Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၃)

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ to win by a landslide, win by the nose, နဲ့ clean sweep တို့ ဖြစ်ကြပါတယ်။

နိုဝင်ဘာလမှာ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတော့ ဒီသတင်းမှာလည်း ရွေးကောက်ပွဲဆိုင်ရာ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံကတော့ to win by a landslide ဖြစ်ပါတယ်။ To win = အနိုင်ရဖို့, By a landslide = မြေပြိုကြသည် - မြေပြိုတဲ့အခါ တောင်စောင်းတလျှောက်မှာ ရှိရှိသမျှ ကျောက်တုံး၊ ကျောက်ခဲတွေ ဒလဟော ထိုးကျလာတဲ့ သဘောဖြစ်ပြီး နိုင်ငံရေးနယ်ပယ်မှာလည်း မဲတွေဟာ ဝင်ရောက်ယှဉ်ပြိုင်သူဘက်ကို အပြတ်အသတ် ဒလဟော ဆင်းလာတဲ့သဘောမျိုး ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဒီအသုံးကတော့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရရှိလိုက်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲတခုမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရသွားပုံအကြောင်း ဥပမာကို George Crows က ပြောပြပါလိမ့်မယ်။

One race that was decided early on the election night was the senate race in Maryland. Barbara Mikulski was way ahead from the start and ended up with the real landslide over sixty percent.

ရွေးကောက်ပွဲညက စောစောစီးစီး အဆုံးအဖြတ်ပေးတဲ့ ပြိုင်ပွဲကတော့ မယ်ရီလန်းပြည်နယ်က ရွေးကောက်ပွဲပါပဲ။ Barbara Mikulski ဟာ မဲရုံစဖွင့်ကတည်းက ရှေ့က ပြေးနေပြီး မဲရုံလည်း ပိတ်လိုက်ရော အပြတ်အသတ်ကို အနိုင်ရရှိသွားခဲ့တယ်။ ရာခိုင်နှုန်း ၆၀ ကျော်နဲ့ အနိုင်ရသွားတယ်။

ဒီ landslide ဆိုတဲ့အသုံးစကားနဲ့ ဆန့်ကျင်ဘက် အသုံးအနှုန်းကတော့ win by the nose ဆိုတဲ့အသုံးပဲ ဖြစ်ပါတယ်။ win = အနိုင်ရရှိသည်၊ by = နှင့်၊ the nose = နှာခေါင်းတို့ ဖြစ်ကြပြီး တိုက်ရိုက်အဓိပ္ပါယ်က နှာတဖျားနဲ့ အနိုင်ရရှိလိုက်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ကျမတို့ မြန်မာမှာလည်း ဒီအသုံးရှိတာ သောတရှင်များ သိပြီးဖြစ်ပါတယ်။ ဒီအသုံးကတော့ မြင်းပွဲကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ မြင်းတကောင်နဲ့တကောင် အကြိတ်အနယ် အပြေးပြိုင်ရာကနေ ပန်းဝင်ဖို့ စက္ကန့်ပိုင်းအနည်းငယ်အလိုမှာ နောက်ဆုံးမြင်းက အားကုန်ဆွဲပြီး ပြေးလိုက်တဲ့အခါမှာ နှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိသွားခြင်းပါ။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

Nobody gave Mrs. Green a chance to win. She was new to politics and her opponent had plenty of money for his campaign, but she was very hard to get voters' support and surprise us all when she won by a nose.”

Mrs. Green
ကို အနိုင်ရရှိလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားဘူးလေ။ သူဟာ နိုင်ငံရေးလောကမှာ မျက်နှာသစ်ဖြစ်ပြီး သူ့ရဲ့ယှဉ်ပြိုင်ဘက်ကလည်း မဲဆွယ်လှုပ်ရှားမှုမှာ သုံးဖို့ ငွေအင်အားကောင်းတယ်။ ဒါပေမဲ့ သူက မဲဆန္ဒရှင်တို့ထံက ထောက်ခံမှုရရှိဖို့ မနားမနေ ကြိုးပမ်းခဲ့တယ်။ ဒါကြောင့် သူ နှာတဖျားနဲ့ကပ်ပြီး အနိုင်ရရှိလိုက်တော့ ကျနော်တို့ အားလုံး အံ့အားသင့်သွားရတယ်ပေါ့ဗျာ။

စောစောပိုင်းက တင်ပြခဲ့တဲ့ မဲအပြတ်အသတ် အနိုင်ရရှိမှုနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းကို ပြန်ပြီးလေ့လာမယ်ဆိုရင်တော့ သတင်းစာလောကမှာ အသုံးများတဲ့စကားရပ်ကတော့ clean sweep ဆိုတဲ့ အီဒီယံအသုံးအနှုန်း ဖြစ်ပါတယ်။ စာလုံးပေါင်းက clean = သန့်သန့်၊ sweep = အောက်ခြေသိမ်းကအစ ပြောင်နေအောင် လှဲကျင်းပစ်လိုက်တဲ့သဘော ဆောင်ပါတယ်။ တံမျက်စည်းကြီးနဲ့ ပြောင်နေ အောင် လှဲကျင်းပစ်လိုက်သလို မြို့တမြို့ ဒါမှမဟုတ် ပြည်နယ်တနယ်မှာ ပါတီတခုက အားလုံးသိမ်းကျုံးပြီး အနိုင်ရရှိလိုက်တာကို ဒီ အီဒီယံ ကို သုံးနှုန်းလို့ရပါတယ်။

မကြာမီက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ မဲများ ကျုံးပြီးအနိုင်ရရှိလိုက်တဲ့ ပြည်နယ်တခုရဲ့ နိုင်ငံရေးပါတီအဖွဲ့ဥက္ကဋ္ဌတဦး ပြောကြားချက်ကို လေ့လာကြည့်ကြရအောင်။

I’m glad to say all party won every major election in our state - Governor, US Senator or Congressman and big majority in the state legislature. It was the first clean sweep for us in the last forty years.

ကျနော်တို့ပါတီက ပြည်နယ်ရဲ့ အဓိက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိလိုက်တဲ့အတွက် ကျနော့်အနေနဲ့ ဝမ်းသာမဆုံးဖြစ်မိတယ်လို့ ပြောရမှာပါ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အမေရိကန် အထက်လွှတ်တော်ကိုယ်စားလှယ်၊ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ် အားလုံးအပြင် ပြည်နယ်ဥပဒေပြု အဖွဲ့ဝင်ကိုယ်စားလှယ်တွေမှာလည်း မဲအများစုကို ရရှိလိုက်တယ်လေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်းမှာ ပထမဦးဆုံးအကြိမ် ကျနော်တို့အတွက် အောက်ခြေကနေ သိမ်းကျုံးပြီး အနိုင်ရရှိလိုက်ခြင်းဖြစ်တယ်။

ဆက်လက်ဖတ်ရူ့ရန်

သီတင်းကျွတ်နှင့်ကျမ

သီးတင်းကျွတ်လဟာ မြန်မာပြည်သူတွေရဲ့ ရိုးရာလတစ်လဖြစ်တဲ့အတွက် လူတိုင်းလိုလို သီးတင်းကျွတ်ရောက်ရင် ကိုယ့်ထက်ကြီးတဲ့သူတွေကို ကန်တော့နေကြပါ။ မီးဗုံးလေးတွေ၊ ဖယောင်းတိုင်းတွေထွန်းပြီး ဗြောက်အိုးလေးတွေ ဖေါက်နေတာကို တွေ့ရတော့ ကျမငယ်ငယ်တုန်းက သီးတင်းကျွတ်လမှာ ဖြတ်သန်းရတဲ့ အကြောင်းကို ရေးမယ်လို့ စိတ်ကူးမိပါတယ်။ တကယ်တော့ ကျမတို့ ကရင်တောရွာလေးတွေမှာဆိုရင် အိမ်တိုင်းလိုလို ဖယောင်းတိုင်း ထွန်းထား ကြပါ တယ်။


ရွာသူရွာသားတွေက ဘုန်းကြီးကျောင်းမှာ ဘုရားပန်းရေလဲတာတို့၊ ကျောင်းသန့်ရှင်းရေးတို့ သိုက်သိုက်ဝန်းဝန်းနဲ့ ညီအစ်ကို၊ မောင်နှ မစိတ်ဓါတ် တူတူလုပ်ကြတာဟာ အလွန်ချစ်စရာကောင်းပါတယ်။ ဘန်ုကြီးကျောင်းတွေမှာ သာမကပဲ ရွာဦးထိပ်မှာရှိတဲ့ စေတီဘုရားကိုလဲ သွားပြီး ဘုရားပန်းအသစ်လဲပြီး ဖယောင်းတိုင်၊ အမွှေးတိုင်းလေးတွေ သွားထွန်းကြတာ အလွန် စိတ်ချမ်းမြေ့လှပါတယ်။ ရွာမှာရှိတဲ့ ညောင်ပင်ကြီးကိုလဲ အိမ်တိုင်းလိုလို သွားပြီး ညောင်ရေ လောင်းကြတယ်။ ကျမမှတ်မှတ်ရ သူငယ်ချင်းတွေနဲ့အတူ မြေအိုးသေးသေးလေးထဲ ရေထည့်ပြီး ညောင်ရေသွား လောင်းတာ အလွန်ပျော်စရာကောင်းပြီး စိတ်ထဲအေးချမ်းသွားတယ်လို့ ခံစားမိတယ်။ ရွာသူရွာသားတွေမကဘဲမြို့က လူတွေပါ ကျမတို့နေတဲ့ရွာကို လာလည်တာကို တွေ့ရတယ်။


နောက်ထပ် ကျမမှတ်မိတာ တခုကတော့ ကျမမောင်နှမအားလုံးကို စုပြီး ကျမရဲ့ မိုးမိုးနဲ့ပါပါးကို ကန်တော့ဖို့ အမွှေးနံသာတွေ အားလုံးပြင်ဆင်ပြီးပါပြီ။ အဲ့ဒီအချိန်မှာ မိုးမိုးက…ငါ့ကိုမကန်တော့နဲ့ နင့်တို့ ပါပါးကိုပဲကန်တော့တဲ့ နင့် တို့ကန်တော့တာ ငါမနေတတ်ဘူးတဲ့…။ တကယ်တော့ ဟုတ်ပါတယ်။ မိုးမိုးက အိမ်ထောင်ကျတာ စောတဲ့အတွက် ကျမတို့က သူနဲ့ရွယ်တူဖြစ်နေတာကိုး။ ဒါနဲ့ပဲ ကျမတို့လဲ ပါပါးကိုပဲ ဆက်ပြီးကန်တော့ပါတယ်။ ကျမတို့ မိဘတွေကို ကန်တော့ပြီးလို့ ပါပါးက နင်တို့အားလုံး နင့်တို့ရဲ့ (အဖူး)အဘိုးကို သွားကန်တော့ရမယ်တဲ့..။ ကျမကတော့ အရမ်းဝမ်းသာတာပေါ့..။ ဘာဖြစ်လို့လဲဆိုရင် အဖူးဆီက မုန့်တွေ စားရမယ်ဆိုတာကိုသိလို့ပဲ.. ။ အဖူးအိမ်ရောက် တော့ အဖူးကို ဘုရာခန်းမှာ ထိုင်ခိုင်းပြီး အမွှေနံသာရေနဲ့ ကန်တော့တော ထင်တဲ့အတိုင်းပဲ အဖူးက ကျမတို့ကို မုန့် တွေ ကျွေးတာပေါ့…ဒါတွေမကဘူး။ အဖူးဆုတောင်းပေးတာတွေလဲ များလွန်းလို့ ခေါင်းထဲမှာ မမှတ်နိုင်ဘူး။


အခုတော့ ရွာမှာမဟုတ်ဘဲ သူများနိုင်ငံ(ထိုင်းနိုင်ငံ)မှာ လာနေရတော့ အမိုးနဲ့ အပါး၊ အဖူးတွေအားလုံးကို သီတင်း ကျွတ်လမှာ အတွင်းစိတ်ကနေပဲ ကန်တော့ရပါတယ်။ ထုံးစံအတိုင်းပဲ ရုံးကသူငယ်ချင်းတွေ ၀ယ်လာပေးတဲ့ ဖယောင်းတိုင်းလေးတွေနဲ့ ရုံးရှေ့မှာ လိုက်ထွန်းပါတယ်။ ဒါနဲ့ သူငယ်ချင်းက နင့်ကွန်ပြူတာ စားပွဲခုံမှာ တစ်တိုင်ထွန်း ဆိုတော့ ထွန်းလိုက်တယ်။ ဘာအတွက်လဲဆိုတာတော့ ခုထိ သူကိုမမေးမိသေးဘူး။ ဒီကသီးကျွတ်တာ ဘယ်လိုကျွတ်သွားမှန်းတောင် မသိလိုက်ရသလိုဘဲလားလို့ စိတ်ထဲမှာ တွေးမိတယ်။ အခုအချိန်မှာလဲ ကျမရဲ့ မိုးမိုးကို သွားပြန်ကန်တော့ရင် အရင်အတိုင်းပဲ နင့်တို့အပါးကိုပဲ ကန်တော့ပါလို့ ကျမကို ပြောဦးမှာလား……။

ယုန်ကလေး

ဆက်လက်ဖတ်ရူ့ရန်

Nothing စားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ sweet nothings, here goes nothing နဲ့ nothing doing တို့ ဖြစ်ပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sweet nothings ဖြစ်ပါတယ်။ Sweet = ချိုတာ၊ ချစ်စရာ ကောင်းတာ၊ Nothings = ဘာမှမရှိခြင်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  အဓိပ္ပါယ်ကတော့ အဓိပ္ပါယ်လေးနက်မှု မရှိတာ၊ အနှစ်သာရ မရှိတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Sweet Nothings ဆိုတဲ့ လုံးကောက် အဓိပ္ပါယ်ကတော့ ဘာမှ အနှစ်သာရ မရှိတဲ့ ချိုသာတဲ့ စကားတွေလို့ ဆိုရမှာပါ။ Sweet nothing ရဲ့  အီဒီယံ အဓိပ္ပါယ်ကတော့ ချိုတယ်၊ ချစ်စရာ ကောင်းတယ် ဆိုပေမဲ့ အဓိပ္ပါယ်မရှိ၊ လေးနက်မှု မရှိတဲ့ စကားတွေပဲ ဖြစ်ပါတယ်။

အဆိုတော် မာမာအေးရဲ့ နှစ်ယောက်ထဲ နေချင်တယ်ဆိုတဲ့ သီချင်းထဲမှာ ဧ၀ရက် တောင်ထိပ်မှာ ချစ်သူနဲ့ ဆိုရင် ဘယ်လိုပဲ နေရနေရ ဆိုသလို၊ မိုးပေါ်က ကြယ်တွေကို ဆွတ်ပေးပါ့မယ်၊ တရက်မတွေ့ရတာ ဒီ မောင့်အတွက် တသက်ထင်တယ် ဆိုတာမျိုးလို၊ ချစ်သူကျအောင် အပြောကောင်း၊ ချွဲပြီး တွတ်တီးတွတ်တာ ပြောတဲ့ မူယာမာယာ အပြောမျိုး တွေကို Sweet Nothings လို့လည်း ရည်ညွှန်း ပြောလို့ ရပါတယ်။ ဘန်းစကားနဲ့ ပြောရရင်တော့ အပိုစကားတွေပေါ့။

အမျိုးသားတဦးနဲ့ တွဲနေတဲ့ ညီမဖြစ်သူကို သတိပေးတဲ့ George Crows ရဲ့  ဥပမာ တခုကို လေ့လာကြည့်ကြပါစို့။

Sis, be careful of that guy, Peter, you have a date with tonight. I hear he’s expert at using sweet nothings to get his way with a girl. Later, she finds out that what they mean. Nothing!

ညီမလေးရေ - ဒီနေ့ည ညီမလေးနဲ့ အပြင်ထွက်ဖို့ ချိန်းထားတဲ့ Peter ကို သတိထားနော် ကြားရတာကတော့ ဒီလူက အမျိုးသမီးတဦးနဲ့ စွံရလေအောင် တွတ်တီးတွတ်တာ ပြောတဲ့နေရာမှာ ကျွမ်းကျင်ဆိုပဲ။ နောက်ပိုင်းမှာတော့ ဒီ စကားတွေဟာ တဘက်သား ကျလောက်အောင်သာ ရည်ရွယ်ပြီး တခြား ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ဆိုတာကို အဲဒီအမျိုးသမီး သိလာရတယ်။

ဆက်ပြီး တင်ပြမယ့် အီဒီယံ အသုံးကတော့ here goes nothing ဖြစ်ပါတယ်။ Here - ဒီမှာ၊ Goes = သွားပြီ (here goes = ဒီမှာသွားပြီ)၊ Nothing = ဘာမှ မရှိတာ၊ ဘာမှ မဟုတ်တာ၊ အညတရ တဦးလို့ လုံးကောက် အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် တိုက်ရိုက် အဓိပ္ပါယ်အရ အညတရ တဦးတော့ သွားပြီဟေ့လို့ ဆိုရမှာပါ။ ဒီအသုံးကို မိမိက တခုခကို စမ်းသပ်ရမှာ၊ ဒါမှမဟုတ် ဝင်ယှဉ်ပြိုင်ရာမှာ ကိုယ့်ကိုယ်ကို သိပ်ပြီး မမှန်းထားရင် အရှက်ပြေနှိမ့်ချ ပြောဆိုရာမှာ ဘန်းစကား အဖြစ် အသုံးပြုလေ့ရှိပါတယ်။

ဥပမာ အပြေးပြိုင်ပွဲမှာ တခြား စံချိန်တင် အပြေးသမားတွေနဲ့ ဝင်ယှဉ်ပြိုင်ရလို့ ကိုယ့်အနေနဲ့ အနောက်က ပြတ်ကျန်ခဲ့ရမယ့် အလားအလာမျိုး ရှိရင်၊ ကိုယ့် သူငယ်ချင်းတွေကို သိပ်ပြီး အထင် မကြီးစေချင်ရင်၊ ရှုံးခဲ့သော် မျက်နှာ သိပ်မပူရ လေအောင် ကိုယ့် အရည်အချင်း အကြောင်းကို အရှိကို အရှိအတိုင်း စကားပလ္လင်ခံတဲ့ နေရာမှာ Here goes nothing ကိုပြီး၊ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့ ပြောလေ့ရှိပါတယ်။

ဆိုလိုတာကတော့ မောင်ရင်တို့ရေ သိပ်ပြီး အထင်မကြီးကြလေနဲ့။ ကျနော်ကတော့ သိပ်မဟန်လှဘူးဆိုတဲ့ သဘောမျိုးပါ။ သူ သိပ်မကျွမ်းကျင်ဘူးလို့ ဆိုရမယ့် စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်း ပြောရမယ့် အလုပ်ကို လုပ်ရတော့မှာမို့ သူ အိုးနင်းခွက်နင်း ဖြစ်နိုင်မယ့် အခြေအနေမျိုးအတွက် သူ့သူငယ်ချင်းတွေကို ကြိုပြီး စကားပလ္လင်ခံထားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို လေ့လာကြည့်ရအောင်ပါ။

Well, Jack, here goes nothing. Right now, I wish I spent a lot more time preparing. It’s a tough audience I hear. Right now I’d rather be anywhere else, even at the dentist.

Jack
ရေ။ သိပ်တော့ ဟန်မယ်မထင်ပါဘူး။ အခုအချိန်မှာတော့ ကြိုတင်ပြင်ဆင်ခဲ့မိရင် ကောင်းသားလို့ နောင်တရမိတယ်။ ပရိသတ်ကလည်း မခေလှဘူးလို့ ကြားတာပဲ။ ဒီအချိန်မှာတော့ ဒီနေရာကလွဲလို့ ဘယ်နေရာ ရောက်ရောက်ရောက်ပါစေ။ ကုန်ကုန်ပြောရရင် သွားဆရာဝန်ဆီကိုတောင် သွားလိုက်ချင်သေးတယ်။

Nothing doing - Nothing က ဘာမှမဟုတ်တာ၊ Doing က လုပ်နေတယ်ဆိုတော့ စကားပိုဒ် တခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဘာမှလုပ်လို့မရတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံ သဘောမှာတော့ တယောက်ယောက်ဆီက မေတ္တာရပ်ခံမှုကို လေးလေးနက်နက် အပြောနဲ့ ပယ်ချလိုက်တဲ့ အဓိပ္ပါယ်ဆောင် ပါတယ်။ ပိုပြီးလေးနက်အောင် ပြောချင်ရင်တော့ အခုလို ပြောလို့ရပါတယ်။

No, I won’t do it and I mean it.

မလုပ်ဘူးဗျာ။ ကျုပ် တကယ် မလုပ်ဘူး။ တကယ့်ကို ယုံယုံကြည်ကြည့်နဲ့ ပြောတာဆိုပြီး ငြင်းလိုက်တာမျိုးလဲ ရှိပါတယ်။

အခုတင်ပြပေးမယ့် ဥပမာက သူ့ရဲ့ ဆယ်ကျော်သက် သားလေးက နောက်မိန်းကလေး တဦးကို အထင်ကြီးရလေအောင် သူ့အဖေဆီက ကားယူသုံးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကို အဖေက ငြင်းဆိုတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I tell you nothing doing. I just paid nine hundred dollars to fix my car after that accident you got into last week. Didn’t I tell you? You can’t drive my car again until you learn to be a safe driver.

သားကိုပြောမယ် မင်းအခုလာတောင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ။ ပြီးခဲ့တဲ့ အပတ်ကပဲ ကားယူ သုံးလို့ ကားတိုက်မှု ဖြစ်တာမှာ ဒေါ်လာငွေ ကိုးရာ အကုန်ခံပြီးတော့ ပြင်ပြီးခါစပဲ ရှိသေးတယ်။ စိတ်ချလက်ချ ရှိရှိနဲ့ သား ကားမမောင်းတတ်မချင်း မမောင်းရဘူးလို့ အဖေပြောခဲ့တယ် မဟုတ်လား။

တိုတိုတောင်းတောင်းနဲ့ ငြင်းဖို့အတွက် ဆိုရင် No way! ၊ ဒါမှမဟုတ် forget it လို့ ပြောရင်လည်း ရပါတယ်။ No way က ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ အဓိပ္ပါယ်ရ ပါတယ်။ Forget it ကတော့ ရမယ်လို့တော့ စိတ်ကူးထဲတောင် မထည့်လိုက်နဲ့ ဆိုတဲ့ သဘောပါ။

စောစောက ပြောခဲ့တဲ့ No, I won’t do it လိုမျိုး၊ အခုပြောတဲ့ No way! နဲ့ Forget it! တို့လို သုံးမျိုးလုံးကို သုံးမယ်ဆိုရင် ယဉ်ကျေးတဲ့ အသုံးများ မဟုတ်တာကြောင့် အခြေအနေနဲ့ လိုက်ဖက်တဲ့ အခါမှသာ သုံးပါလို့ အကြံပေးချင်ပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

နာဂစ်နှင့် ဂီရီ

အခုတလော မြန်မာပြည်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲအတွက် နည်းအမျိုးမျိုးနဲ့ မဲလိုက်ဆွယ် နေတယ်လို့ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ ကျမသတိထားမိတာတခုကတော့ နအဖတွေ ရွေး ကောက်ပွဲအတွက် မဲလိုက်ဆွယ်တိုင်း ပြည်တွင်းမှာ တခုခု ဖြစ်စမြဲ။ လွန်ခဲ့တဲ့ တပါတ်က ကြံဖွံ့ပါတီနှစ် ယောက် မဲဆွယ်လိုက်ဆွယ်ရင်း မိုးကြိုးပစ်ခံရတယ်လို့ သတင်းတွေမှာ ကြားလိုက်ရတယ်။

ကြားလိုက်ရခြင်းမှာဘဲ ဒီလူတွေ မသာမာမှုနဲ့ မဲဆွယ်တာပဲဖြစ်ရမယ်လို့ တွေးလိုက်မိတယ်။ လွန်ခဲ့တဲ့ နှစ်တွေ မှာလဲ စစ်အစိုးရက ရွေးကောက်ပွဲအတွက် မဲလိုက်ဆွယ်တဲ့အချိန်မှာ အလွန်ဆိုးရွားတဲ့ နာဂစ်ဆိုင် ကလုန်းမုန်းကြီး မြန်မာပြည်ကို ၀င်တိုက်သွားခဲ့တာ လူတွေ သောင်းနဲ့ချီပြီး သေသွားခဲ့တယ်။ တချို့ဆိုရင် နအဖက သေသွားတဲ့သူတွေရဲ့ နာမည်စရင်းနဲ့ မဲပေးတယ်ဆိုပြီး လုပ်ချသွားတာ ရှိခဲ့ပါတယ်။

အခုလဲ နအဖက ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ တော်တော်များများ သိကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဂီရိဆိုတဲ့ ဆိုင်ကလုန်းမုန်းတိုင်း မြန်မာပြည်ကို ၀င်တိုက်သွားခဲ့တာမဟုတ်လား။ နအဖ ရွေးကောက်ပွဲ လုပ်တိုင်း မြန်မာပြည်က ပြည်သူလူထုတွေ အလွန်ဆိုးရွားတဲ့ မုန်တိုင်းရဲ့ ဒဏ်ကိုခံစား နေရစမြဲပါ။ ဒါတွေဟာလုံးဟာ တိုက်ဆိုက်မှုပဲလားလို့တောင် မတွေးတော့ပါဘူး….

ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates