ပြည်သူသို့


နောက်ဆုံး သတင်းများ အရ ရန်သူ့ ဘက်မှ မဲရုံများတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့ ၊ ကြံဖွတ်၊ စွမ်းအားရှင် အစရှိတဲ့ လက်ကိုင်တုတ် တပ်များကို တုတ်ဓါးဒိုင်းများ ဆွဲကိုင် စောင့်ကြပ်စေခြင်း တို့ ကို ပြုလုပ်မည်ဟု သိရှိရပါသည်။

မဲရုံများတွင် လုံခြုံရေးကင်မရာ (CCTV) အသုံးပြုခြင်းအပေါ် အတိုက်အခံအသိုင်းအဝိုင်း၊ ကမ္ဘာအသိုင်းအဝိုင်းမှ ဝေဖန်ပြောဆိုဖိအားပေးခြင်း လျော့ပါးစေရန်အတွက် သင်္ကြန်ကာလများအတွင်း ရေပက်မဏ္ဌပ်များတွင် လုံခြုံ ရေးကင်မရာများ တပ်ဆင်စေခြင်းဖြင့် ရှာမတွေသောအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို လက်ညှိးထိုးယိုး စွပ် ခဲ့ပါသည်။ တဖန် လွန်ခဲ့သည့်ရက်အနည်းက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟော်တယ်အနီ ဗုံးပေါက် ကွဲမှု တွင် ကုန်သည်ကြီးများအသင်း လုံခြုံရေးကင်မရာမှ ဖောက်ခွဲရေးသမားကို မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိဒ္ဒိတင်ခဲ့ပြန်ပါသည်။ တဖက်မှလည်း အတိုက်အခံအဖွဲ အစည်းများမှ ဆန္ဒခံယူပွဲကို အကြမ်းဖက် ဖျက်စီးရန် လုပ်ဆောင်မှုများရှိနေကြောင်း ပြည်သူလူထုနှင့် ကမ္ဘာမိသားစုကို ဗုံဖောက်ခွဲမှုနှစ်ခုဖြင့် အလံရှုး ဇာတ်ကခဲ့ခြင်းကို တွေ့ ရပါသည်။ ထို့ အပြင် အတိုက်အခံများအပေါ် အုပ်စုဖွဲ ရိုက်နှက်တိုက်ခိုက်ခြင်းများ သည်လဲ ပြည်သူလူထုအား သွယ်ဝိုင်ခြိမ်းခြောက်ရန်ရည်ရွယ်ချက် ဖြစ်ပြီး ၁၉၃၀ပြည့်နှစ် ဟစ်တလာ၏ ရှပ်ညိုတပ်ဖွဲ့ ဆန်သော ဗျူဟာအခင်းအကျင်း ဖြစ်ပါသည်။

လက်ကိုင်တုတ်တပ်များဖြင့် လုံခြုံရေးယူခြင်း၊ လုံခြုံရေးကင်မရာ တပ်ဆင်ခြင်းတို့၏ အဓိကအကြောင်း တရားမှာ ကာလအတန်ကြာကွယ်ပျောက်နေခဲ့ပြီဖြစ်သော တော်လှန်ရေးအဖွဲ့ အစည်းများ၊ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဘူးသော ဖောက်ခွဲရေးသမားများရန်ကို ကာကွယ်ရန်မဟုတ်ပဲ ပြည်သူအများစုလက်မှ ထွက်ပေါ် လာမည်ဖြစ်သော ကြက်ခြေခတ်များကို ဟန့့်တားရန်သာဖြစ်ပါသည်။ မြန်မာလူမျိုးတို၏ ရိုးသားမှု ၊ အေးချမ်းစွာ နေလိုမှုအပေါ် နောက်ကွယ်ကောလဟာလများဖြင့် အမြတ်ထုတ်ရန်ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။ ကြက်ခြေ ခတ်မည့် ဝန်ထမ်းများကို အလုပ်အကိုင် ဖြင့်ချိန်းခြောက်ခြင်း၊ စီပွားရေးသမားများကို အခွင့်အရေးဖြင့် ခြိမ်း ခြောက်ခြင်း၊ သာမန်လက်လုပ်လက်စား ပြည်သူများကို သွေးထွက်သံယိုမှုဖြင့် ခြိမ်းခြောက်ခြင်းတို့ ဖြင့် အမှားကို အမှန်ပြောင်းရန်အားထုတ်နေခြင်းကို နာလည်သဘောပေါက်စေလိုသည်။

ပြည်တွင်းစစ်တမ်းကောက်ယူမှုများ အရ ပြည်သူလူထုသည် နအဖ၏ ဖွဲစည်းပုံအခြေခံမှုကြမ်းအပေါ် ကန့်ကွက် ရမည်ဆိုသည်ကို မည်သူ့၊ မည်သည့်အဖွဲ့ အစည်း၏တိုက်တွန်းချက်မှမပါပဲ သဘော ပေါက်နားလည်ထားပြီး ဖြစ်ကြောင်းသိရှိရသည်။ လက်တွေ့တွင်လည်း ကန်ကွက်မဲပေးလိမ့်မည်ဟု ယုံကြည်ရသည်။ နအဖ အနေဖြင့် လဲ အမှားကို အမှန်ဖြစ်အောင် ညစ်လုံးမျိုးစုံ အသုံချကြိုးစားလိမ့်မည်ဖြစ်သည်။ တစ်နိုင်ငံလုံးမဲ အရေအတွက်ကို နေပြည်တော်မှ ကြေငြာမည်ဟုသည့်အချက်၊ နောက်ဆုံး ၁၀ ဦးသာမဲ ရေတွက်မှုကို ကြည့်ခွင့်ပေးမည်ဟူသည့် အချက်များ အရနအဖ တွင် ၎င်းတို့ စိတ်တိုင်းကျ မဲအနိုင်အရှုံးကို ကြေငြာခွင့်ရ နေပါသည်။ ထိုမျှမက ရန်ကုန်မြို့ တွင်ပင် မဲရုံ ၂၅၀၀ ခန်ထားရှိသည်ဆိုသည်မှာလဲ လူထုဘက်တော်သားများအနေဖြင့် မဲရုံတစ်ရုံခြင်းကို တရားမျှတမှုရှိမရှိ စောင့်ကြည့်ရာတွင် အခက်အခဲဖြစ်အောင် ပြုလုပ်ထားသည်ကို တွေ့ ရပါသည်။

ထိုသို့ ညစ်ပတ်ကောက်ကျစ် မှုပေါင်းများစွာ အတိနှင့် နအဖ၏ဆန္ဒခံယူပွဲပေါ် ပြည်သူတို့၏ ကြက် ခြေခတ ခြင်း မှာ နောက်ဆုံးတိုက်ပွဲ တစ်ခုမဟုတ်ပဲ စစ်အုပ်စုလက်ထက်တွင် ရှားပါးစွာရရှိသော တရားဝင်ဆန္ဒပြပွဲ တစ်ခုအနေနှင့် သဘောပေါက်ရန်လိုသည်။ ဆန္ဒခံယူပွဲ၏ အဖြေသည် ဖွဲစည်ပုံအား ထာဝရ မသမာသော နအဖ၏မဲပြာပုဆိုးအဆင် ကြိုတင်ကြံစည်မှုများဖြင့် အတည်ပြုခြင်းဖြစ်စေ၊ ပြည်သူ့ အလိုကျ အတည်မပြုခြင်း ဖြစ်စေ ပြည်သူလူထုအနေနှင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရန် ဆက်လက်တိုက်ပွဲ ဝင်ရဦးမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။


ရဲဘော်ဥတ္တရအောင် (မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု)

ဦးမိုးသီးဇွန်ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

ဆက်လက်ဖတ်ရူ့ရန်

နွေးထွေးတဲ့ရင်ခွင်ပဲလိုချင်တယ်

ချမ်းသာခြင်းကို..
ငါမလိုချင်ဘူး..
လွတ်လပ်ခြင်းကို..
ပိုပြီးမြတ်နိုးတယ်..
နွေးထွေးတဲ့..အမိရင်ခွင်ကို..
ငါပိုလွမ်းတယ်...
ရက်စက်မူ့တွေကို...
ရက်တန့်ပါတော့ဗျာ..
ခံစားမူ့တွေ..ပြင်းထန်လာရင်.
ပေါက်ကွဲထွက်ကုန်လိုက်မယ်..

ခကွေး

ဒီကဗျာကို ပုလဲနက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ အခုလို ခွင့်မတောင်းဘဲ တင်ပြတဲ့အတွက် ခွင့်လွှတ်ပါလို့ တောင်းပန်ချင်ပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေ

ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ နအဖသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နအဖဖွဲ့စည်းပုံ အခြေခံ ဥပဒေဆန္ဒခံယူပွဲအား ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဆန္ဒပြပွဲအား ဂျပန်ရဲတပ်ဖွဲ့မှ အင်အား အလုံးအရင်းဖြင့် ရိုက်နှက်ဖြိုခွင်းသဖြင့် ဦးမြင့်သိန်း(အဲန်အယ်လ်ဒီ)၊ မသော်တာမင်းထွန်း (ဒီဘီအေ)၊ ကိုစိုးမင်းအောင် (ဒီဘီအေ)၊ မမြဖြူပြာ (လူ့ဘောင်သစ်)တို့ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ကိုလင်းအောင် (အဲန်အယ်လ်ဒီ)မှာ ရိုက်နှက်သည့် ရဲများအား ပြန်လည်ခုခံထိုးကြိတ်သဖြင့် ဖမ်းဆီးသွားကြောင်း ဆန္ဒပြနေသော ရဲဘော်များမှ သတင်းပေးပို့လာသည်။ ယခုအချိန်ထိ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြ ဆဲဖြစ်ပြီး ဆန္ဒပြရဲဘော်များအား ဂျပန်ရဲတပ်ဖွဲ့မှ ၀ိုင်းပတ်ပိတ်ဆို့ထားကြောင်း သတင်းရရှိ သည်။

နောက်ဆက်တွဲ သတင်းပေးပို့ချက်အရ ဆန္ဒပြ ရဲဘော်များနှင့် ဂျပန်ရဲများ အပြန်အလှန် ထိုးကြိတ်ရိုက်နှက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။ မြန်မာမိန်းကလေးငယ်များအား ခြေနှင့်လက်တို့ကို ချုပ်နှောင်၍ ပက်လက် တရွတ်တိုက်ဆွဲခေါ်ကာ သံရုံးဘေးပန်းခြံ၌ ထိန်းသိမ်းထားကြောင်း၊ သံရုံးမိုးကောင်းကင်တွင် စစ်ရဟတ်ယာဉ် ၅စီးဝဲပျံလျက်ရှိကြောင်း၊ မိန်းခလေးများမှာ အ၀တ်အစားများ ဖရိုဖရဲဖြစ်လျက် ဘောင်းဘီ ကျွတ် စကတ်ကျွတ် ဖြစ်နေကြကြောင်း၊ ဂျပန်အာဏာပိုင်များ ယခုကဲ့သို့ နှိမ်နင်းဖြိုခွဲသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထပ်မံပေးပို့လာသော သတင်းများအရ ဆန္ဒပြသူဦးရေ (၃၀၀)ခန့်ရှိပြီး မိန်းကလေးနှစ်ဦး ထပ်မံဒဏ်ရာရရှိကာ ဆေးရုံးတင်ပို့လိုက်ရကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းနေပြီး ဆက်လက်အကြမ်း ဖက်ဖြိုခွင်းရန် ပြင်ဆင်ကြောင်း၊ သို့သော် ဒီမိုကရေစီအင်အားစုများအနေနှင့် စုစည်းညီညွတ်စွာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ဂျပန်ရဲများ ဖြိုခွင်းသည့်ပုံစံမှာ နအဖစစ်ခွေးများ၏ နည်းနာနှင့် ဆင်တူကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရူ့ရန်
ဆက်လက်ဖတ်ရူ့ရန်

ဆန္ဒခံယူပွဲနဲ့ပတ်သက်တဲ့ ပြည်သူတွေရဲ့ရင်ဖွင့်သံကို တင်ပြလိုက်ပါတယ်။

အထက်တန်းပြ ဆရာမ တဦး

"ဒါက ဘယ်လို ပြောရမလဲ ဆိုတော့၊ အရင် ၁၉၉၀ တုန်းကလိုပဲပေါ့။ သူတို့က ဘယ်လိုပဲ လုပ်လုပ် ကျမတို့အနေနဲ့ကတော့ ကန့်ကွက်မဲ ဘဲ ထည့်မှာပါ။ ၀န်ထမ်းတွေကို ဖိအား ပေးတာမျိုးတွေတော့ ခုလောလောဆယ်မှာ မရှိသေးပါဘူး။ ဘယ်လိုပဲ ဖိအားပေးပေး၊ ဘယ်လို ခြိမ်းခြောက်ခြောက် ကျမတို့ကတော့ ကျမတို့ စိတ်ထဲ ရှိတဲ့ အတိုင်းဘဲ လုပ်သွားမှာပါ။ ဒီမဲ ပေးတဲ့နေရာမှာ အားလုံးလွတ်လပ်စွာ ပေးခွင့် ရှိတယ်လေ။

လက်ထောက် ဆရာဝန်တဦး

ကျနော်တို့ မဲပေးတာက လွတ်လပ်မယ် ... စောင့်ကြည့်နေတာတွေ မရှိဘူး ...ကျနော်ပေးတဲ့မဲက ဘာလဲဆို တာ ကျနော့်ဘေးက လူတွေတောင် မမြင်ရအောင်အထိ လုံခြုံတယ်ဆိုရင်တော့ ကောင်းမှာဘဲဗျာ။ သူတို့က ယုတ်မာတယ်ဗျ။ ကျနော့် အနေနဲ့ကတော့ NOပဲ ပေးဖြစ်မှာပါ။

ကုမ္ပဏီ ၀န်ထမ်းတဦး

အန်တီတို့ သွားမပေးရင် အန်တီတို့ရဲ့ မဲတွေကို ဒီကောင်တွေက ယူသွားမှာ။ ဒီတော့ တို့တွေအားလုံး ကန့်ကွက် မဲ ထည့်ကြမယ်လို့ ဆုံးဖြတ်ပြီးသွားပြီ။ သူတို့ ခြိမ်းခြောက်မှာလဲ မကြောက်ပါဘူး။ ကိုယ်ထည့်တဲ့မဲ ဘယ်သူသိ ပိုင်ခွင့် ရှိလို့လဲ။

အိမ်ထောင်ရှင်မ တဦး

မဖြစ်မနေ ပေးရမယ်ဆိုတာမျိုး ဖြစ်ခဲ့ရင်တော့ ကန့်ကွက်မှာပါ။ သွားမပေးရင် အမရဲ့မဲတနေရာကို သူတို့ ယူသွားမှာကိုလဲ စိုးပါတယ်"

တက္ကစီသမား တဦး

"ဥပဒေမူကြမ်းကို သိပ်နားလည်တယ် ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကြီးက သူတို့သက်ဆိုးရှည် အောင် လုပ်ထားတာက ပေါ်လွင်နေပါတယ်။ ကျနော်တို့တိုင်းပြည်အခြေအနေတွေ ဒီထက်မက ဆိုးသ ထက် မဆိုးလာအောင် သူတို့ တဖက်သတ်ရေးထားတဲ့မူကို ကန့်ကွက်မှာပါ။ ကျနော့် မိတ်ဆွေတွေကိုလဲ ကန့်ကွက်ဖို့ သာ တိုက်တွန်းသွားမှာပါ"

ကုန်သည်တဦး

အင်း ... ရေအရင်းအမြစ်တွေ ပေါပါရက်နဲ့ ရေကို ဖောဖောသီသီ မပေး။ မီးကိုလဲ ဖောဖောသီသီ မပေး။ သူဖောဖောသီသီ ပေးနိုင်တာ ကျည်ဆံပဲ ရှိတယ်။ ဒီလို အစိုးရက ရေးထားတဲ့မူက ဘာဖြစ်မှာလဲ။ ကန့်ကွက်မဲပဲ ပေးမှာ။

စီးပွားရေးလုပ်ငန်းရှင်တဦး

"ကျနော်အနေနဲ့ သွားပြီးတော့ ဆန့်ကျင်မဲပေးတဲ့ဟာက ပိုပြီးတော့ ဖြစ်နိုင်တယ်။ လုံးဝမသွားရေး ဆိုတာက တော့ လက်တွေ့ အနေအထားက မဖြစ်နိုင်ပါဘူး။

ဆက်လက်ဖတ်ရူ့ရန်

ကင်ဆာ ကာကွယ်နည်း

၁။ သွားတိုက်ပါ

နှံ့နှံ့စပ်စပ်သေသေချာချာသွားတိုက်ခြင်းဟာ ပန်ခရိယကင်ဆာကိုကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ သွား သေသေချာချာ မတိုက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သွားဖုံးရောဂါဟာ ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို၆၃% တိုးစေပါတယ်။

၂ ။ လက်ဖက်ရည်ကြမ်းသောက်ပါ

လက်ဖက်ရည်ကြမ်းတွင်ပါဝင်သော အင်တီအောက်ဆီဒင့်သည် ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိသည်။ လက် ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အသဲကင်ဆာတို့ ဖြစ်ခြင်းတို့မှ ကာကွယ်နိုင်သည်။ တစ်နေ့နှစ် ခွက်သောက်ခြင်းဖြင့် အစာခြေအစိတ်အပိုင်း ကင်ဆာ၏ အန္တရာယ်ကို ၃၂% လျှော့ချပေးနိုင်စွမ်းရှိသည်။ တစ်နေ့လျှင် ၅ခွက်ထက်မနည်း သုံးဆောင်သော ယောက်ျား သားများအဖို့ဆီးကျိတ်ကင်ဆာအန္တရာယ်ကို ထက်ဝက်လျှော့ချပေးနိုင်စွမ်းရှိသည်။

၃။ အကိုက်အခဲပျောက်ဆေးမှီဝဲပါ

တစ်ပဲနီ့စာမျှသော အကိုက်အခဲပျောက်ဆေးမှီဝဲခြင်းအားဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၂၀% လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် အရေပြားကင်ဆာ၊ Colorectal ကင်ဆာ ရင်သားအကျိတ်တို့ကို ဖြစ်ပွားမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

၎။ အစိမ်းစားပါ

ရပ်စ်ဗယ်ရီသီး၊ မုန်လာဥ၊ ဘလူးဘယ်ရီသီး၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းအစရှိသည့် အစိမ်းစားအသီးအနှံများကို တစ် နေ့စားသုံးသည့် ပမာဏ၏ တ၀က်မျှ စားသုံးပေးပါ။

၅။ ကားမီးခိုးငွေ့တွေကိုရှောင်ပါ

အကာအကွယ်မရှိ ကားမီးခိုးငွေ့ထူထပ်ရာနေရာသို့ သွားခြင်းသည် လူ၏ DNAကို ပျက်ဆီးစေပြီး ကင်ဆာ ရောဂါဖြစ်စေသည့် အလားအလာရှိသည်။ လေ့လာချက်အရ မြို့နေအမျိုးသမီးများသည် ကျေးလက်နေအမျိုး သမီးများထက် ကင်ဆာဖြစ်ပွားမှု ၁.၅ ဆပိုသည်။

၆။ အားကစားလုပ်ပါ

အေရိုးဗစ်ကစားခြင်း၊ ခပ်သုတ်သုတ်ပြေးခြင်းနှင့် ရေကူးခြင်းများကို တစ်ပတ်လျှင် ငါးနာရီထက် မနည်းလုပ် ဆောင်လျှင် အမျိုးသမီးများအား ရင်သားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ အားကစားပြင်း ပြင်းထန် ထန်လုပ်ခြင်းနှင့် ရောဂါအန္တရာယ်လျော့ပါး လာခြင်းတို့သည် အဆက်အစပ်ရှိသည်။ သာမန်လှုပ်ရှား မှုမျှသာဖြစ်သော လမ်းလျှောက်ခြင်းနှင့် ဂေါက်ကစားခြင်းစသည်တို့သည် ကင်ဆာအပေါ် မည်သို့မျှ အကျိုးသက်ရောက်ခြင်းမရှိပေ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကင်ဆာကို အားပေးသောဟော်မုန်းများဖြစ် ပေါ်ခြင်းကိုလျှော့ချ ပေးသည်။

၇။ အလွန်အကျွံမသောက်ပါနဲ့

နေ့စဉ် ဘီယာတစ်ပိုင့် (သို့မဟုတ်) ၀ိုင်တစ်ဖန်ခွက် သောက်သုံးခြင်းဟာ အူကင်ဆာဖြစ်ပွားခြင်းကို ၁၀% ပိုမိုဖြစ်အားပေးပါတယ်။ အမျိုးသမီးများအတွက်လည်း ရင်သားကင်ဆာဖြစ်ခြင်းကို၂% ပိုမိုအားပေးပါတယ်။ အလွန်အကျွံသောက်ရင်ဖြင့် ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို နှစ်ဆတိုးစေပါတယ်။ အရက်သောက်ခြင်းဟာလည်း အသဲကင်ဆာဖြစ်ပွားမှုနှင့် အဆက်အစပ်ရှိနေပါတယ်။

၈။ ကိရိယာဖြင့်နေပူစာလှုံခြင်းကို ရှောင်ပါ

ခေတ်ပေါ်အားပြင်းမီးချောင်းများမှထုတ်လွှတ်တဲ့ခရမ်းလွန်ရောင်ခြည်တွေကိုအသုံးပြုပြီးနေပူစာလှုံခြင်းဟာအရေပြားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို နှစ်ဆတိုးစေပါတယ်။

၉။ အမဲသားစားခြင်းကို ရှောင်ပါ

အမဲသားစားခြင်းဟာ ခန္ဓာကိုယ်အသားမျှင်တွေထဲမှာ အန္တရာယ်ရှိစေတဲ့ မော်လီကျူးတွေကို ဖြစ်စေပါတယ်။ အဲဒီမော်လီကျူးတွေက DNA ကိုဖျက်ဆီးပစ်ပြီးအူကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေတစ်ပတ်မှာ သုံးကြိမ်ကျော် အမဲသားစားရင် ရင်သားကင်ဆာ အန္တရာယ်တိုးပွား လာမှာဖြစ်ပါတယ်။ သွေးဆုံးတဲ့ အမျိုးသမီး တွေဆိုရင် ပိုပြီးအန္တရာယ်ရှိပါတယ်။

၁၀။ စိုးရိမ်စိတ် မများပါနဲ့။

အလွန်အမင်းစိုးရိမ်ပူပန်ခြင်းဟာ ကင်ဆာရောဂါအပါအ၀င် အကြောင်းကြောင်းကြောင့်စောစီးစွာ သေဆုံးမှု အန္တရာယ်ကို ၅၀%မြင့်တက်စေပါတယ်။ စိတ်ဖိစီးမှုများခြင်း နှင့်စိုးရိမ်စိတ်များခြင်းဟာခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ဟော်မုန်းတွေကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုများ ခြင်းဟာအမျိုးသမီးတွေ အတွက်ရင်သား ကင်ဆာဖြစ်ပွားခြင်း ၏ကို နှစ်ဆမြင့်တက်စေပါတယ်။

၁၁။ အသင့်စားအစားအသောက်တွေကို မစားပါနဲ့

ဟမ်၊ ဘေကွန်၊ အသားချောင်းတွေကို နေ့စဉ်စားသုံးခြင်းဟာ အူကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၂၁% မြင့်တက် စေပြီး၊ လည်ချောင်း ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ဆီးကျိတ်ကင် ဆာဖြစ်ပွားဖို့ လည်းအလား အလာရှိပါတယ်။

၁၂။ ဥများများစားပါ

အမျိုးသမီးများအနေဖြင့် တပတ်ကို ဥ ၆ လုံးစားရင် ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို ၄၀% အထိလျှော့ချ ပေးပါတယ်။ ဥမှာ ကင်ဆာဆဲတိုးပွားမှုကို တိုက်ဖျက်နိုင်တဲ့ Sphingolipids ပါဝင်ပါတယ်။

၁၃။ မီးခိုးများတဲ့နေရာကို ရှောင်ပါ

ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် မီးခိုးရှုရတဲ့သူဟာ ၂၀% ကနေ ၃၀% ကြား အဆုတ်ကင်ဆာ ဖြစ်ဖို့အခွင့် အလမ်းရှိပါတယ်။

၁၄။ ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းပါ

အ၀လွန်ခြင်းဟာလည်း ကင်ဆာရောဂါဖြစ်ပေါ်မှုအတွက် အရေးပါပါတယ်။ကင်ဆာရောဂါ ၃၀၀၀၀၀ရဲ့ သုံးပုံတစ်ပုံဟာ ကိုယ်အလေးချိန် နဲ့ ပတ်သက်ဆက်နွယ်မှုရှိ နေပါတယ်။ အဆီပိုတွေဟာ ရင်သားကင်ဆာ၊ အူကင်ဆာ၊ ပန်ခရိယကင်ဆာ အပါအ၀င် ကင်ဆာရောဂါ ၆ မျိုးကို ဖြစ်စေပါတယ်။

၁၅။ နို့သောက်ပါ

မလိုင်မပါတဲ့ နို့ တစ်ခွက်ကို နေ့စဉ်သောက်သုံးပေးခြင်းက အမျိုးသမီးများအတွက်သားဥအိမ်ကင်ဆာကို၄၀% လျှော့ချပေးနိုင်ပေမယ့် ပမာဏများတဲ့နို့ကို သောက်သုံးမယ်ဆိုရင် သားဥအိမ်ကင်ဆာအန္တရာယ် ကိုတိုးပွား စေပါတယ်။ အမျိုးသမီးများ နေ့စဉ်နို့နှစ်ခွက် သောက်စေခြင်းဟာပြင်းထန်သောရောဂါဆိုးကျိုးများကို ဖြစ်ပွားစေ တယ်ဆိုတာ အမျိုးသမီး ၆၀၀၀၀ဦးကို သုတေသနပြု လေ့လာမှု လုပ်ပြီးနောက် သိရှိခဲ့ရပါတယ်။

၁၆။ Oral sex ပေးခြင်းကို ရှောင်ကျဉ်ပါ

Oral sex ပေးခြင်းဟာ လည်ချောင်းကင်ဆာကို ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကျဉ်ရပါမယ်။

၁၇။ သင့်ရဲ့ရင်သွေးငယ်ကို နို့တိုက်ပါ

မိခင်တစ်ယောက်အနေနဲ့ ရင်သွေးငယ်ကို အနည်းဆုံး အချိန် ၆ လ နို့တိုက်ပေးခြင်းဖြင့် ရင်သားကင်ဆာရော၊ သားဥအိမ်ကင်ဆာကိုပါ ၇% လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ရင် မနက်ခင်းပိုင်းနေထိုင်မကောင်းဖြစ်ခြင်းကို ကျေကျေ နပ်နပ်လက်ခံပါ။ အဲဒီအချိန်တွေမှာ ကင်ဆာဆဲလ်တိုး တက်ဖြစ်ပေါ်မှုကို တားမြစ်ပေးတဲ့ဟော်မုန်းတွေကို ထုတ်လွှတ် နေတာ ဖြစ်ပါတယ်။

၁၈။ သန္ဓေတားဆေးကို ခဏတဖြုတ် သောက်သုံးပါ

သန္ဓေတားဆေးသောက်သုံးခြင်းဟာ အမျိုးသမီးများအတွက် ကင်ဆာရောဂါဖြစ်ပွားဖို့ အခွင့်အလမ်းနည်း စေပါတယ်။ ဒါပေမယ့် ၈နှစ် တာကာလကျော်အထိ သောက်သုံးနေမယ်ဆိုရင်တော့ ကင်ဆာရောဂါဖြစ်ဖို့ အခွင့် အလမ်းများလာမှာဖြစ်ပါတယ်။

၁၉။ နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်လိမ်းဖို့ မမေ့ပါနဲ့

အလှအပအတွက် နေပူစာလှုံတော့မယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်လိမ်းဖို့ မမေ့ပေမယ့် လေ့ကျင့်ခန်းလုပ်တဲ့ အခါကျ တော့---------------။ ပြင်ပလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ၅၆% သာလျှင်ခရင်မ်လိမ်းဖို့ သတိရကြပါတယ်။ ကျန်တဲ့ ၄၄%ကတော့ အရေပြား ကင်ဆာဖြစ်ဖို့ လမ်းစပါပဲ။

၂၀။ မိုဘိုင်းဖုန်းသုံးခြင်းနဲ့ ကင်ဆာ ဘာမှမဆိုင်

မိုဘိုင်းဖုန်းသုံးခြင်းနဲ့ ကင်ဆာဟာ ဘာမှမဆိုင်ပါဘူးဆိုတာ ကင်ဆာသုတေသနသိပ္ပံနဲ့ ဥရောပ ငါးနိုင်ငံတို့ပူးပေါင်းပြီး လူ၄၀၀၀ကျော် အပေါ် ပြုလုပ်တဲ့ သုတေသနကြောင့် သိရှိခဲ့ရပါတယ်။ (sky news.com)

နွေမိုးစက်

ဆက်လက်ဖတ်ရူ့ရန်

ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြသူ သေဆုံး
NEJ/
၂၃ ဧပြီ ၂၀၀၈

ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်၌
ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း၍ မီးရှို့ဆန္ဒပြခဲ့သူတဦး မီးလောင်ဒဏ်ရာ ဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူ၏ ပြောဆိုချက်ကိုကိုးကား၍ အေပီသတင်း၌ဖော်ပြ သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ကိုသော်ဇင်နိုင်သည် ခန္ဓာကိုယ်၏ (၆၀) ရာခိုင်နှုန်းကျော် မီးလောင် ကျွမ်းခံခဲ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံနေရာမှ ဧပြီ (၁၇) တွင် ကွယ်လွန်သွား ခြင်းဖြစ်သည်ဟု သိရသည်။

ကိုသော်ဇင်နိုင်သည် ဧရာဝတီတိုင်းအတွင်း နေထိုင်သူဖြစ်ပြီး မတ်လ (၂၁) ရက်၊ တပေါင်းလပြည့် နေ့ညက ဘုရားပေါ်၌ ကိုယ်ပေါ်ကို ဓာတ်ဆီလောင်းကာ ဖယောင်းတိုင်ဖြင့် မီးရှို့ခဲ့ကြောင်း မီးမရှို့မီ ၎င်းရင်ဆိုင် နေရသည့် စီးပွားရေးအကျပ်အတည်း ဒုက္ခများကို မကျေမနပ်ပြောကြားခဲ့ပြီး စစ်အစိုးရကျဆုံးပါစေဟု ဟစ်အော်ခဲ့ကြောင်း အေဂျင်စီသတင်းများတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသားတို့သည် စစ်အစိုးရအဆက်ဆက်ကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဆန္ဒပြလေ့ရှိသော် လည်း မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြသည့် ဖြစ်ရပ်သည် ရှားရှားပါးပါးဖြစ်သည်။

ဆက်လက်ဖတ်ရူ့ရန်


မြန်မာရဲ့သံဃာ (သို့) နှစ်ထောင့်ခုနှစ်(၂၀၀၇)ရဲ့ပဲ့တင်သံ

ဆယ်ခုနှစ် စက်တင်ဘာ

အရင်းတည်ခဲ့တဲ့နေ့ရက်မဟာ

ဖခင်ရင်းပမာတိုင်တည်ကာ

ရွှေတိဂုံခြေရင်း

ဝပ်ဆင်းခဲ့တဲ့သံဃာတော်

ဆွမ်းဒကာနဲ့သာသနာအတွက်နော်။

နေ့စဉ်ရက်ဆက်လို့

လမ်းပေါ်မှာဖိနပ်ဒဏ်အရာ

ပြည်သူတွေရဲ့အပြုံး

လက်ခုပ်သံတဗြုန်းဗြုန်းနဲ့

နေပူမှာသွေးဆူခဲ့သနော်။

နှစ်ဆယ့်လေးစက်တင်ဘာ

ဆရာဒကာလက်တွဲခဲ့တာ

မျိုးဆက်သစ်ကျောင်းသား

ပြည်ချစ်များနဲ့ဖွဲ့တည်

မိမြန်မာပြည်လွတ်လပ်ရေး

ခွေးစစ်များကို ခြောက်လှန့်ပေးသနော်။

စက်တင်ဘာနှစ်ဆယ့်ခြောက်

သံဃာစင်မှာ မှောက်ခဲ့တဲ့

ပြည်သူတို့ရဲ့မြင်ကွင်း

အရှေ့မုခ်လှေကားဆင်းမှာ

သွေးတွေမြေလူး

စစ်ဘီလူးရှုးခဲ့တယ်နော်။

ဒါပေမယ့်ဒို့သံဃာ

အညံ့မခံတဲ့သက်သေဟာ

ထောင်နံရံတစ်လျှောက်မှာ

အာခေါင်သံပေါက်ပေမယ့်

အာဏရှင်စစ်ရှုး

သူ့သေတွင်း သူတူးစေမယ်နော်။


အကောင်းဆုံးမြေသြဇာအဖွဲ့မှဘာသာပြန်ထားပါသည်။ အောက်မှာက အင်္ဂလို ဖတ်ရန်အတွက် တင်ထားပေး တာပါ၊




MYANMARMONK or THE ECHO OF 2007

The day 17 of September
shall be the foundation of a holy day
making a vow to BUDDHA as a father
at the foot of SHWE DA GONE
monks paying homage
to SASANA and humankind.

Day after day continuing,
although their slippers ruined
with blood of the wounds,
encouraged by the smiles of the people
and the sounds of the claps,
causing the blood boil in our body under sunshine.

The day 24 of September
joining hands with the people
and the generation of the students
cooperating with the country-lovers
for the FREEDOM of Myanmar
we frightened the military dogs.

The day 26 of September
the stage of monks was capsized
at the people’s sight
on the stairway of eastern platform,
blood came down to the ground…
military ogres were insane

But our myanmarmonk,
the proof of non-surrendering will be
on the walls of the jail,
though the voices come from our throats,
dictator and bloody military
must fall into the jaws of death by themselves.

written by ASHIN YEVATA

ဆက်လက်ဖတ်ရူ့ရန်

အကောင်းဆုံး မြေသြဇာ ၏ ထပ်မံလှုပ်ရှားမှု
အကောင်းဆုံးမြေသြဇာ၊ ရန်ကုန် UG၊ APR 17th 2008

မြန်မာနှစ်ဆန်းတရက်နေ့ နေ့လည် (၁)နာရီခန့်တွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သမိုင်းဝင် သာဓုကန်စေတီတော်မြတ်ကြီး၏ အနီး တောင်ညီနောင်ဘုရား ဝန်းကျင်တွင်

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ ဟုရေးထားသော အလံဖြူတချောင်းအား ဘုရားတာဝန်ရှိသူများ ဟုယူဆရသော သူများနှင့် လုံထိန်းများမှလိုက်လံ ဖြုတ်နေသည်။

ထို့နောက် နဂါးရုံဘုရားအနီးတွင်လည်း

ခံစားနေရတာက လူထုတရပ်လုံး စံစားနေရတာက စစ်ခွေးတစု
ဒီတော့ သူတို့လိမ်မယ့် ဆန္ဒခံယူပွဲကို နည်းမျိုးစုံနဲ့ ကန့်ကွက်ကြ ဟုရေးသားထားခြင်း၊

ကန့်ကွက်မဲပေး ဒို့သွေးကြွေး ဆိုသည့် လက်တ၀ါးစာ အရွယ်စာရွက်လေးများ လိုက်လံဝေငှကြဲချထားခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်အလိုမရှိ စာတမ်းများကပ်ခြင်း
ကန့်ကွက်မဲပေး ဒို့သွေးကြွေး စာရွက်များကပ်ခြင်း
လုပ်ငန်းစဉ်တလျှောက် တက္ကသိုလ်မှ မြေသြဇာ အဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ပါသည်။

လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံးမြေသြဇာ

ဆက်လက်ဖတ်ရူ့ရန်

ACTIVISTS CHALLENGE BURMESE JUNTA: RELEASE SUU KYI

Jakarta: A group of activists representing human rights organizations from East and Southeast Asia today renewed calls for the immediate release of Burmese democracy leader Aung San Suu Kyi. They also called on the Government of Indonesia to take a stronger stand on democracy and human rights in Burma.

Burma's democracy leader has been illegally detained for over 11 years and her detention order expires on May 27, 2007. The activists have challenged the junta to uphold their recent statement on Army Day that human rights abuses "do not exist in Burma" and release the Nobel Peace Laureate.

"The regime has previously promised to release her. Now they say there are no human rights violations in Burma. If that's the case, they should release Aung San Suu Kyi and all other political prisoners immediately." said Debbie Stothard, Coordinator of Altsean-Burma (the Alternative ASEAN Network on Burma). There are more than 1,100 prisoners of conscience living in deplorable conditions in Burma's notorious jails.

The activists from Burma, Indonesia, Malaysia, Philippines, Japan, South Korea, and Thailand who were at a Regional Team Meeting also condemned the regime's worst offensive in 10 years against the ethnic Karen. Over the past 16 months, the war has displaced 27,000 civilian Karen and weapons fire has spilled over into Thailand.

They urged Indonesia, their respective governments and the international community to stop the incarceration of Aung San Suu Kyi, and the raging offensive against unarmed civilians.

"The international community must be clear that they will not tolerate these serious human rights abuses any longer. Indonesia should use its position on the UN Security Council to push for change in Burma. We need this now. The people of Burma have been suffering too long," asserted Hseng Noung from the Women's League of Burma.

Yesterday, the activists attended a public forum on Burma on Indonesia's Foreign Policy and Democracy in Burma. The Forum, organized by the Civil Society Coalition on Burma (KMSUB) featured speakers from Burma as well as Indonesia Parliamentarian Andreas Pareira.

ဆက်လက်ဖတ်ရူ့ရန်

အမျိုးသမီးများ အမည်မသိ ရောဂါဆန်းအကြောင်းသိကောင်းစရာ

ဆက်လက်ဖတ်ရူ့ရန်

ရန်ကုန်မြို့လယ်ခေါင်တွင် ဗုံးပေါက်ကွဲ

21 April 2008

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုနှစ်ရပ်ကို ကြားကြရပေမဲ့၊ အသေအပျောက်ကိုတော့ ချက်ချင်းမသိကြရ သေးပါဘူး။ မြို့လယ်ခေါင်လမ်းပေါ်မှာ တနင်္ဂနွေနေ့က ပထမပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့ပြီး၊ ကားအောက်က ထွက်ပေါ်လာခဲ့တာ ဖြစ်ဟန်တူတယ်လို့ သက်သေတွေက ဆိုပါတယ်။ ရဲက အဲဒီနေရာတွေ ကို ပိတ်လိုက်တဲ့ အချိန်မှာ ရန်ကုန် မြို့လည်ခေါင် ဇိမ်ခံဟိုတယ်အနီးမှာ နောက်ပေါက်ကွဲမှုတစ်ရပ် ကြားရပြန်ပါတယ်။ ရန်ကုန်မြို့က ပုဂ္ဂိုလ်တစ်ဦးက အခုလို ပြောပြပါတယ်။

၉နာရီ ၁၅လောက်မှာ ဗုံးပေါက်တဲ့အသံ ရတယ်။ တော်တော် ကျယ်ကျယ်လောင်လောင် ကြားရတယ်။ ပထမတခါလဲ ပေါက်တယ်လို့ ပြောတယ်။ ၇နာရီကျော်ကျော်လောက်က ဒါပေမဲ့ အဲဒါကိုတော့ မကြားမိဘူး။ ဗုံးတွေ ပေါက်တယ်ဆိုတော့ လူတွေလည်း ထွက်ပြေးပေါ့။ စစ်ကားတစ်စီးလည်း မြို့ထဲဘက်ကို သွားတာ တွေ့လိုက်တယ်။

ဘာ က ပေါက်ကွဲစေသလဲ ဆိုတာ ချက်ချင်း မရှင်းလှသေးပါဘူး။ ၁၉၆၂ ကတည်းက စစ်တပ်အုပ်ချုပ်ခဲ့တဲ့ မြန်မာပြည်မှာ ဗုံး အသေးစား ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ် အပေါ် လူထုဆန္ဒခံယူပွဲ မလုပ်မီသုံးပတ်အကြာမှာ တနင်္ဂနွေနေ့က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ဖွဲ့စည်းပုံဟာ ပါတီစုံရွေးကောက်ပွဲ ကို ဦးတည်သွားလိမ့်မယ်လို့ စစ်အစိုးရက ဆိုပါတယ်။

အစိုးရ က ၀ါဒဖြန့်ချိရေး ကို အရှိန်မြှင့် ဆောင်ရွက်နေသလို၊ သူနဲ့ သဘောထား ကွဲသူတွေ ကိုလည်း ဆန္ဒခံယူပွဲ မတိုင်မီ မှာ နှိမ်နင်းနေတယ်လို့ အတိုက်အခံ က ပြောပါတယ်။

ဆက်လက်ဖတ်ရူ့ရန်

နာမည်ကျော် ဟစ်ဟော့ အဆိုတော် ရန်ရန်ချန်းကို မြန်မာအာဏာပိုင်များ ဖမ်းဆီး

18 April 2008

မြန်မာစစ်အစိုးရအာဏာပိုင်တွေက အဖမ်းအဆီးတွေ ဆက်တိုက်ဆိုသလိုရှိနေရာမှာ အခုနောက်ဆုံး နာမည် ကျော် ဟစ်ဟော့အဖွဲ့တခုဖြစ်တဲ့ အက်ဆစ်အဖွဲ့က ရန်ရန်ချမ်း ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အခုလို လူငယ်တွေကြား ရေပမ်းစားတဲ့ လူငယ်အနုပညာရှင်တွေ ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက အစီရင်ခံထားပါတယ်။

နာမည်ကျော် ဟစ်ဟော့ ဂီတ၀ိုင်းတခုဖြစ်တဲ့ အဖွဲ့က အဆိုတော် ရန်ရန်ချမ်းကို အာဏာပိုင်တွေက မနေ့က ဖမ်းဆီးသွားခဲ့တာပါ။ ဘာအကြောင်းကြောင့် ဖမ်းဆီးခံခဲ့ရတယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် သူ့အရင် အက်ဆစ်ဝိုင်းတော်သား နောက်တဦးလည်းဖြစ် တက်ကြွလှုပ်ရှားသူ Generation Wave မျိုးဆက်သစ် လူငယ်အစည်းအရုံးက ဦးဆောင်သူတဦးဖြစ်တဲ့ ဇေယျာသော် ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့အပြီး နောက်ဆက်တွဲ ထိန်းသိမ်းခံတာ ဖြစ်နိုင်တယ်လို့တော့ ရင်းနှီးသူ မိတ်ဆွေတွေက တွက်ဆနေကြတာပါ။

ကျနော်တို့ ရန်ရန်ချန်း နဲ့ပတ်သက်လို့ပေါ့ မနေ့က ကြာသပတေးနေ့ပေါ့။ မနေ့ကတုန်းက စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သူနဲ့ သူ့ကောင်မလေးနဲ့ကို ထောက်လှန်းရေးက ဖမ်းသွားတယ်လို့ ကြားပါတယ်ခင်ဗျ။ ဘာအကြောင်းကြောင့်လဲလို့တော့ ကျနော်တို့ အတိအကျ မသိရသေးပါဘူး ခင်ဗျ။ စုံစမ်းတော့ စုံစမ်းနေတုန်းပါပဲ။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတာကတော့ အရင်လတုန်းကလည်း ကျနော်တို့ ဒီ ဇေယျာသော်ပေါ့နော်။ သူတို့ အက်စစ်အဖွဲ့ထဲက ဇေယျာသော်က ကျနော်တို့ Generation Wave အဖွဲ့ထဲမှာ ပါဝင်တဲ့ ခေါင်းဆောင်တစ်ယောက် အဖြစ်နဲ့ပါဝင်နေတော့ သူ့ကို ဖမ်းသွားတာနဲ့ ပတ်သက်ပြီး စစ်မေးစရာတွေ ရှိလို့မြန်း ဖမ်းလားလို့တော့ ဖြစ်နိုင်ချေ ရှိပါတယ်။ ကျနော်တို့ Generation Wave နဲ့တော့ ပတ်သက်မှု မရှိဘူး။ ဒါပေမယ့် ဇေယျာသော်နဲ့က တဖွဲ့တည်း ဖြစ်နေတယ်လေ။ ပြီးတော့ သူတို့ ငယ်သူငယ်ချင်းတွေလည်း ဖြစ်ကြတဲ့အခါကြတော့ အဲဒါတွေနဲ့ကြည့်ပြီးတေ့ ဖမ်းတယ်လို့ ထင်ပါတယ်ခင်ဗျ။ ရန်ရန်ချန်းနဲ့ ဇေယျာသော်နဲ့က ငယ်ငယ်တုန်းက ကျောင်းအတူတူ တက်ကြတယ်ပေါ့။ သူတို့ ၂၀၀၀ခုနှစ် ၀န်းကျင်လောက်မှာ အနဂ္ဂရယ်၊ ထက်ထက်မိုးဦးနဲ့ အိမ်ထောင်ကျသွားတဲ့ အနဂ္ဂရယ်၊ ရန်ရန်ချန်းရယ်၊ ဇေယျာသော်ရယ်၊ တခြားတယောက်ရယ် လေးယောက်က သူတို့ မြန်မာပြည်မှာ ဟစ်ဟော့ တေးဂီတ ပထမဦးဆုံးအဖွဲ့ အနေနဲ့ သူတို့ ပေါ်လာတာခင်ဗျ။ သူတို့ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ သူတို့ အက်ဆစ် အဖွဲ့ ဆိုပြီးတော့မှ စတင်ခြင်းဆိုတဲ့ အခွေနဲ့ ဟစ်ဟော့ ဂီတလိုင်းထဲကို လိုင်းသစ်ဖောက်ပြီး ၀င်လာ ကြတာပါခင်ဗျ။ လက်ရှိ အချိန်မှာတော့ ဇေယျာသော်နဲ့ ရန်ရန်ချန်းနဲ့ နှစ်ယောက် အက်ဆစ်ကို ဆက်ပြီးတော့မှ ရပ်တည်နေကြတာပါခင်ဗျ။

နံမည်ကျော် ဟစ်ဟော့ အဆိုတော့ ရန်ရန်ချန်း ဖမ်းဆီးခံသွားရတဲ့အကြောင်း Generation Wave မျိုးဆက်သစ် လူငယ်အစည်းအရုံးက ကိုမိုးသွေးပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနာမည်ကျော် ဟစ်ဟော့လူငယ်အဆိုတော် တွေ ဖမ်းဆီးခံခဲ့ရတဲ့အပေါ် သူ့တို့ရဲ့ ဂီတအပေါ်နှစ်သက်မြတ်နိုးသူ တွေကတော့ ဆုံးရှုံးမှုတရပ်အဖြစ် သဘော ထားကြတာပါ။

ရန်ရန်ချန်း သီချင်းထဲမှာ လိုက်ကြည့်ဆိုတဲ့ အခွေကို ကျမ တော်တော်ကြိုက်ပါတယ်။ သူက ဟစ်ဟော့ အကြောင်း ရဲရဲဝံ့ဝံ့ နဲ့ မြန်မာပြည်မှာ ဟစ်ဟော့ဆိုတာ သူတို့အဖွဲ့က စတင်တာပါ။ ခန့်မှန်းမယ် ဆိုရင်တော့ ၁၉၉၉၊ ၂၀၀၀ လောက်မှာ စပြီးတော့ သူတို့က ဒီဟစ်ဟော့သီချင်းတွေကို မြန်မာပြည်မှာ သူတို့က စပြီးတော့ ရဲရဲဝံ့ဝံ့နဲ့ ဟစ်ဟော့ဂီတကို ဦးဆောင်တဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီလိုမျိုး ဟစ်ဟော့အဖွဲ့တွေ လူငယ်အဖွဲ့တွေအနေနဲ့ အဖမ်းခံရတာနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ပါတယ်။ ဟိုတလောကဆို ဟစ်ဟော့အဖွဲ့က ကိုဇေယျာသော် ပါသွားပါတယ်။ အဲဒီအတွက် နောင်လာမယ့် ဟစ်ဟော့ သမားတွေအနေနဲ့ မြန်မာပြည်မှာ ဆက်ပြီးတော့ သူတို့ရဲရဲဝံ့ဝံ့ သီချင်းဆိုနိုင်ပါ့မလား၊ အနုပညာရှင်ကို ဆက်ပြီးတော့ အခုလိုမျိုး ဖမ်းဆီးမယ်ဆိုလို့ရှိရင် နောက်လာမယ့် မျိုးဆက်တွေ အနုပညာရှင် တွေ ဘယ်လိုများ ဆက်လက် ရပ်တည်သွားနိုင်မလဲဆိုတာ့ အများကြီး စိုးရိမ်ကြပါတယ်။

အက်ဆစ်တေးဂီတ အဖွဲ့ကို နှစ်ချိုက်သူ လူငယ်ပရိတ်သတ် တဦးပါ။ ဒီလို လူငယ်အနုပညာရှင်တွေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေကို အာဏာပိုင်တွေက ဖမ်းဆီးမှုတွေ ရှိနေတဲ့အပေါ် Generation Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးက ကိုမိုးသွေး ကတော့ အခုလို မြင်ပါတယ်။

လူငယ်တွေထဲမှာ အနုပညာရှင်တွေထဲမှာလည်း တချို့ မိမိတို့ အနုပညာနဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ရော၊ နိုင်ငံရဲ့ ဒီမိုကရေစီ အခွင့်အရေးနဲ့ ပတ်သက်လို့ရော တက်ကြွလှုပ်ရှားတာတွေက ဒါတွေဟာ တကယ်တမ်း နိုင်ငံတကာ ဥပဒေတွေနဲ့ ကြည့်လို့ရှိရင် လုပ်ပိုင်ခွင့် ရှိပါတယ်။ လူ့အခွင့်အရေး အရဆိုလို့ရှိရင်။ ဒါတွေကို သူတို့က မတရား စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ဆင်ပြီးတော့ ဖမ်းနေတာက ပြောရရင် နိုင်ငံရဲ့ အနုပညာရှင် ကြယ်ပွင့်တွေကို သက်သက်မဲ့ အညွှန့်ချိုးနေတယ်လို့ ကျနော်တို့ ဆိုလိုချင်ပါတယ်ခင်ဗျ။

နာမည်ကျော် လူငယ် ဟစ်ဟော့ဂီတ ၀ိုင်းတော်သား ရန်ရန်ချမ်း ဖမ်းဆီးခံခဲ့ရတဲ့အပေါ် Generation Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးက ကိုမိုးသွေး က သူ့ရဲ့ အမြင်ကို ပြောပြခဲ့တာပါ။ ရန်ရန်ချမ်း အရင် ပြီးခဲ့တဲ့ လကတည်းက ဖမ်းဆီးခံနေရတဲ့ အက်ဆစ်ဝိုင်းတော်သား နောက်တဦး ဖြစ်တဲ့ ဇေယျာသော် လွတ်မြောက်ရေး လှုံ့ဆော်လှုပ်ရှားမှုတွေကိုတော့ သူ့ကို ချစ်ခင်ရင်းနှီးသူတွေက အင်တာနက်ဘလော့ဂ်စာမျက်နှာ တခုဖွင့် လှစ်ပြီး စတင် လုပ်ဆောင်တာတွေလည်း ရှိနေပါပြီ။

ဆက်လက်ဖတ်ရူ့ရန်

ဘာကြောင့် အိပ်ဖို့ လိုအပ်တာလဲ

အိပ်စက်ခြင်းသည် သက်ရှိများအတွက် ပုံမှန်လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ လူသားတိုင်း သည်ခန့်မှန်းခြေအားဖြင့် ဘဝ၏သုံးပုံတစ်ပုံကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးကြသည်။ ကလေး ငယ်များနှင့်လူငယ်များသည် အိပ်စက်မှုကို လူကြီးများ၊ သက်ကြီးရွယ်အိုများထက် ပိုမိုပြု လုပ်ကြသည်။ အိပ်စက်ခြင်း၊ နိုးထခြင်း သံသရာသည်ကိုယ်တွင်းပိုင်း ဇီဝနာရီကထိန်းချုပ် ပြီး၊၎င်းသည်နေ့၊ ညသံသရာနှင့်တစ်ချိန်တည်း ဖြစ်ပေါ်သည်။ အိပ်စက်ခြင်းသည် ခန္ဓာကိုယ် ကို အားအင်ပြည့်စေပြီး၊ ညပိုင်းတွင်နှစ်ခြိုက်စွာအိပ်ပျော်ပါက လန်းဆန်းမှုကိုပေး စွမ်းသည်။ သို့သော် အိပ်စက်မှုကိုမပြုဘဲနေပါက အာရုံစုစည်းနိုင် မှုနည်းပါးခြင်း၊ စိတ်မကြည်မလင် ဖြစ်ခြင်းနှင့် စိတ်အာရုံခြောက်ချားခြင်းတို့ဖြစ်ပေါ်သည်။ အိပ်စက်ခြင်းသည် ကြွက်သားများ အတွက် အားအင်စုစည်းပေးပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးကို အနားပေးအပန်းပြေစေပြီး နောက်တစ်နေ့အတွက် ခန္ဓာကိုယ် ဖျတ်လတ်တက်ကြွအောင်ပြုလုပ်ပေးသည်။ (၂ဝဝ၈ခုနှစ်မတ်လ ၂၇ ရက် နေ့ထုတ်7Day Newsဂျာနယ်တွင် ဖော်ပြထားပါသည်။)

ဆက်လက်ဖတ်ရူ့ရန်


ကြွေ

ကြယ်စင်တွေ တစ်ဖြုတ်ဖြုတ်ကြွေ
ပကတိကောင်းကင်မှာမှောင်မည်းလို့
အလင်းကို ဘယ်မှာရှာရပါ့...။ ။
ရန်ကုန်မြေမှာ ကြွေလေတဲ့ကြယ်
အနုပညာကောင်းကင်ကြီး
မှောင်မည်းသွားသလိုပဲ...။ ။
တို့ရှမ်းပြည်အတွက် လှတဲ့ကြယ်
မကြာခင်က ကြွေပြန်သတဲ့...။ ။
ရွှေမန်းမြေမှာ ကြယ်ကြွေပြန်ပြီ
နှစ်ပေါင်း ကိုးဆယ်ကျော်
ထွန်းလင်းလာတဲ့ကြယ်...။ ။
သူ့အလင်းမှာ အသိတွေ ရှိတယ်
သူ့အလင်းမှာ ရှေ့ပြေးတွေ ရှိတယ်
သူ့အလင်းမှာ ပြည်သူတွေ ရှိတယ်
သို့ပေမယ့် ကြွေသွားပြန်လေပြီ...။ ။
ဒို့အမိကောင်းကင်
မြန်မာ့ကောင်းကင်မှာ
ပုန်းခိုတဲ့ကြယ်
ပျောက်ကွယ်တဲ့ကြယ်
ကြွေလွင့်သွားတဲ့ကြယ်တွေ များနေပါရော့လား...။ ။

ဒီကဗျာကို အဝေးက အကိုတစ်ယောက်က ပို့ပေးတာပါ။ ရည်ရွယ်ချက်ကတော့ ကွယ်လွန်သွားတဲ့ ပြည်သူ လူထုချစ်ခင်လေးစားရတဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ် အမာအတွက် ဖြစ်ပါတယ်။ သူလည်းပဲအဖွားမာ သေးဆုံးသွားသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်တဲ့။ ဆက်လက်ဖတ်ရူ့ရန်
 

Design in CSS by TemplateWorld and sponsored by SmashingMagazine
Blogger Template created by Deluxe Templates