ဖြစ်ပါတယ်။ သူတို့ပြန်လာပြီး ကျနော်တို့နဲ့ လက်တွဲလုပ်မယ် ဆိုရင်လည်း ကျနော်တို့က အမြဲတမ်း ကြိုဆိုမှာ ဖြစ်ပါတယ်။

မေး။ ။ ကရင် တိုင်းရင်းသားတွေရဲ့ ရည်ရွယ်ချက်တွေ ပြည့်ဝဖို့အတွက် အရေးကြီးဆုံး အချက်က ဘာဖြစ်မလဲ။

ဖြေ။ ။ ကျနော်တို့တွေ ညီညွတ်ရမယ်။ ကျနော်တို့တွေ တယောက်နဲ့ တယောက် နားလည်ရမယ်၊ လေးစားရမယ်။ ရန်သူက သွေးထိုးလာတာတွေကို ဘာမှ နားထောင်နေစရာ မလိုဘူး။ ကျနော်တို့ ချစ်ချစ်ခင်ခင် လုပ်ကိုင်မယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပဲ။

မေး။ ။ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲ တွေဖြစ်ဖို့ သံတမန် နည်းလမ်းအရ ကြိုးပမ်းနေတာတွေကို ဘယ်လိုမြင်သလဲ။

ဖြေ။ ။ နိုင်ငံတကာက ဖိအားပေးနေတာတွေက မှန်တဲ့လုပ်ရပ်ပဲ။ ဒါပေမယ့် ကျနော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။ ကျနော်တို့ ကိုယ်တိုင်ကပဲ မြန်မာပြည် လွတ်မြောက်ရေးအတွက် အဓိကကျတယ်။ နိုင်ငံတကာ အင်အား တခုတည်းကိုပဲ အားကိုးလို့ မဖြစ်ဘူး။

မြန်မာပြည်မှာ အဖိနှိပ် ခံနေရတဲ့သူတွေ မှန်သမျှ ဒီမိုကရေစီရေး လှုပ်ရှားမှုထဲမှာ ပါဝင်ဖို့ တာဝန် ရှိပါတယ်။ တာဝန်ရှိတယ် ဆိုတာကို နားလည်မယ်၊ ကိုယ်တိုင် ဝင်ပြီး ဆောင်ရွက်မယ် ဆိုရင် ကျနော်တို့ တော်လှန်ရေး အောင်မြင်ဖို့ဆိုတာ မဝေးတော့ပါဘူး။

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates