ကမ္ဘာကျော် စစ်အာဏာရှင်တွေရဲ့ ဒီဇိုင်နဲ့ စတိုင်များ






ကမ္ဘာပေါ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အာဏာရှင်တွေရဲ့ အ၀တ်အစား ဒီဇိုင်းတွေပါ။
Foreign policy က The Devil Wears Taupe ခေါင်းစ
ဉ်နဲ့ photo essay ပါ။

အာဏာရှင်တွေဟာ သူတို့ရဲ့ ၀တ်စားဆင်ရင်မှုကိုတင် ပြတာမဟုတ်ပါဘူးတဲ့ ... တခါတရံ နိုင်ငံရေး၊ အာဏာပါဝါ နဲ့ ချည်မျှင်တို့ကို ပေါင်းပြီး ဖက်ရှင် ပဉ္စလက် ပြုလုပ်ရန် ဖြစ်ပါတယ်တဲ့။

သူတို့မရှိရင် သူတို့အုပ်ချုပ်နေတဲ့ တိုင်းပြည်တွေ ဒုက္ခရောက်တော့မယ်လို့ တွင်တွင်ြေ ပာနေသူတွေပါ။ အမှန်က သူတို့မရှိမှ သူတို့တိုင်းပြည်တွေ ဒုက္ခကင်းဝေးမှာ ဖြစ်ပါတယ်။


ပထမစွဲတာက မြောက်ကိုးရီးယားက ကိုကိုကင် (kim Jong-il)
ဒုတိယက ကိုယ်လုံးခပ်တောင့်တောင့် ယူကရိန်းမကိုကြိုက်တဲ့ ကိုကိုကဒါဖီ (Col. Muammar al-Qaddafi)
တတိယက အီရန်က အမာဒီနီဂျက် (Mahmoud Ahmadinejad)
စတုတ္ထက ကျူးဘားက ဖီဒယ် နဲ့ ရာအူးလ် ကတ်စထရို တို့ညီနောင် (Fidel and Raú
l Castro)
ပဉ္စမက ၂၀၀၉ ခုနှစ်ရဲ့ ဇင်ဘာဘွေပြည်သူတွေပေးတဲ့ အခိုးဆုံးဆုရသူ မူဂါဘီ
(Robert Mugabe)
ဆဌမက ဗင်နီဇွဲလားက ချာဗက် (ဇ) (Hugo Chávez)
သတ္တမက ယူဂမ်ဒါက မူဆာဘီနီ (Yoweri Museveni)

အဌမက တို့နိုင်ငံရဲ့ ဂုဏ်ယူဖွယ် ဘဘကြီး (ဘဘကြီးကို အန်တီကြိုင်ကဆင်ပေးပုံမရဘူး သူကျတော့ စိန်တွေကို လန်ထွက်နေအောင်ဝတ်တယ်။ အမြဲတမ်း ၁၊ ၂၊ ၃ ပါဝင်နေကြ ဘဘကြီး အခုခါမှာတော့ အဆင့် ၈ တဲ့၊ နိုင်ငံ သိက္ခာကျတယ်)

န၀မ က ဆူဒန်က အယ် ဘာရှား (Omar Hassan al-Bashir)

နောက်ဆက်တွဲ။ ဘဘကြီးက အဆင့် (၈) ချိတ်တာ .. ငါ့နှယ် တောပုံတုံးလို့  လူရာ မ၀င်ဘူး ဆိုပြီး ဖင်ဆောင့်နေတာနဲ့ ကြိုင်ကြိုင့် လက်စွဲ နတ်ကတော်ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်ကို ၀တ်ပြီး ထွက်လာတာ.. ဒီလိုပါတဲ့ဂျ

ဒီတခါ ငါဟဲ့ သန်းရွှေ လဒူမဟုတ်ဖူး..ရှင်ဘုရင်ပုဆိုး ပိုးချည်းတဲ့ အဟင်း အဟင်း..(၀င်းဥ လေသံ လေးဖြင့် ဖတ်ရန်) ဒီတခါ ပထမ အရာ..မင်းဘယ်ပြေးမလဲ မိရွှေသဲ...


ဧရာဝတီမှ ကူးယူဖော်ပြသည်..
ဆက်လက်ဖတ်ရူ့ရန်

မြန်မပြည်က ဗိုလ်ချုပ်ကြီးတွေရဲ့ နောက်ဆုံး ဖက်ရှင်များ

ဦးဟန်လေးရဲ့ လက်ရာပါ...

ဆက်လက်ဖတ်ရူ့ရန်

lovely cartoons

အချစ်ဆိုတာ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ပုလင်းတလုံးလိုပါပဲလား...

တခါတရံမှာတော့ အချစ်ကို ဟောဒီလို ကစားလို့ရသတဲ့...
နောက်ပြီး အချစ်ဆိုတာ ပေးဆပ်ခြင်းတစ်မျိုးလို့ ထင်တယ်နော်...
အချစ်ရဲ့နောက်မှာအမုန်း၊ အမုန်းရဲ့နောက်မှာ လက်သီးပဲရမယ်မှတ်....

အချစ်ရမှာတော့ ဆက်ချစ်ဖို့ပဲလိုတယ်နော်...



ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

Thai and Cambodian Troops Clash at Border over Preah Vihear Temple

ဆက်လက်ဖတ်ရူ့ရန်

လက် ၂ ဖက်မရှိတော့ပေမဲ့ ခြေထောက်နဲ့ စာရေးသင်နေတဲ့ သူငယ်တန်းကလေး

Saturday, 19 February 2011 16:57 Editor

တရုတ် ကျေးလက်ဒေသမှာ ကြီးပြင်းလာရတဲ့ ဘ၀တွေ ဟာ ကြမ်းတမ်းလွန်းလှပါတယ်။ လက် ၂ ဖက်စလုံး မရှိတော့တဲ့ ကလေးငယ် တစ်ဦးရဲ့ နေရာကနေ ၀င်ရောက် ခံစားကြည့်စမ်းပါ။

လွီယန်ဘိုဟာ အခြားသော ၅ နှစ်အရွယ် ကလေးတွေလိုပါပဲ။ သူငယ်တန်းအတန်းမှာ စာရေး၊ စာဖတ်သင်နေတာပါ။ အခြားကလေးတွေနဲ့မတူတာကတော့ သူဟာ ခြေထောက်နဲ့ စာရေးနိုင်ဖို့ကို ကြိုးစားနေရတယ်။

“ကျမတို့က သူရဲ့ ခြေချောင်းလေးတွေနဲ့ ခဲတံကို ကိုင်တွယ်တက်အောင်လို့ ဦးဆုံး လေ့ကျင့်ပေးပါတယ်။ အစပိုင်းမှာတော့ လုပ်လို့ မရဘူးပေါ့။” သူရဲ့ ဆရာမက ပြောပြတာပါ။ “ဒါပေမဲ့ လွီက သိပ်ကို ဇွဲသန်တယ်လေ။ တချက်ပြီး တချက်၊ တလုံးပြီးတလုံး ဖြည်းဖြည်း လေ့ကျင့်တဲ့သူပါ။ ကျမက အခြားကလေးတွေကို စာသင်ပြပြီးတဲ့အခါ သူ့ကို လေ့ကျင့်ပေးပါတယ်။”

အသက် ၃ နှစ် အရွယ်မှာ လျှပ်စစ် ဗို့အားပြင်းထန်လှတဲ့ ၀ါယာကြိုးနဲ့ မတော်တဆ ထိခိုက်မိပြီး လက် ၂ ဖက်စလုံး ဆုံးရှုံးခဲ့ရတယ်။

အခုတော့ သူဟာ ခြေထောက်နဲ့ သွားတိုက်တတ်တယ်။ မျက်နှာသစ်တတ်တယ်။ စက်ဘီးစီးတတ်နေပြီ။ ခြေထောက်နဲ့ပဲ ဖုန်းဆက်တတ်နေပါပြီ။

ဝမ်းနည်းစရာတကယ်ကောင်းတာပါ။ လွီဟာ သူ့ဟာသူကိုယ်တိုင် လုပ်မှရတာပါ။ မိဘတွေက ကွာရှင်းထားသူတွေ။ ဆေးဝါးစရိတ်တွေအတွက် အမေဖြစ်သူက အိမ်နဲ့ အဝေးမှာ အလုပ်ဆင်းရတယ်။

အခုတော့ လွီလေးဟာ အဖွားနဲ့နေရတယ်။ တူကိုင်တဲ့နေရာမှာ ကျွမ်းကျင်နေပြီ။ ခြေချောင်းလေးတွေနဲ့ တူကိုင်တတ်ဖို့ လေ့ကျင့်ရတာ ၂ ပတ်ကြာတယ်လို့ အဖွားက ပြန်ပြောပြပါတယ်။

သူငယ်ချင်းတွေအကြားမှာ လွီဟာသိပ်ကို ရေပန်းစားနေသူပါ။ ပြီးခဲ့တဲ့နှစ် ကျောင်းကပွဲမှာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံတဲ့ ပြဇာတ်ကွက်မှာ သူဟာ စူပါစတားဖြစ်ခဲ့တယ်လေ။

မောက္ခနိုင်ငံတကာ ပညာရေးသတင်း

Source: CCTV

ဆက်လက်ဖတ်ရူ့ရန်

အာရပ်တော်လှန်ရေးက မွေးဖွားလိုက်တဲ့ မြန်မာလူငယ်များရဲ့ Just Do It လှုပ်ရှားမှု

Friday, 25 February 2011 00:07 မောက္ခပြည်တွင်းသတင်း

တူနီးရှားမှ အစပြုခဲ့တဲ့ အာရပ်တော်လှန်ရေးမှာ ‘ဒိုမီနို အကျိုးသက်ရောက်မှု’ ပုံစံဖြင့် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက တစ်နိုင်ငံပြီး တစ်နိုင်ငံ ဇယ်စက်သလို ကူးသွားပြီး အာဏာရှင်တွေ ပြုတ်ကျဖို့ ဖန်တီးလာသည်။

၎င်း ‘ဒိုမီနို အကျိုးသက်ရောက်မှု’ (domino effect) က အာရပ်ကမ္ဘာမှာတင် အပြောင်းအလဲများ ဖြစ်နေတာ မဟုတ်ဘဲ၊ ကမ္ဘာအနှံရှိ အာဏာရှင် နိုင်ငံတွေကိုပါ ‘လိပ်ပြာတောင်ပံ အကျိုးသက်ရောက်မှု’ (butterfly effect) ပုံစံနဲ့ လှိုင်းရိုက်ခတ် လာသည်။

တူနီရှား လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံ တစ်ချက် ခတ်လိုက်မှုက အီဂျစ်၊ ဘာရိန်း၊ လစ်ဗျား စတဲ့နိုင်ငံတွေမှာ ဆိုင်ကလုန်း ဖြစ်သွားစေပြီး၊ ယခု တရုတ်၊ မြန်မာ စတဲ့ အာရှ အာဏာရှင် နိုင်ငံတွေမှာပါ တော်လှန်ရေး ဟာရီကိန်းတွေ တိုက်ဖွန်းတွေ ဖြစ်ဖို့ အကြောင်းဖန်လာနေသည်။ ‘ညောင်ဦးကမ်းပါးပြိုလို့ စမ္ပာယ်နဂို က နွားမ ပေါင်ကျိုး’ ဆိုတဲ့ မဆီမဆိုင် ဖြစ်တတ်မှုတွေကို ရည်ညွှန်းတဲ့ ပျက်လုံးက အာရပ်တော်လှန်ရေးနဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင် ပြုတ်ကျရေး အဆက်အစပ် အတွက် လာမှန်နေသည် ဆိုရမည်။

ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာလူငယ်များက အီဂျစ်နဲ့ တူနီးရှား တော်လှန်ရေးများကို အားကျပြီး စစ်အာဏာရှစ်စနစ် အဆုံးသတ်ရေးအတွက် Just Do It လှုပ်ရှားမှုကို စတင် ဖော်ဆောင်လာကြသည်။ Just Do It လှုပ်ရှားမှုကို စတင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်မှ ကိုရဲနိုင် က Just Do It အဖွဲ့မှာ တစ်ဦးတစ်ယောက်ချင်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ မည်သူမဆို Just Do It ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရဲ့ မည်သည့်နေရာတွင်မဆို စစ်အစိုးရ ဖြုတ်ချရေး Just Do It လှုပ်ရှားမှုများ ရှိနေမည်ဖြစ်ကြောင်း မောက္ခကို ပြောခဲ့သည်။

Just Do It က ပြည်တွင်းတွင် ဒေသအလိုက် လူထု အုံကြွမှုများ အကောင်အထည်ဖော်ဖို့ စတင်လှုပ်ရှားနေပြီး၊ ၄င်းတို့ ဖေ့စ်ဘွတ် စာမျက်နှာကိုလည်း ဖန်တီးထားပြီး http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500 အီဂျစ်နဲ့ တူနီရှား စတိုင် တော်လှန်ရေး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ဖို့ ပြင်ဆင်နေသည်ဟု ဆိုသည်။ Just Do It ဖေ့စ်ဘွတ်စာမျက်နှာကိုလည်း ၂၄ နာရီအတွင်း လူ ၁၀၀ ကျော် ၀င်ခဲ့သည်ဟု ကိုရဲနိုင်က မောက္ခကို ပြောပြခဲ့သည်။



ဆက်လက်ဖတ်ရူ့ရန်

ဇနီး ၃၉၊ သားသမီး ၉၄ နဲ့ မြေး ၃၃ ယောက် ပိုင်ဆိုင်သူရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစု

Wednesday, 23 February 2011 03:16 မောက္ခ နိုင်ငံတကာသတင်း

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘခ်တောင် ကျေးရွာမှ ဇီရိုနာ ချန်နာ ဆိုသူမှာ ဇနီး ၃၉ ယောက်ရှိပြီး သားသမီး ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နှင့် မြေး ၃၃ ယောက် ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစုအတွက် ဂုဏ်ယူမဆုံးလည်း ဖြစ်နေသည်။

ထိုမိသားစုများမှာ ဘခ်တောင်ကျေးရွာမှ အခန်း ၁၀၀ ပါ လေးထပ်တိုက်ကြီးတွင် နေထိုင်ကြသည်။ သူ့ဇနီးများက မစ္စတာ ချန်နာနဲ့ တစ်ညတစ်ယောက် အလှည့်ကျ အိပ်ကြရသည်။ ဇနီး ၃၉ ဦးကြားတွင် ပြဿနာ တစုံတရာ မရှိဘဲ အားလုံး ပျော်ရွှင် ကျေနပ်နေကြသည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။

မစ္စတာချန်နာက “ဘုရားသခင်က ကျနော်ကို အထူး စပယ်စောင့်ရှောက်တယ်လို့ အမြဲခံစားမိပါတယ်။ ဇနီးတွေ သားသမီး တွေ အများကြီးစောင့်ရှောက်ဖို့ ဘုရားသခင်က အခွင့်ပေးထားတာပါ၊ ကမ္ဘာ့အကြီးဆုံး မိသားစု တစ်စုကို ဦးဆောင် နေရသူပေါ့” ဟု သတင်းစာကို ဂုဏ်ယူ ပြောဆိုခဲ့သည်။မစ္စတာချန်နာ က မိသားစုကို စစ်တပ် စည်းကမ်းဆန်ဆန်နဲ့ ဖွဲ့စည်းထားသည်။



အကြီးဆုံး မယား ဇာသီယန်ဂီ က အခြား မယားများကို သန့်ရှင်းရေးမှအစ ချက်ပြုတ် လျှော်ဖွတ် အိမ်မှုကိစ္စအားလုံးကို ဦးဆောင်စီမံ ကွပ်ကဲသည်။ ညနေစာ တစ်ပွဲစာ စီစဉ်လျှင် ကြက်အကောင် ၃၀၊ အာလူး ၁၃၂ ပေါင်နဲ့ ဆန် ၂၂၀ ပေါင် ချက်ရသည်။

မစ္စတာချန်နာက သူ့မိသားစု ထပ်ချဲ့ဖို့အတွက် မိန်းမငယ်ငယ်များ ထပ်ယူဖို့ စဉ်းစားနေကြောင်းလည်း ပြောခဲ့သည်။ စိတ်ဝင်စားသူများ ဒေးလီးမေးလ် သတင်းစာကတဆင့် ဆက်သွယ်နိုင်ကြောင်း မောင်းခတ် ကြေငြာထားသည်။ တစ်နှစ်ထဲ တွင် မိန်းမ ဆယ်ယောက် လက်ထပ်ခဲ့သည်။ အလှည့်ကျ ခွဲတမ်းစနစ် ထားသော်လည်း အငယ်ဆုံး ဇနီးမယားများကို မျက်နှာသာပေးပြီး သူ့အိပ်ယာကျယ်ထဲတွင် ပိုခေါ်သိပ်တတ်ကြောင်း ပြောသည်။

အသက် ၃၅ နှစ်ရှိ ရင်းခ်မီနီ ဆိုတဲ့ ဇနီးက “ချန်နာက ကျမတို့ ရွာမှာ အချောဆုံး လူပဲ။ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျမကို လက်ထပ်ဖို့ စာပေးခဲ့တယ်။ အခု ကျမတို့ အားလုံး သူ့ကို အရိပ်တကြည့်ကြည့်နေပြီး ဖြည့်ဆ

ည်းပေးကြတယ်” ဟု ပြောဆိုသည်။

နောက် ဇနီးတစ်ယောက်ဖြစ်သူ ဟန်သာဂန်ကီ က “မိသားစုစနစ်ကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ချစ်ခင်မှု လေးစားမှု ထားကြတာပါပဲ။ ချန်နာက ရွာက အဆင်းရဲဆုံး မိန်းကလေးတွေကို စောင့်ရှောက်တဲ့ အနေနဲ့ လက်ထပ်ယူတာ၊ သူ့အဖေတုန်းကလည်း ဇနီးတွေအများကြီး ယူခဲ့တယ်” ဟု ပြုံးရွှင်စွာဖြင့် ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရူ့ရန်

လစ်ဗျားအာဏာရှင် ကဒါဖီ၏ နောက်ဆုံးနေ့များ ရောက်ပြီလား




သြရသ

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁

အာဖရိကမြောက်ပိုင်းက သက်တော်ရှည် အာဏာရှင်ကြီး လစ်ဗျားပြည့်ရှင် ကဒါဖီတယောက် မြို့တော် ထရီပိုလီမှာ ခွေးသေ ၀က်သေ မသေဘူး၊ အာဇာနည်တဦးလို သေမယ် လို့ ပြောလိုက်တယ်။ ကျားမ မရွေး၊ ကလေးတွေ ခွေးတွေအထိ သတ်ဖြတ် ရှင်းလင်းပြီး ရန်သူတွေကို မျိုးစေ့တောင် မချန်ဘူးလို့ ကြိမ်းလိုက်တယ်။ အနောက်အုပ်စုကအဖျက်သမားတွေကို ဆန့်ကျင်ချေမှုန်းကြလို့ ကြွေးကြော်နေရာကနေ သူရဲ့မိတ်ဆွေကြီး အစွန်းရောက်အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ကြောင့် သူ့တိုင်းပြည်ပျက်ရတာပါလို့ စွပ်စွဲလိုက်ပြန်တယ်။ လက်နက်မဲ့တဲ့ ဆန္ဒပြသူတွေကို ကြေးစားစစ်သားတွေ၊ ရဟတ်ယာဉ်တွေ သုံးပြီး ပစ်ခတ် သတ်ဖြတ်နေတယ်လို့ ဆိုတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက စာနယ်ဇင်းတွေက ကဒါဖီဟာ သူ့ဇာတ်သိမ်းချိန်မှာ သူ့တိုင်းပြည်ကို တစစီ ပြိုကွဲ ပျက်စီးသွားအောင် ပြည်တွင်းစစ်မီးတိုက်ပြီး ထားခဲ့နေပြီလို့ ဝေဖန်နေပြီ။ အာဖရိကက ပြည်တွင်းစစ်မီးတောက်လောက်ပြီး ပြည်သူတွေ သွေးချောင်းစီးနေတဲ့ တိုင်းပြည်အချို့လို သူဟာ တိုင်းပြည်ကိုပါ သေတွင်းထဲ ပို့ခဲ့ဖို့ လုပ်ကြံသူလို့ အမည်းစက်ကြီး ဖြစ်လာတော့ လောလောဆယ် ကဒါဖီ မကျဆုံးခင်မှာ နိုင်ငံတကာက ရင်မနေကြရတယ်။ အီဂျစ်ပြည်နဲ့ တူနီးရှားက အာဏာရှင်တွေဟာ ကဒါဖီထက် တိုင်းပြည်မျက်နှာကို ကြည့်သလို အမှတ်ပိုပေးရမလိုပဲ။ သို့သော် စစ်အာဏာရှင်လက်အောက်က လက်နက်ကိုင်စစ်တပ်ဟာ နောက်ဆုံးတနေ့မှာ ပြည်သူဖက်ကို သေနတ်ပြောင်း မလှည့်တဲ့တနေ့ ပြည်သူတွေ အောင်ပွဲ ခံရတာ အမှန်တရားပါ။

ယခုအချိန်မှာ လစ်ဗျားပြည်အရှေ့ဖက် အီဂျစ်နယ်စပ်တကျောနဲ့ ကမ်းရိုးတမ်းမှာ အတိုက်အခံ၊ ဆန္ဒပြသူ လူငယ်တွေနဲ့ ခွဲထွက်လာတဲ့ စစ်တပ်တွေက ချူပ်ထိမ်းလိုက်ပြီ ဖြစ်တယ်။ ပြည်သူတွေဟာ အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေကို ရှောင်ရှားဖို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ အိမ်နီးချင်းတွေက ဒုက္ခသည်စခန်းတွေ ဖွင့်ပြီး ကြိုဆိုဖို့ ပြင်ဆင်နေရတယ်။ နိုင်ငံခြားသားတွေ မြို့တော် ထရီပိုလီကနေ ကယ်ထုတ်ဖို့ ကြိုးစားနေကြတယ်။ မကြာမီမှာ ထရီပိုလီကို ကယ်တင်မယ်လို့ ခွဲထွက် စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေက ကြွေးကြော်တယ်။ ထရီပိုလီမှာလည်း ဆက်ပြီး ကန့်ကွက်ဆန္ဒ̔ပြဦးမှာပဲလို့ ဆန့်ကျင်သူတွေက ထုတ်ပြန်ထားတယ်။ ကဒါဖီဟာ အနည်းဆုံးတော့ သူ့အုပ်ချူပ်မှုအာဏာစက်ကို ဆုံးရှုံးနေရတာ ထင်ရှားတယ်။ အာဏာစက်ကို ပြန်လည် ရယူဖို့ အရင်းအနှီးကတော့ ပြည်သူလူထုတွေရဲ့ အသက်တွေ သွေးတွေကို စတေးပြီးမှပဲ ဖြစ်မယ် ဆိုတာ ထင်ရှားနေပြီ။ ဒါဟာ အနှစ် ၄၀ ကျော် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်တဦး ကျဆုံးခန်း၊ ပျက်စီးခန်း မျက်မြင်သက်သေဖြစ်တယ်လို့ ပြောချင်တယ်။

စိတ်ဝင်စားစရာကတော့ ကဒါဖီဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ပိပြားအောင် သတ်ဖြတ် ဖမ်းဆီး ဖိနှိပ် အုပ်ချုပ်နိုင်ရုံတင်မဟုတ်၊ နိုင်ငံတကာမှာလည်း နိုင်ငံရေးသြဇာ စီးပွားရေး သြဇာ တည်ဆောက်နိုင်သူ၊ ဖြန့်ကျက်နိုင်သူ ဖြစ်တယ် ဆိုတာဖြစ်တယ်။ ဒါကြောင့်လည်း အနှစ် ၄၀ ကျော် အာဏာမြဲတာပေါ့။ သူရဲ့ ကိုလိုနီအရှင်ဟောင်း အီတလီဟာ သူ့ကို ရေနံနဲ့ ဓာတ်ငွေ့မျက်နှာကြောင့် အတော်ကို ပ စားပေး ဆက်ဆံတယ်။ ဥရောပဈေးကွက်ဟာ လစ်ဗျားက စွမ်းအင်ကုန်ကြမ်းတင်သွင်းမှုကို အတော်မှီခိုနေတယ်။ အာဏာရှင် ကဒါဖီဟာ ကုလညီလာခံမှာသာမက နိုင်ငံတကာမှာ အကြမ်းဖက်ဝါဒနဲ့ ရန်စနေတာတောင် အရင်းရှင်တွေက မျက်နှာလွဲနေခဲ့ကြတာ အနှစ် ၄၀ ရှိပေါ့။ ဒါဟာ အနောက်နိုင်ငံတွေရဲ့ မျက်နှာလိုက်တဲ့ ပထ၀ီနိုင်ငံရေးပဲ။

အခုလို နေမ၀င်ခင်မှာ ၁၉၈၈ တုန်းက စကော့တလန်ပြည်ပေါ်မှာ အမေရိကန်လေယာဉ်တစင်းကို ဗုးံဖောက်ပစ်လိုက်ခဲ့တဲ့ အမှုမှာ အတော် အစွပ်စွဲခံရတယ်။ အမေရိကန်က ကဒါဖီရန်စကားပြောလွန်းလို့ တိုက်လေယာဉ်တွေနဲ့ သူ့နန်းတော်ကို တိုက်ခဲ့ရသေးတယ်။ လစ်ဗျားပြည်ကို No Fly Zone တွေ ဘာတွေနဲ့ သူ့လေယာဉ်တွေ တက်မလာနိုင်အောင် လုပ်မယ် ဘာညာ ဖြစ်ဖူးတယ်။ ပြီးတော့ အင်္ဂလန်က လစ်ဗျားရဲ့ ရေနံတွေ ဂက်စ်တွေ မက်လို့ အဲသည် လေယာဉ်အကြမ်းဖက်သမားကို မျက်နှာလုပ်ပြီး လွတ်ငြိမ်းခွင့် မကြာခင်က ပေးလိုက်သေးတယ်။ အခုတော့ ဒါတွေအကုန်လုံးက အနောက်ပြည်က အရင်းရှင်တွေကို အရှက်ရစေခဲ့ပေါ့။

အမေရိကန်ကလည်း စွမ်းအင်ကုန်ကြမ်းပိုင်ရှင် အာဏာရှင်တွေအပေါ်မှာ အလွန် အလိုလိုက်တာ ကလား၊ အီဂျစ်ပြည်တုန်းက အတော်ထိန်းပြီး ဝေဖန်သူဟာ အခုတော့ အချိန်မီ လစ်ဗျားကို ဝေဖန်ပြစ်တင်နေရပြီ။ ချက်ခြင်းဆိုသလို ကုလလုံခြုံရေး ကောင်စီက လစ်ဗျားကို ပြစ်တင် ရှုတ်ချနေရပြီ။ ဆန်ရှင်တွေ တိုးပြီး ပိတ်ဆို့အရေးယူမယ်၊ တိုင်းပြည်ကို အဖြေရှာပါလို့ ပြင်းပြင်းထန်ထန် တိုက်တွန်းနေရပြီ ဖြစ်တယ်။ မတိုက်တွန်း မစွက်ဖက်လို့ မရဘူးလေ၊ အခုတောင် ရေနံဈေးတွေ ထိုးတက်ပြီ၊ ဈေးကစားသူတွေက စိုး၇ိမ်တကြီးနဲ့ ရေနံဈေးကွက်ကို စွက်ဖက်နေပြီ၊ စီးပွားကျနေရာက ဦးမော့မလို ဖြစ်နေတဲ့ ကမ္ဘာကြီးဟာ အာဏာရှင်နိုင်ငံတခုရဲ့ ရေနံဈေးကွက် ဇော်ထိုးမိုးမျော်မှာကို မလိုလားဘူး၊ အဖြေအမြန်ရှာမှ ဖြစ်တော့မယ် မဟုတ်လား။

ကဒါဖီရဲ့ လစ်ဗျားပြည်ကြီး ပျက်စီးရတာဟာ လူငယ်မျူိးဆက်သစ်တွေရဲ့ အင်တာနက် ရီဗောလူးရှင်း သက်သက်နဲ့တော့ မဟုတ်ဘူး။ လူငယ်တွေက အင်တာနက်ကီးဘုတ်တွေ ကိုင်သလို သေနတ်တွေ လက်နက်တွေလည်း ကိုင်တွယ် ပစ်ခတ်နိုင်တဲ့ သဘောရှိတယ်။ လက်နက်တိုက်တွေ ၀င်စီးပြီး ကြမ်းတဲ့ကောင်တွေက ကြမ်းနေတော့တာပဲ။

ပြီးတော့ စစ်တပ်က ခေါင်းဆောင်တွေက သူ့နယ်ပယ် သူ့မြို့နယ်တွေမှာ အတိုက်အခံနဲ့ ပူးပေါင်းလိုက်တယ်။ ပြည်သူကို မပစ်ဘဲနဲ့ သူတို့နယ်ကို သူတို့ လုံခြုံရေးယူထားလိုက်တယ်။ ဒါက အီဂျစ်ပြည် တပ်မတော် ကြားနေတာထက်တောင် တလှမ်း ပိုသွားသလို ဖြစ်တယ်။ လူသတ်တဲ့ စစ်တပ်ကိုတောင် ခွဲထွက် စစ်ခေါင်းဆောင်တွေက ပြန် တိုက်မယ် ဆိုတဲ့ သဘောဖြစ်သွားတာပေါ့။

နောက်တချက်က အစိုးရ၀န်ကြီးတွေ၊ ပြည်ပရောက်နေတဲ့ သံတမန်တွေက ကဒါဖီတို့ကို စွန့်ခွာလိုက်တာကလည်း အရေးပါပြန်တာပဲ။ သူတို့တတွေက အာဖရိကအစည်းအရုံးတွေကနေတောင် ထွက်ပြီးတော့ ကဒါဖီ ပြည်သူတွေကို သတ်ဖြတ်တာကို ဝေဖန် ရှုတ်ချလိုက်တယ်။ နယူးယောက်က ကုလသမဂ္ဂအတွက် ဌာနေ ရုံးခမ်းဖွင့်ထားတဲ့ လစ်ဗျားသံရုံးက အစိုးရအလံကို ဖြုတ်ချပြီး အတိုက်အခံအလံကို လွှင့်တင်ထားတယ်။ ၀န်ကြီးတွေက ထရီပိုလီကနေ စွန့်ခွာပြီး ခွဲထွက်မြို့တော်တွေဆီကို သွားပူးပေါင်းလိုက်တယ်။ အချို့ စစ်ဗိုလ်ကြီးတွေက အခြား နိုင်ငံတွေကို စွန့်ခွာသွားကြတယ်။ ဒါဟာ တိုင်းပြည်တခု ကျဆုံးခန်း မဟုတ်ရင် ဘာဖြစ်မယ် ထင်သလဲ။ ပထ၀ီဒေသ တည်ငြိမ်မှုကိုပါ ထိခိုက်သွားတာကြောင့် အားလုံး ရင်မနေတယ်လို့ ဆိုတာပေါ့။

သည်လောက် တိုင်းပြည်ကြီး မီးဟုန်းဟုန်းတောက်နေတာတောင်မှ အဲသည်အာဏာရှင်က အာဏာကို ကျားကုတ်ကျားခဲ ပြန်တွယ်ပြီး အရယူနိုင်လိုက်မယ်သာ ဆိုရင်တော့ ပြည်သူတွေအားလုံးနဲ့ နိုင်ငံတကာ ကွန်မြူနီတီဟာ တသက်လုံး မျက်နှာမလှန်နိုင်အောင် အရှက်ရတော့မယ်။

ကဒါဖီလက်ထဲက အသက်ငင်နေတဲ့ တိုင်းပြည်ကြီးကို လွတ်လပ်ခြင်း ငတ်မွတ်နေတဲ့ ပြည်သူတွေ လက်ထဲ ပြန် လုယူပြီး ထည့်ပေးဖို့က နိုင်ငံတကာက အစိုးရအများအတွက် စာမေးပွဲ စစ်နေတာ ဖြစ်ပါတယ်။ ယခင်က ဆွေးနွေးဖူးကြသလို လစ်ဗျားပြည်ပေါ်မှာ သူ့တိုက်လေယာဉ်တွေ သူ့ရဟတ်ယာဉ်တွေ တက်မလာအာင် လေကြောင်းကန့်သတ်မှုတွေ လုပ်မှာလား။ ဒါဆိုရင် နေတိုးတပ်တွေရဲ့ သဘောထားနဲ့ တာဝန်တွေ လိုမယ်။ အာဖရိကနိုင်ငံများ အစည်းအရုံးက ၀င်ရောက်ပြီး ငြိမ်းချမ်းရေးတပ်တွေ လွှတ်မှာလား။ ကဒါဖီနောက်မှာ ကြေးစားတွေက အာဖရိကနိုင်ငံတချို့က ဆိုပဲ။ ဒါကို ဘယ်လောက် ကန့်သတ်နိုင်ပါ့မလား။ အတိုက်အခံတွေ ခွဲထွက် စစ်တပ်တွေ မြို့တော်တွေကို နိုင်ငံတကာက အသိအမှတ် တစုံတရာပြုပြီး ကာကွယ်တာ၊ စေ့စပ်တာ၊ နိုင်ငံတကာသဘောထားတွေနဲ့ ပုံစံသွင်းတာတွေ လုပ်ကြမလား။ ကုလလုံခြုံရေး ကောင်စီ ဘာလဲ ဘယ်လဲပေါ့။ မေးခွန်းတွေ က အများကြီးပါ။ အီဂျစ်ပြည်တုန်းကလို အပြင်က အော်ရုံအော်ပြီး အတွင်းမှာအချင်းချင်းတွေ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြီးကြမှာလား။ ကဒါဖီရဲ့ အနှစ် ၄၀ ကျော် ခေါင်းမာပုံမျိုးနဲ့ကတော့ သူ့ကို ရှင်းပစ်မှ ဖြစ်မယ်လို့ကို ပြောတဲ့သူက ပြောနေတော့တာပဲ။

သင်ခန်းစာကတော့ သမိုင်းမှာ အာဏာရှင်တွေအတွက် နေရာ မရှိသင့်ဘူး။ အာဏာရှင်တွေကို တိုင်းပြည်ကိုယ်တိုင်က ပြည်သူတွေက တစိတ်ကလေးမှ အခွင့်အရေးပေးပြီး လက်မခံထားသင့်ဘူး။ သူတို့တတွေကို တိုင်းပြည်ကို ထိုးအပ်လိုက်တဲ့အခါ အနှစ် ၂၀ ဖြစ်ဖြစ် အနှစ် ၄၀ ဖြစ်ဖြစ် အနှစ် ၁၀၀ ဖြစ်ဖြစ် တိုင်းပြည်မှာ အရိုးတွေ တောင်လိုပုံတာပဲ ကျန်တယ်။ သူများတိုင်းပြည်တွေမှာ အားလုံးက လင်ယူသားမွေးပြီး သားသမီး မြေးမြစ် တီကျွတ် တွေ တိုးနေချိန်မှာ အာဏာရှင်နိုင်ငံတွေက ဘာပေးသလဲ။ သားတကွဲ သမီးတကွဲ၊ လင်ကွဲ မယားကွဲ၊ သေကွဲ ရှင်ကွဲ တိုင်းပြည်ကြီးပဲ ကျန်ရစ်တာ အဖတ်တင်တယ်။

ကဲ … ကဒါဖီ နေ၀င်ချိန်မှာ အခြားအာဏာရှင်တွေကိုပါ သူတို့သိမ်းရမယ့် လမ်းကိုပါ တခါတည်း မီးတော့ ထွန်းပြထားခဲ့မှ ဖြစ်လိမ့်မယ်။

မိုးမခမှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်...

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates